မထမဆုံးရေးဖူးတာမလို့ အမှားပါရင် ထောက်ပြပေးနိုင်ပါတယ်ရှင်
ညီမက နယ်မတူတဲ့ အမျိုးသားနဲ့ အိမ်ထောင်ကျပီး အမျိုးသားဘက်မှာလိုက်နေရတာပါ
အမျိုးသားက ညီမနဲ့ရပီးမှ အလုပ်ကို ပထမဆုံးလုပ်တာပါ အမျိုးသားက တစ်ဦးတည်းသော သားမြေးပါ
သူ့မိဘက ရန်ကုန်မာနေတာမလို့ ညီမက သူနေတဲ့သူ့အဘွားနဲ့နေရပါတယ်
သူ့အဘွားအိမ်ကချမ်းသာပါတယ်
ညီမကလေးမွေးတော့ စုထားဆောင်းထားတာနဲ့မလောက်လို့ အဘွားကမွေးပေးတာပါ
မွေးတာကတော့ အစိုးရဆေးရုံမှာပါ ရက်ချိန်းကခဏတိုင်းပြရတော့ ခရီးစရိတ်တင် ၄သိန်းလောက်ကုန်ပါတယ် နယ်ကနေဆိုတော့ကားငှားသွားရလို့ပါ
ပြောချင်တာက သူ့အဘွားအကြောင်းပါ
အဘွားက သူ့သားသမီးမှ သူ့မြေးမှ မိသားစုထင်တာပါ
ညီမမှာအိမ်အလုပ်မှန်သမျှလဲအကုန်လုပ်ပါတယ် ဦးလေးလူပျိုကြီးနှစ်ယောက်ရှိပါတယ်
တစ်အိမ်လုံးအဝတ်အစာ မှန်သမျှ ညီမပဲ အကုန်လျော်ပေးပါတယ်
ညီမ ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး ညီမက မိသားစုဝင်လိုအဆက်ဆံမခံရပါဘူး
အခိုင်းအစေလိုပါပဲ အစားအသောက်ကအစပါ
တစ်အိမ်လုံးမနက်စာကို ကောင်းကောင်းစားရပေမယ့် ညီမကိုပဲ ထမင်းကြမ်းနဲ့ ခရမ်းချဥ်သီးထောင်း မဟုတ်ရင်
ဟင်းကျန်လေးနဲ့ စားရပါတယ် နေ့လည်စာဆိုလဲ အိမ်မှာအမဲသားချက်တာများပါတယ် ညီမက အမဲသားမစားပါဘူး
ဒါပေမယ့် ညီမအတွက် ကြက်ဥတစ်လုံးကြော်မစားခိုင်းပါဘူး
ဟင်းရည်ကတော့ အိမ်မှာအမြဲချက်ပါတယ်
ဟင်းရည်နဲ့တွဲပီး ငပိထောင်းခရမ်းချဥ်သီးထောင်း ငရုပ်သီးထောင်းနဲ့ပဲ စားရပါတယ်
အခြားဟင်းချက်တဲ့နေ့တော့ ကျွေးပါတယ် အသားဆိုလဲ တစ်တုံး ကြက်ဥဆိုလဲ တစ်ခြမ်းပါပဲ
အကုန်သည်းခံနိုင်ပေမယ့် ဘယ်သူ့ကြောင့်စိတ်တိုပါစေ ညီမပဲအပြောခံရပါတယ်
ညီမပဲအငေါက်ခံရပါတယ် ဘယ်လောက်လုပ်ပေးပေးမကြည်ပါဘူး
အဘွားအိမ်မှာနေတယ်ဆိုပေမယ့်အလကားမနေရပါဘူးတစ်လ တစ်သိန်းပေးရပါတယ်
