ညီမ ရင်ဖွင့်ရင်း အကြံဉာဏ်လေး တောင်းချင်တာပါ
ညီမသူနဲ့တွဲတာ 5နှစ်ပြည့်တော့မှာပါ
တွဲခါစ တစ်နှစ်လောက်ကဆို သဝန်အရမ်းတိုပြီး ဘယ်မှမသွားရမလာရ အရမ်းချုပ်ချယ်ခဲ့တာပါ
ညီမလဲ ချစ်တဲ့စိတ်ကြောင့် ချုပ်ချယ်သမျှသဝန်တိုသမျှကို လက်ခံပေးခဲ့မိပါတယ်
ညီမဘက်ကအားလုံးနားလည်ပေးပါတယ် အလိမ်ခံရတာကိုလဲသေလောက်အောင်မုန်းပါတယ်
သူငယ်ချင်းတွေနဲ့အပြင်သွားလဲ
ညီမကို အကျိုးအကြောင်းလေးပြောသွားပါ
တစ်ခါတစ်လေ သူငယ်ချင်းတွေဆုံလို့.သောက်မယ်ဆိုလဲ အမှန်တိုင်းသာပြော ညီမအားလုံးနားလည်ပေးပါ့မယ်ဆိုတာတောင် ညီမကို အမြဲလိမ်ပါတယ်
ညီမသိတဲ့အခါကျ ခွင့်ပြုထားတာတောင် ဘာလို့လိမ်လဲပြောရင်
ယောကျာ်းလေးဘဲအဲ့လောက်သွားတာဘာဖြစ်လဲဆိုပြီးပြောပါတယ်
ညီမလေးက စိတ်မကောင်းလို့ ငိုယိုပြီးပြောရင်တောင် ဖုန်းကိုစက်ပိတ်ပြီး အိပ်တာပါ
သူစိတ်ကောင်းတဲ့အချိန်မှ နောက်မလုပ်ပါဘူးဆိုတာနဲ့ ပိုချစ်တဲ့ညီမကဘဲ ပြန်စိတ်ပြေခဲ့တာပါ
ခုပြသနာက ညီမ profession အရ
ညီမတို့သင်တန်းမှာ တစ်ခါတစ်လေ အုပ်စုလိုက်စာလုပ်ရတဲ့အခါတွေရှိပါတယ်
ညီမ သူ့ကိုမလိမ်ဘဲ အမှန်တ်ိုင်းပြောပြပါတယ်
ညီမအဲ့လိုလုပ်ရတဲ့အခါတွေတောင် သူစိတ်ဆိုးမှာကြောက်တဲ့စိတ်နဲ့ ညီမနေလို့ရသလို မလုပ်ဘဲနေပါတယ်
တိုင်ပင်စရာရှိရင်တောင် ကြားကမိန်းခလေးတစ်ယောက်နဲ့ဘဲ အချိတ်အဆက်လုပ်ပါတယ်
ညီမအဲ့လိုတွေလုပ်နေတာတောင်
သူ့ကိုပြောပြတော့ သူကစိတ်ဆ်ိုးပါတယ်
စိတ်ဆိုးတိုင်း ညီမဖုန်းဆက်ရင်မကိုင်တော့ပါဘူး
ကိုင်လဲ ဘာအကျိုးအကြောင်းမှကို မပြောဘဲ မအားဘူး
အားရင်ပြန်ဆက်မယ်ဆ်ိုပြီး ပြောချင်ရာပြောပြီး ဖုန်းစက်ပိတ်သွားတတ်တာပါ
ညီမအရင်က ယောကျာ်းလေးသူငယ်ချင်းရှိပေမဲ့ သူနဲ့ ကြိုက်ပီးကတည်းကယောကျာ်းလေးသူငယ်ချင်းမရှိတော့တာပါ
အသက်တွေလဲ.ကြီးလာပြီးမို့ သူလဲသူ့အလုပ်သူလုပ် ညီမလဲ ညီမအလုပ်လုပ်
တိုင်တိုင်ပင်ပင်နဲ့ အေးအေးလေး ဖြတ်သန်းချင်တာပါ
သူကနေရာတကာ ချုပ်ချယ် သဝန်တို
ခုလိုကိစ္စတွေပါနားမလည်ပေး
ပြသနာဖြစ်တိုင်း အေးအေးဆေးဆေးမဖြရှင်းဘဲ ခုလိုခနခနဖြစ်နေတော့
မွန်းကြပ်ပြီးစိတ်ဓာတ်တွေကျနေလို့ပါ
ညီမ သူ့ကိုမလိမ်ဘဲ အမှန်တိုင်းပြောပြပါတယ်
သူ့ကိုပြောပြတော့ သူကစိတ်ဆိုးပါတယ်
အားရင်ပြန်ဆက်မယ်ဆိုပြီး ပြောချင်ရာပြောပြီး ဖုန်းစက်ပိတ်သွားတတ်တာပါ