ညမအသက်က 19ပါ ညမကောင်လေးက20 ညမက အပြင်မှာတစ်ခါမှရည်းစားမထားဖူးဘဲသူက အချစ်ဦးပါ
အခုဆိုတွဲလာတာ7လပြည့်ပါပြီ ကောင်လေးကလဲညမကိုအရမ်းချစ်ပါတယ်
ညမလဲသူ့ကိုအရမ်းချစ်ပါတယ် ဒါပေမဲ့ ပြောင်းလဲမြန်တဲ့အခုလိုခေတ်ကြီးထဲမှာယုံလို့ရပါ့မလားပေါ့နော်
ဒီpageမှာလဲ ခနခနရင်လာဖွင့်တာတွေ့နေရတဲ့ မမတွေကော ညမလေးတွေကောနှစ်နဲ့ချီပြီးတွဲလာကြပေမဲ့နောက်ဆုံးဖောက်ပြန်မူတွေအဆင်မပြေမူတွေနဲ့အများအပြားပေါ့နော်
ညမတို့လပိုင်းလေးနဲ့တည်မြဲပါ့မလားပေါ့နော် အဲ့အတွေးနဲ့ဘဲ တစ်ခုခုအလိုမကျတာတွေ့ရင်အမြဲ ညမဘက်ကလမ်းခွဲမယ်ဘဲစပြောခဲ့တယ်
ညမကောင်လေးနဲ့စတွဲတော့သူကအရမ်းသဝန်တိုပြီးချုပ်ချယ်လွန်းတယ်
တွဲပြီး2လလောက်မှာ ညမမွေးနေ့မို့လို့ အပြင်မှာတွေ့ကြတော့ ညမအပေါ်အသားယူသလိုပြုမူပါတယ်
ညမက “အပြင်မှာတွေ့ရင်တကယ်လုပ်ဖို့စိတ်ကူးနဲ့အဲ့လိုရည်ရွယ်တာလားမေးလိုက်တော့မှ” သူငိုယိုပြီးပြောပါတယ် အရမ်းချစ်လို့ပါတဲ့ ခနလေးတွေ့ရတဲ့အချိန်လေး အဲ့စိတ်ဖြစ်သွားတာပါတဲ့
ညမကိုကျေနပ်တဲ့အထိချော့ခဲ့ပြီး နောက်တစ်ခါမယူရသေးဘဲအခွင့်ရေးမယူဘူးလို့ကတိပေးခဲ့ပါတယ်
သူ့အလုပ်ထဲမှာလဲညမနဲ့ရည်းစားဆိုတာအကုန်သိအောင်လုပ်ပါတယ်
ညမကိုလဲအရမ်းသဝန်တိုပြီး ညမနဲ့lineဆင်းlineတတ်တာတူနေတဲ့accတွေကအစ မှတ်ထားပြီးသွားမေးတတ်တဲ့သူမျိုးပါ
တစ်ခါအလုပ်ထဲကတစ်ယောက်နဲ့သဝန်တိုလို့ ညမကစိတ်တိုပြီး အဆက်သွယ်ဖြတ်မယ်ပြောတော့ ငိုယိုပြီးညမအမေကိုphဆက်ပြီး သူကိုစကားလေးပြန်ပြောရင်ကိုကျေနပ်ပါပြီဆိုတဲ့အကြောင်းတွေ
အလုပ်ထဲမှာစိတ်မချလို့ပါဆိုတာတွေ သူဘက်ကစကားလွန်တာပါဆိုတာမျိုးပေါ့
ညမတစ်ရက်လုံး ph blထားလို့တဲ့ အမေ့ကိုအခုချက်ချင်းစေ့စပ်ပေးပါငိုယိုပြီးတောင်းပန်တယ်တဲ့ ညမလေသူ့ကိုချစ်ပါတယ်
ဒါပေမဲ့တွဲလာတဲ့လပိုင်းအတွင်းသူအဲ့လိုကြီးတွေလုပ်နေတော့ စိတ်ရူပ်တာကော တကယ်သာအတည်ဖြတ်လိုက်ရင် သူ့ဘက်ကဘယ်လိုလုပ်မလဲပေါ့နော်
ပထမဆုံးတွဲဖူးတာဆိုပေမဲ့ ညမဘက်ကသူ့ကိုဘာအခွင့်ရေးမှမပေးဖူးဘူး တစ်ချိန်ပျက်ခဲ့ရင်ဆိုတဲ့အတွေးညမဆီမှာအမြဲရှိနေလို့ပါ
အိမ်ကအမေဆို “နင့်ကောင်လေးကတော့ ရူးနေလားမသိဝူး သူ့အမေသာသူဒီလိုဖြစ်နေတာသိရင်ရင်ကွဲမှာတဲ့” ညမက သူအပေါ်အနိုင်ယူတာများခဲ့တယ်
တန်ဖိုးကြီးတာမဝယ်ခိုင်းခဲ့ဘူး ညမကိုတန်ဖိုးထားတတ်အောင်ဘဲသင်ပေးခဲ့တာပါ
အခုတွဲလာတာ7လအတွင်း တစ်ခါမှလွန်လွန်ကြူးကြူး အပြုမူမျိုးသူလဲမလုပ်ဖူးသလို ညမလဲလက်မခံဘူး
တစ်ခုဘဲသူကအရမ်းသံသယများတတ်တယ် ညမphကိုင်တာနောက်ကျတာကအစ အကုန်လိုက်ပြီးစစ်ဆေးမေးမြန်းနေတတ်တယ်
ညမကလွတ်လပ်တာကိုကြိုက်ပေမဲ့ သူအဲ့လိုမယုံဘဲမေးတဲ့အခါ ငါဘာမှားလို့လဲဘယ်နေရာကသံသယဖြစ်နေတာလဲပေါ့
အမြဲစိတ်မကောင်းဖြစ်ရလွန်းလို့ မယုံရင်ဆက်မတွဲဖို့ခနခနပြောမိပြန်တယ်
သူကအဲ့လိုပြောရင်ငိုပြီးပိုသံသယစကားတွေပြောပါတယ် ညမသဝန်တိုပြီးချစ်လို့ဆိုတဲ့စကားနဲ့ချည်နှောင်ချင်တာလား
တကယ်ချစ်တဲ့သူတွေကအဲ့လိုမျိုးလား အချိန်ကြာလာရင်ဘယ်လိုစိတ်အပြောင်းလဲတွေရှိလာနိုင်လဲပေါ့နော်
ခု7လအတွင်းမှာတော့ ကောင်လေးုကညမအပေါ်အရမ်းကောင်းပြီး
အလိုလိုက်အကြိုက်ဆောင်သလိုအထိရက်အကိုင်ရက်ဆိုပေမဲ့
လူ့စိတ်ကအပြောင်းလဲမြန်သလို အရမ်းနားလည်ရခက်လို့
ဒီpageက အမ ညမတွေရဲ့အကြံပေးစကားလေးတွေလိုအပ်လိုပါရှင်
ပထမဆုံးစာရေးတာဖြစ်လို့ အမှားပါသွားရင်ခွင့်လွှတ်ပါနော်
မင်မင်ရေဒီစာလေးအခမဲ့တင်ပေးပါနော် မမတွေညမတွေရဲ့အကြံပေးစကားလေးတွေတကယ်လိုအပ်နေလို့ပါ
ခု7လအတွင်းမှာတော့ ကောင်လေုးကညမအပေါ်အရမ်းကောင်းပြီး