ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၃၆

မဂ်လာပါမင်မင်ရေ ကျမရင်ဖွင့့်ချင်လို့ပါရှင်

ညီမနဲ့ညီမကောင်လေးတွဲလာတာ ၁နှစ် ၁၀လပါ စတွဲတဲ့အချိ်န်ကနေ အဲ့အချိန်ထိ ညီမအပေါ်အရမ်းချစ်ပြီး ဂရုစိုက်ပေးခဲ့တာပါ

ညီမဆိုးသမျှကိုလဲ သည်းခံပေးခဲ့တာပါ သူက ညီမထက် ၂နှစ်လောက်ငယ်ပါတယ်

သူနဲ့ညီမက တစ်မြို့ထဲပါ စဖြစ်ပြီး လပိုင်းလောက်ထိ ညီမဆီကို သူက လာတွေ့ပါတယ်

နောက်ပိုင်း သူက ညီမတို့ရှေ့ရေးအတွက် အလုပ်လုပ်မယ်ဆိုပီး တခြားမြို့ကို အလုပ်လုပ်သွားပါတယ်

ညီမကလဲ တခြားမြို့ကို အလုပ်လုပ်သွားပါတယ်

အဲ့ချိန်ကတည်းက ညီမတို့က LDRS ဖြစ်သွားတာပါ

ဒါပေမယ့်လဲ ညီမတို့ အချစ်မလျှော့ခဲ့ပါဘူး ညတိုင်း ဖုန်းပြော vc ပြောခဲ့ကြပါတယ်

ညီမကိုလဲ တခြားကောင်လေးတွေနဲ့ သဝန်တိုပါတယ် သူအဲ့လိုတွေ သဝန်တိုတိုင်း ညီမအရမ်းပျော်ရပါတယ်

ညီမအပေါ် အရမ်းချစ်တယ်ဆိုပြီး နောက်ပိုင်း ၁နှစ်ကျော်ကျော်လောက်မှာ သူ့အချိုးတွေစပြောင်းလာပါတယ်

အရင်ကဆို ညီမပြောသမျှကို နားထောင်တတ်တဲ့သူက နားမထောင်တော့ပါဘူး

ညီမကိုလဲ သူအလိုမကျရင် အော်လာပါတယ် ညီမကအရမ်းချစ်တော့့ သူလဲတခါတလေအော်မှာပဲဆိုပီး ဘာမှမပြောခဲ့ပါဘူး

ညီမတို့က fb ig tt အကုန်လုံးကို နှစ်ယောက်အတူသုံးတာပါ

ညီမအကောင့့်ထဲက ကောင်လေးတွေအကုန်လုံးကိုလဲ သူက bl တာပါ

ဒီလိုလုပ်တာဟာ ညီမကို တကယ်ချစ်လို့လုပ်တာပဲဆိုပြီး ညီမခွင့်ပြုပေးခဲ့ပါတယ်

ညီမတို့ ၁နှစ်နဲ့၁၁လ ပြည့်ခါနီးမှာ သူ နောက်ကောင်မလေးတယောက်နဲ့ ရှုပ်နေတာ သိခဲ့ရပါတယ်

အကောင့်အသစ်ဖွင့်ပီး သူတို့နှစ်ယောက်က ဖြစ်နေကြတာပါ

သူတို့ဖြစ်တာ ၁လကျော်လောက်ရှိပါပီ ညီမသိသိချင်းတော့ အရမ်းဒေါသထွက်မိပါတယ် ညီမသူ့ကို ပျက်မယ်လို့ပြောခဲ့ပါတယ်

သူကတော့့ ညီမကို ပျက်မပေးနိုင်ဘူး ဟိုကောင်မလေးကို ပျက်ပေးမယ်ပြောပါတယ်

ညီမကို တညလောက်တော့့ အေးအေးဆေးဆေးစဉ်းစားပေးပါဦးတဲ့ ညီမလဲ ပြန်စဥ္းစားကြည့့်တော့့ သူမရှိရင် ညီမ မနေနိုင်ပါဘူး

သူ့ကို အရမ်းချစ်မိနေတာပါ အဲ့ဒါနဲ့သူ​ပြောတာကို လက်ခံမယ်ဆိုပြီး သူ့ဆီ ဖုန်းဆက်ခဲ့ပါတယ်

အဲ့အချိန် သူပြောလိုက်တဲ့စကားက အဲ့ကောင်မလေးကိုလဲ သူ မပျက်နိုင်ဘူးတဲ့ နှစ်ယောက်လုံးကို လက်မလွှတ်ချင်ဘူးတဲ့ အဲ့ကောင်မလေးနဲ့ညီမကို ဖုန်းပြောခိုင်းပါတယ်

အဲ့ကောင်မလေးသာ နောက်ဆုတ်ပေးမယ်ဆိုရင် ညီမနဲ့တွဲမယ်တဲ့ ညီမလဲ အရမ်းချစ်နေတော့့ သူပြောတာလက်ခံပီး ဖုန်းပြောခဲ့ပါတယ်