အိမ်အလုပ်မှန်သမျှကိုယ်ပဲလုပ်ပါတယ် ဒါပေမယ့်လဲ ကိုယ့်အပေါ်အမြင်မကြည်ဘူးဖြစ်နေတယ်
ယောကျ်ားကတော့ စိတ်ဆင်းရဲရရင်အိမ်ခွဲနေရအောင်ဆိုပီးပြောလို့ သူကတစ်ခါအိမ်ခွဲနေမယ်ဆိုပီးသူ့အဘွားကိုပြောဖူးပါတယ်
သူ့အဘွားက သွေးတက်ပီးမူးလဲသွားပါတယ် သူ့မြေးကသူ့အိမ်မနေတော့ဘူးဆိုလို့ပါ
သူ့မြေးကိုလဲ သူမခွဲနိုင်ပဲ ကိုယ်လဲ မကောင်းတဲ့လူမဟုတ်တာကို ကိုယ့်အပေါ်ဘာကြောင့်များပြန်မကောင်းပေးနိုင်ရတာလဲ
သူကော မအိုမနာတော့ဘူးလား သူ့ကိုပြုစုမယ့် တစ်ဦးတည်းသောမိန်းကလေးကို သူဘာကြောင့်များ မကောင်းပေးနိုင်ရတာလဲ
ညီမကိုဆိုအမြဲနှိမ်ပါတယ် ရခါစကဆိုရင် ညီမမှာ အဘွားမရှိတော့လို့ သူ့အပေါ်အဘွားအရင်းလိုပဲ ထမိန်ကအစ လျော်ပေးပါတယ်
ဆီးအိုးကအစသွန်ပေးပါတယ်
ညီမဘာတွေ ထပ်ပီးကောင်းပေးရမလဲ အကြံပေးပါရှင်
အိမ်ခွဲနေဖို့ကလဲ သူက အမျိုးမျိုးဖြစ်ပြနေတော့ ခွဲဖို့မဖြစ်နိုင်လို့ပါရှင် 🙏🙏
အခမဲ့တင်ပေးပါနော်
အားလုံးရဲ့အကြံကို ညီမ လိုက်လုပ်ကြည့်ပါမာ်
မထမဆုံးေရးဖူးတာမလို႔ အမွားပါရင္ ေထာက္ျပေပးႏိုင္ပါတယ္ရွင္
ညီမက နယ္မတူတဲ့ အမ်ိဳးသားနဲ႔ အိမ္ေထာင္က်ပီး အမ်ိဳးသားဘက္မွာလိုက္ေနရတာပါ
အမ်ိဳးသားက ညီမနဲ႔ရပီးမွ အလုပ္ကို ပထမဆုံးလုပ္တာပါ အမ်ိဳးသားက တစ္ဦးတည္းေသာ သားေျမးပါ
သူ႔မိဘက ရန္ကုန္မာေနတာမလို႔ ညီမက သူေနတဲ့သူ႔အဘြားနဲ႔ေနရပါတယ္
သူ႔အဘြားအိမ္ကခ်မ္းသာပါတယ္
ညီမကေလးေမြးေတာ့ စုထားေဆာင္းထားတာနဲ႔မေလာက္လို႔ အဘြားကေမြးေပးတာပါ
ေမြးတာကေတာ့ အစိုးရေဆး႐ုံမွာပါ ရက္ခ်ိန္းကခဏတိုင္းျပရေတာ့ ခရီးစရိတ္တင္ ၄သိန္းေလာက္ကုန္ပါတယ္ နယ္ကေနဆိုေတာ့ကားငွားသြားရလို႔ပါ
ေျပာခ်င္တာက သူ႔အဘြားအေၾကာင္းပါ
အဘြားက သူ႔သားသမီးမွ သူ႔ေျမးမွ မိသားစုထင္တာပါ
ညီမမွာအိမ္အလုပ္မွန္သမွ်လဲအကုန္လုပ္ပါတယ္ ဦးေလးလူပ်ိဳႀကီးႏွစ္ေယာက္ရွိပါတယ္
တစ္အိမ္လုံးအဝတ္အစာ မွန္သမွ် ညီမပဲ အကုန္ေလ်ာ္ေပးပါတယ္
