ရင်ဖွင့်ခြင်လို့ပါရှင့်…..အခုမှပို့ဖူးတာပါအမှားပါခဲ့ရင်ခွင့်လွှတ်ဖို့တောင်းပန်ခြင်ပါတယ်ရှင့်
ညမကအိမ်ထောင်ရှိပါတယ်
ညမတို့က ကိုယ်ဝန်ရလို့ယူလိုက်တာ ပါ
သူရောညမရောငယ်သေးတာမို့
ညမအမေက ဖျက်ချဖို့ပြောခဲ့ပါတယ်
ညမတို့နှစ်ယောက်လဲငယ်သေးတယ်ဆိုပြီး
နှစ်ယောက်လုံးသဘောတူဖျက်ချခဲ့ပါတယ်
ကလေးဖျက်ချခဲ့ပင်မဲ့လူသိရှင်ကြားလက်ထက်ခဲ့ပါတယ်ရှင့်
လက်ထက်ပြီး8လလောက်မှာ သူကအလုပ်ပြောင်းခဲ့ပါတယ် ညမကလဲအလုပ်ပြောင်းဖို့အလုပ်နားလိုက်ပါတယ်
သူ့အလုပ်အသစ်ကနယ်ထွယ်ရပါတယ် သူလဲကိုမသိသလို ညမလဲမသိပါဘူး
သူ့အလုပ်ရှင်ကလဲဝင်ဝင်ခြင်းမှမပြောပြခဲ့ပါဘူး
တနေ့သူအလုပ်နယ်ထွက်ရဖို့ဖြစ်လာတော့ချက်ခြင်းပါသွားပါတယ်
ညမကိုအကြောင်းကြားဖို့ဖြစ်မလာခဲ့ပါဘူး
အဲ့နေ့ညဘဲညမတို့ရန်ဖြစ်ကြပါတယ် အကြီးအကျယ်ပါနှစ်ဖက်မိဘတွေပါ ပါကုန်ပါတယ်
နောက်နေ့နယ်က ပြန်ရောက်တော့သူညမကိုဖုန်းဆက်ပါတယ် သူနဲ့လာနေပါတဲ့ သူလာခေါ်ပါမယ်တဲ့
ညမတို့အိမ်တော့သူမလာတော့ဘူးတဲ့ ညမကအငယ်ဆုံးဆိုတော့ အိမ်ကအထိမခံကြပါဘူး
ညမကလဲမလာနိုင်ဘူးနင်ပြန်လာခဲ့ပါလို့ဆိုတော့မလာတော့ဘူးတဲ့
အဲ့လိုကနေညမလဲစိတ်ညစ်ပြီးတော့ အမတွေရှိတဲ့ဘန်ကောက်ကိုတက်လာခဲ့လိုက်ပါတယ်
တက်မဲ့ညမှာသူဆက်သွယ်ခဲ့ပါတယ် ညမနဲ့မပြတ်နိုင်လိုပါတဲ့
ညမလဲမပြတ်နိုင်လို့လက်ခံ ခဲ့ပင်မဲ့ ညမတို့အိမ်ထောင်ရေးကမိဘတွေပါလို့ကွဲမလို ဖြစ်ခဲ့ရတော့ နှစ်ဖက်မိဘမပါနိုင်ဘန်ကောက်မှာပိုက်ဆံစုကြမယ်လို့ ပြောပြီးညမအရင်တက်ခဲ့ပါတယ်
ညမကိုဗေဒင်ကဟောတယ်တဲ့ညမကအိမ်ထောင်နှစ်စက်လို့ပြောပါတယ်
အမေတို့ကအဲ့တာကြောင့်သူနဲ့ပြန်ပေါင်းကိုလက်မခံကြပါဘူး သူက ခလေးရလိုသာနင့်ကိုယူလိုက်တာတကယ်မချစ်ဘူးတဲ့
ညမဒီမှရောက်နေတာ8လကျော်ပါပြီ သူ့ကိုခေါ်ဖို့နှစ်ယောက်ပိုက်ဆံစုနေကြတာပါ
တနေ့မှလဲအဆက်အသွယ်မပြတ်ခဲ့ပါဘူး သူမိဘတွေကလဲညမကို အဆက်အသွယ်မဖြတ်ပါဘူး
ချွေးမလို့ဘဲသဘောထားပါတယ်
အမေကတော့ခုထိမပေါင်းစေခြင်ပါဘူး အမေလက်ခံအောင်ညမ ဘယ်လိုဖြေရှင်းရမလဲရှင့်
ဖတ်ရတာရှုပ်သွားခဲ့ရင်တောင်းပန်ပါတယ်ရှင့်
အကြံဥာဏ်လေး လိုခြင်လို့ပါရှင့် သူရောညမရောမပြတ်နိုင်ပါဘူးရှင့်
အခမဲ့တင်ပေးရှင့် ကျေးဇူးတင်ပါတယ်ရှင့်
ခုချိန်ထိလည်အမေ က ညမပြန်ပေါင်းမှာဆိုးလို့ ဗေဒင်မေးပြီးယတြာချေနေတုန်းပါရှင့်