အဲ့ကောင်မလေးကိုလဲ အရှက်မဲ့စွာ တောင်းပန်ခဲ့တာပါ သူ့ကို လက်လွှတ်ပေးဖို့ ညီမတို့တွဲတာလဲ ၂နှစ်ပြည့်ခါနီးပီလို့ပြောတာကို အဲ့ကောင်မလေးက လက်မခံခဲ့ပါဘူး

အဲ့ကောင်မလေးပြောတဲ့စကားက အမတို့ဘာသာ ဘယ်နှစ်နှစ်တွဲတွဲ ညီမစိတ်မဝင်စားဘူး ညီမတို့တွဲတာ ၁လကျော်ဆိုပေမယ့် အမထက်အချစ်မလျော့ဘူးလို့ ပြောခဲ့ပါတယ်

အဲ့အချိန်မှာ ညီမကောင်လေးကလဲ သူအရမ်းစိတ်ညစ်နေပီ နှစ်ယောက်လုံးကို မတွဲတော့ဘူးလို့ ပြောခဲ့ပါတယ် ညီမလဲလက်ခံခဲ့ပါတယ်

နောက်ရက်ကျတော့ အဲ့ကောင်မလေးနဲ့သူက ပြန်ဆက်သွယ်နေပါတယ် ညီမသိတော့ သူ့ဆီဖုန်းဆက်ပီး မေးခဲ့ပါတယ်

နင်တို့ပြန်တွဲနေတာလားလို့ သူကလဲဟုတ်တယ်တဲ့ သူ ညီမနဲ့ချစ်ခဲ့တဲ့တလျှောက်လုံး သူအရမ်းစိတ်ညစ်ရတယ်တဲ့

သူ့ကို စိတ်ဆင်းရဲအောင်လုပ်တယ်တဲ့ သူအဲ့လိုပြောတော့့ ညီမလဲကောင်းပြီလေ

နောက်တခါ နင့်ဆီမဆက်သွယ်တော့ဘူး နေနိုင်အောင် နေမယ်ဆိုပီး ဖုန်းချလိုက်ပါတယ်

ဒါပေမယ့် ညီမ မနေနိုင်ပါဘူး သူ့ဆီပဲ စိတ်ရောက်နေတာပါ အလုပ်ထဲလဲသူ့အကြောင်းတွေး အချိန်တိုင်း သူ့အကြောင်းတွေးနေတာပါ

ညီမ ထမင်းကိုတပတ်လောက်မစားနိုင်ပါဘူး သူနောက်တယောက်ကိုချစ်သွားပီလို့တွေးရုံနဲ့ညီမ နာကျင်ရပါတယ်

အချိန်တိုင်းလဲ မျက်ရည်နဲ့မျက်ခွက်ပါ အခုထိလဲ သူ့ကိုချစ်နေတုန်းပါ

သူကတော့့ အချစ်သစ်နဲ့သာယာနေတာပါ ညီမဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး အကြံလေးပေးကြပါဦးရှင်

မဂ်လာပါမင်မင်ရေ ကျမရင်ဖွင့်ချင်လို့ပါရှင်

ညီမနဲ့ညီမကောင်လေးတွဲလာတာ ၁နှစ် ၁၀လပါ စတွဲတဲ့အချိန်ကနေ အဲ့အချိန်ထိ ညီမအပေါ်အရမ်းချစ်ပြီး ဂရုစိုက်ပေးခဲ့တာပါ










ညီမကိုလဲ သူအလိုမကျရင် အော်လာပါတယ် ညီမကအရမ်းချစ်တော့ သူလဲတခါတလေအော်မှာပဲဆိုပီး ဘာမှမပြောခဲ့ပါဘူး


ညီမအကောင့်ထဲက ကောင်လေးတွေအကုန်လုံးကိုလဲ သူက bl တာပါ





သူကတော့ ညီမကို ပျက်မပေးနိုင်ဘူး ဟိုကောင်မလေးကို ပျက်ပေးမယ်ပြောပါတယ်

ညီမကို တညလောက်တော့ အေးအေးဆေးဆေးစဉ်းစားပေးပါဦးတဲ့ ညီမလဲ ပြန်စဉ်းစားကြည့်တော့ သူမရှိရင် ညီမ မနေနိုင်ပါဘူး



အဲ့ကောင်မလေးသာ နောက်ဆုတ်ပေးမယ်ဆိုရင် ညီမနဲ့တွဲမယ်တဲ့ ညီမလဲ အရမ်းချစ်နေတော့ သူပြောတာလက်ခံပီး ဖုန်းပြောခဲ့ပါတယ်






သူ့ကို စိတ်ဆင်းရဲအောင်လုပ်တယ်တဲ့ သူအဲ့လိုပြောတော့ ညီမလဲကောင်းပြီလေ





သူကတော့ အချစ်သစ်နဲ့သာယာနေတာပါ ညီမဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး အကြံလေးပေးကြပါဦးရှင်