ညီမ ဘယ္ေလာက္ပဲ လုပ္ေပးလုပ္ေပး ညီမက မိသားစုဝင္လိုအဆက္ဆံမခံရပါဘူး
အခိုင္းအေစလိုပါပဲ အစားအေသာက္ကအစပါ
တစ္အိမ္လုံးမနက္စာကို ေကာင္းေကာင္းစားရေပမယ့္ ညီမကိုပဲ ထမင္းၾကမ္းနဲ႔ ခရမ္းခ်ဥ္သီးေထာင္း မဟုတ္ရင္
ဟင္းက်န္ေလးနဲ႔ စားရပါတယ္ ေန႔လည္စာဆိုလဲ အိမ္မွာအမဲသားခ်က္တာမ်ားပါတယ္ ညီမက အမဲသားမစားပါဘူး
ဒါေပမယ့္ ညီမအတြက္ ၾကက္ဥတစ္လုံးေၾကာ္မစားခိုင္းပါဘူး
ဟင္းရည္ကေတာ့ အိမ္မွာအၿမဲခ်က္ပါတယ္
ဟင္းရည္နဲ႔တြဲပီး ငပိေထာင္းခရမ္းခ်ဥ္သီးေထာင္း င႐ုပ္သီးေထာင္းနဲ႔ပဲ စားရပါတယ္
အျခားဟင္းခ်က္တဲ့ေန႔ေတာ့ ေကြၽးပါတယ္ အသားဆိုလဲ တစ္တုံး ၾကက္ဥဆိုလဲ တစ္ျခမ္းပါပဲ
အကုန္သည္းခံႏိုင္ေပမယ့္ ဘယ္သူ႔ေၾကာင့္စိတ္တိုပါေစ ညီမပဲအေျပာခံရပါတယ္
ညီမပဲအေငါက္ခံရပါတယ္ ဘယ္ေလာက္လုပ္ေပးေပးမၾကည္ပါဘူး
အဘြားအိမ္မွာေနတယ္ဆိုေပမယ့္အလကားမေနရပါဘူးတစ္လ တစ္သိန္းေပးရပါတယ္
အိမ္အလုပ္မွန္သမွ်ကိုယ္ပဲလုပ္ပါတယ္ ဒါေပမယ့္လဲ ကိုယ့္အေပၚအျမင္မၾကည္ဘူးျဖစ္ေနတယ္
ေယာက်္ားကေတာ့ စိတ္ဆင္းရဲရရင္အိမ္ခြဲေနရေအာင္ဆိုပီးေျပာလို႔ သူကတစ္ခါအိမ္ခြဲေနမယ္ဆိုပီးသူ႔အဘြားကိုေျပာဖူးပါတယ္
သူ႔အဘြားက ေသြးတက္ပီးမူးလဲသြားပါတယ္ သူ႔ေျမးကသူ႔အိမ္မေနေတာ့ဘူးဆိုလို႔ပါ
သူ႔ေျမးကိုလဲ သူမခြဲႏိုင္ပဲ ကိုယ္လဲ မေကာင္းတဲ့လူမဟုတ္တာကို ကိုယ့္အေပၚဘာေၾကာင့္မ်ားျပန္မေကာင္းေပးႏိုင္ရတာလဲ
သူေကာ မအိုမနာေတာ့ဘူးလား သူ႔ကိုျပဳစုမယ့္ တစ္ဦးတည္းေသာမိန္းကေလးကို သူဘာေၾကာင့္မ်ား မေကာင္းေပးႏိုင္ရတာလဲ
ညီမကိုဆိုအၿမဲႏွိမ္ပါတယ္ ရခါစကဆိုရင္ ညီမမွာ အဘြားမရွိေတာ့လို႔ သူ႔အေပၚအဘြားအရင္းလိုပဲ ထမိန္ကအစ ေလ်ာ္ေပးပါတယ္
ဆီးအိုးကအစသြန္ေပးပါတယ္
ညီမဘာေတြ ထပ္ပီးေကာင္းေပးရမလဲ အႀကံေပးပါရွင္
အိမ္ခြဲေနဖို႔ကလဲ သူက အမ်ိဳးမ်ိဳးျဖစ္ျပေနေတာ့ ခြဲဖို႔မျဖစ္ႏိုင္လို႔ပါရွင္ 🙏🙏
အခမဲ့တင္ေပးပါေနာ္
အားလုံးရဲ႕အႀကံကို ညီမ လိုက္လုပ္ၾကည့္ပါမာ္