RSသက်တမ်း7နှစ်ထိရှိပြီးကာမှရပ်တန့်ဖို့ ဆုံးဖြတ်လိုက်လို့ပါ
သက်တမ်းတလျောက်လုံး နှစ်ယောက်လုံးသစ်စာမဖောက်ခဲ့ကြပါဘူး
ဘာလို့ရပ်တန့်ခဲ့ရလဲဆိုရင် သူ့ဘက်ကအရမ်းအေးစက်လာလို့ပါ
သူနဲ့ကျမကLDRSပါ ဖုန်းဆက်ရင်လဲပြောတောင်မပြောရသေးဘူး ဖုန်းချဖိူ့လုပ်တယ်
ယူဖို့ပြောလဲ ခုချိန်မှာယူရင်နင်ရောငါရော ဒုက္ခ ရောက်မှာနင်ခံနိုင်လို့လားဆိုပြီးဒေါသထွက်ပြီးပြောပါတယ်
ကျမအနေနဲ့သူနဲ့စတွေ့တုန်းကငယ်ရွယ်တဲ့အချိန်ဆိုတော့ငယ်ဂုဏ်လေးနဲ့ချစ်စရာကောင်းတဲ့အချိန်ပေါ့
ခုချိန်မှာအသက်၃၀ဆိုတော့ရုပ်ရင့်ပြီးစိတ်ဆင်းရဲစရာတွေ စီးပွားရေးအဆင်မပြေတာတွေရှိတော့ လှလဲမလှပတော့သလို ကိုယ့်ကိုကိုယ်လဲယုံကြည်မှုမရှိတော့ပါဘူး
သူနဲ့ကျမရဲ့ Relationship ကိုရပ်တန့်ဖို့ကျမပဲစပြောခဲ့တာပါ
စပြောတုန်းကသူ့ဘက်အေးဆေးနေပြသနာတွေငါမတတ်ချင်ဘူးပြောခဲ့ပါတယ်
နှစ်ယောက်ရန်တွေဖြစ်ခဲ့ပြီး ကျမကရစ်လွန်းတယ်ဆိုပြီးblockသွားပါတယ်
fbမှာတော့မblockပါဘူး fbမှာစကားသွားပြောတော့ နင့်ဟာနင်အေးဆေးနေတဲ့ခုနှစ်ထဲနင့်ကိုလာတောင်းပေးမယ်တဲ့ပြောပီးဘာမှဆက်မပြောတော့ပါဘူး
ရန်ဖြစ်တုန်းကလဲပြောပါတယ် မိန်းမတွေကိုကြောက်တယ်တဲ့
ငါ့ခေါင်းထဲမှာဘာမှမရှိတော့ဘူးတဲ့လေ အဲစကားတွေကိုကျမအနာဆုံးပဲ ကျမခုချိန်ထိသူ့ဆီကတန်ဖိုးကြီးပစည်းတခုမှမယူဖူးခဲ့သလို ပူလဲမပူဆာဖူးပါဘူး
ကျမဘက်ကရစ်တာတော့တော်တော်ရစ်ပါတယ် အဲဒါကိုပဲစိတ်ကုန်သွားတာလားမသိဘူး
ကျမခုအဓိကပြောချင်တာက ကျမဘက်ကလဲစဆက်သွယ်ဖို့ မလုပ်တော့ပါဘူး
သူ့ဘက်ကလာတောင်းခဲ့မယ်ဆိုရင်တောင်လက်မခံချင်တော့ပါဘူး
စိတ်နာခဲ့ရတာတွေအများကြီးရှိလို့ပါ သူခုလိုအခြေနေမရောက်ခင်ကတည်းက ကျမကဘာမှမမက်မောပဲ သူ့အနားမှာနေခဲ့တာပါ
ခုသူအလုပ်လေးအတည်တကျရှိနေပါပီ ဒါပေမဲ့ကျမသူအလုပ်အတည်တကျရှိလို့သူ့အနားမှာဆက်နေနေတာမဟုတ်ပါဘူး
အချစ်တစ်ခုထဲအတွက်ပါ နောက်ဆုံးဖုန်းဆက်တော့သူကပြောသေးတယ်
နင်ကငါ့ကိုအားကို့ရမယ်ဆိုပြီးငါ့အနားမှာနေနေတယ်ဆိုတာငါမသိဘူးထင်နေလားတဲ့
