မိန်းမသားတို့ရင်ဖွင့်ရာဆိုပေမဲ့ ယောကျာ်းလေးတွေရောရှိလို့ အကြံဉာဏ်တောင်းပါရစေ
crush နဲ့gymဆော့ရင်းတွေ့တာပါ crush ကဆယ်ရက်ေလာက်ဆော့ပြီးမလာတော့ပါဘူး
သူ့သာသူဆို ဘယ်သူနဲ့မှစကားမပြော ခပ်တည်တည်ပါ
ကျမကိုတော့ gym ဆော့ရင်း မျက်လုံးချင်းဆုံ လှမ်းလှမ်းရယ်ပြပါတယ် ကျမကလည်း ပြန်ရယ်ပြပါတယ်
ခဏနားတဲ့ချိန် သူကစကားလာပြောပေမဲ့ ကျမကထူပူပြီးရှက်နေတာကြောင့်စကားပြန်မပြောမိပါဘူး
သူပြုံးပြ ကိုယ်ပြုံးပြနဲ့ပဲ crush ကဂျင်မလာတော့ပါဘူး
15ရက်လောက်နေတော့ ဂျင်နားကဆိုင်တစ်ဆိုင်ရှေ့မှာရိပ်ခနဲသူ့ကိုတွေ့ပါတယ်
ကျမကဆိုင်ကယ်အမြန်မောင်းလာတာပါ အဲ့ခဏလေးမှာသူကကျမကိုမြင်တာနဲ့ ချက်ချင်းတန်းပြုံးပြပါတယ်
ကျမကလည်း ပြုံးပြပြီး ဆိုင်ကယ်ကအရှိန်လွန်ပြိး ရှေ့တော်တော်ရောက်သွားတော့ စကားရပ်မပြောမိခဲ့ပါဘူး
သူ့ဘေးမှာလည်းယောက်ျားလေးတွေပါတော့ ကျမရှက်တာကြောင့်ပါ
ခု 2လကျော်အချိန်မှာ ဂျင်ကပြန်အလာ ကျမတို့ရပ်ကွက်ထဲကဆိုင်တစ်ဆိုင်ရှေ့မှာသူ့ဖုန်းပြောနေတာကိုရိပ်ခနဲတွေ့ပါတယ်
ထုံးစံအတိုင်းကျမကလည်းဆိုင်ကယ်အမြန်မောင်းလာတာပါ
သူကကျမကိုမြင်တာနဲ့ လက်ဝှေ့ယမ်းပြီး တန်းနှုတ်ဆက်ရယ်ပြပါတယ်
ကျမကလည်းအရှိန်လွန်ပြီး ရှေ့တော်တော်ရောက်သွားတာနဲ့ ပြန်မလှည့်ဖြစ်တော့ပါဘူး
သူ့ဆီက ဖုန်းနံပါတ်နဲ့ Facebook အကောင့်တောင်းမလို့ဟာ ကျမကိုအထင်သေးသွားမှာစိုးလို့မတောင်းခဲ့ရပါဘူး
ယောကျာ်းလေးတွေက အမြဲမြင်နေကျတွေ့နေကျလူမဟုတ်ပဲ ဖြတ်ခနဲခဏလေးတွေ့လိုက်ရုံနဲ့တန်းမှတ်မိတာက သူလည်း အဲ့ကောင်မလေးကိုစိတ်ဝင်စားနေလို့လား
ဒါမှမဟုတ် သူတို့မှတ်ဉာဏ်ကပဲကောင်းနေလို့ ဒီတိုင်းမိတ်ဆွေလို သူငယ်ချင်းလိုခင်လို့နှုတ်ဆက်တာလား
နောက်တစ်ခါတွေ့ရင် သူ့ ph no နဲ့ Facebook account တောင်းရင် အထင်သေးသွားမှာလား
ကျေးဇူးပြုပြီးဖြေပေးကြပါရှင် 🙏🙏🙏