ရင်နာရပါတယ်ရှင် သူနဲ့စကြိုက်တုန်းက2နှစ်လောက်တမြို့ထဲပါ ချိန်းတွေ့ပြီဆိုရင်သူအဆင်မပြေမှန်းသိလို့ဘအအေးဆိုင်တောင်ကျမ မချိန်းပါဘူး
သူတွေ့ချင်တယ်ဆိုရင် ဘုရားတို့ပန်းခြံတို့လောက်ပဲကျမသွားမယ်ပြောခဲ့တာပါ
အဲချိန်တုန်းကသူပြောခဲ့တာက သူကံကောင်းတယ်တဲ့လေ အဓိကပြောချင်တာတွေမရောက်တော့ဘူးနော်
အဓိကပြောချင်တာကသူ့ကိုမေ့ပစ်ဖို့ကျမဆုံးဖြတ်လိုက်ပါပီ မေ့နိုင်အောင်ဘယ်လိုလူပ်ရမလဲရှင်
သူကျမတန်ဖိုးသိရအောင်ဘာလုပ်ရမလဲ ဂလဲ့စားလဲချေချင်တယ် သူကိုနောင်တရစေချင်လို့ ကျမကိုအကြံဉာဏ်လေးများပေးပါရှင်
ခုကနေ့တိုင်းငိုနေရတယ် အိပ်လို့လဲမပျော် ဘယ်သူနဲ့မှလဲစကားမပြောချင် သူငယ်ချင်းတွေကိုလဲရင်မဖွင်ချင်ဘူး
ကဲ့ရဲ့မှာစိုးလို့ပါ သူတို့က ကျမတို့နှစ်ယောက်ကိုတမျိုးတွေထင်ထားကြတယ်
ချစ်သူသက်တမ်း7နှစ်ဆိုတော့ဘာဘာညာညာပေါ့ သူ့ဘက်ကအဲလိူဖြစ်ချင်တယ်ပြောပြခဲ့ဖူးပါတယ်
ကျမဘက်ကလုံးဝမလိုက်လျောခဲ့ပါဘူး သူ့ဘက်ကလဲအတင်းကျပ်တော့ထပ်မတောင်းဆိုပါဘူး
ကျမမကြိုက်ရင်သူဘာမှမလုပ်ဘူးလို့တွေ့တိုင်းပြောပါတယ် ဖုန်းထဲမှာတော့အရင်ကစကားမှားဖူးပါတယ်
အဲကိစနဲ့ပတ်သက်ပြီး ဒါပေမဲ့တွေ့တဲ့ချိန်တော့အတင်းကျပ်မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့သူငယ်ချင်းတွေကအဲလိူမထင်ပါဘူး သူတို့စကားအသွားလာတွေကြည့်ရင်သိနိုင်ပါတယ်
ခုကျမဘာဆက်လုပ်သင့်လဲ သူ့ကိုမေ့လို့ရအောင် သူနောင်တရအောင်ဘာလုပ်ရမလဲဟင်
အကြံဉာဏ်လေးပေးကြပါအောင်နော် တစ်ကယ်အဆင်မပြေလို့ပါ
စာရှည်သွားတာတောင်းပန်ပါတယ် အမှားတွေကိုလဲဖည့်ဖတ်ပေးပါရှင်
အခမဲ့တင်ပေးတဲ့မင်မင်တို့pageကိုလဲကျေးဇူးတင်ပါတယ်ရှင်🙏🏻🙏🏻🙏🏻
သူနဲ့ကျမကLDRSပါ ဖုန်းဆက်ရင်လဲပြောတောင်မပြောရသေးဘူး ဖုန်းချဖို့လုပ်တယ်
ချစ်သူသက်တမ်း7နှစ်ဆိုတော့ဘာဘာညာညာပေါ့ သူ့ဘက်ကအဲလိုဖြစ်ချင်တယ်ပြောပြခဲ့ဖူးပါတယ်
ဒါပေမဲ့သူငယ်ချင်းတွေကအဲလိုမထင်ပါဘူး သူတို့စကားအသွားလာတွေကြည့်ရင်သိနိုင်ပါတယ်