မိန္းမသားတို႔ရင္ဖြင့္ရာဆိုေပမဲ့ ေယာက်ာ္းေလးေတြေရာရွိလို႔ အႀကံဉာဏ္ေတာင္းပါရေစ
crush နဲ႔gymေဆာ့ရင္းေတြ႕တာပါ crush ကဆယ္ရက္ေလာက္ေဆာ့ၿပီးမလာေတာ့ပါဘူး
သူ႔သာသူဆို ဘယ္သူနဲ႔မွစကားမေျပာ ခပ္တည္တည္ပါ
က်မကိုေတာ့ gym ေဆာ့ရင္း မ်က္လုံးခ်င္းဆုံ လွမ္းလွမ္းရယ္ျပပါတယ္ က်မကလည္း ျပန္ရယ္ျပပါတယ္
ခဏနားတဲ့ခ်ိန္ သူကစကားလာေျပာေပမဲ့ က်မကထူပူၿပီးရွက္ေနတာေၾကာင့္စကားျပန္မေျပာမိပါဘူး
သူၿပဳံးျပ ကိုယ္ၿပဳံးျပနဲ႔ပဲ crush ကဂ်င္မလာေတာ့ပါဘူး
15ရက္ေလာက္ေနေတာ့ ဂ်င္နားကဆိုင္တစ္ဆိုင္ေရွ႕မွာရိပ္ခနဲသူ႔ကိုေတြ႕ပါတယ္
က်မကဆိုင္ကယ္အျမန္ေမာင္းလာတာပါ အဲ့ခဏေလးမွာသူကက်မကိုျမင္တာနဲ႔ ခ်က္ခ်င္းတန္းၿပဳံးျပပါတယ္
က်မကလည္း ၿပဳံးျပၿပီး ဆိုင္ကယ္ကအရွိန္လြန္ၿပိး ေရွ႕ေတာ္ေတာ္ေရာက္သြားေတာ့ စကားရပ္မေျပာမိခဲ့ပါဘူး
သူ႔ေဘးမွာလည္းေယာက္်ားေလးေတြပါေတာ့ က်မရွက္တာေၾကာင့္ပါ
ခု 2လေက်ာ္အခ်ိန္မွာ ဂ်င္ကျပန္အလာ က်မတို႔ရပ္ကြက္ထဲကဆိုင္တစ္ဆိုင္ေရွ႕မွာသူ႔ဖုန္းေျပာေနတာကိုရိပ္ခနဲေတြ႕ပါတယ္
ထုံးစံအတိုင္းက်မကလည္းဆိုင္ကယ္အျမန္ေမာင္းလာတာပါ
သူကက်မကိုျမင္တာနဲ႔ လက္ေဝွ႔ယမ္းၿပီး တန္းႏႈတ္ဆက္ရယ္ျပပါတယ္
က်မကလည္းအရွိန္လြန္ၿပီး ေရွ႕ေတာ္ေတာ္ေရာက္သြားတာနဲ႔ ျပန္မလွည့္ျဖစ္ေတာ့ပါဘူး
သူ႔ဆီက ဖုန္းနံပါတ္နဲ႔ Facebook အေကာင့္ေတာင္းမလို႔ဟာ က်မကိုအထင္ေသးသြားမွာစိုးလို႔မေတာင္းခဲ့ရပါဘူး
ေယာက်ာ္းေလးေတြက အၿမဲျမင္ေနက်ေတြ႕ေနက်လူမဟုတ္ပဲ ျဖတ္ခနဲခဏေလးေတြ႕လိုက္႐ုံနဲ႔တန္းမွတ္မိတာက သူလည္း အဲ့ေကာင္မေလးကိုစိတ္ဝင္စားေနလို႔လား
ဒါမွမဟုတ္ သူတို႔မွတ္ဉာဏ္ကပဲေကာင္းေနလို႔ ဒီတိုင္းမိတ္ေဆြလို သူငယ္ခ်င္းလိုခင္လို႔ႏႈတ္ဆက္တာလား
ေနာက္တစ္ခါေတြ႕ရင္ သူ႔ ph no နဲ႔ Facebook account ေတာင္းရင္ အထင္ေသးသြားမွာလား
ေက်းဇူးျပဳၿပီးေျဖေပးၾကပါရွင္ 🙏🙏🙏