ညီမနဲ့ညီမကောင်လေးက လိုင်းပေါ်ကနေတွေ့တာပါ။
ချစ်သူသက်တမ်းကတစ်နှစ်ပြည့်ပါတော့မယ်။
သူ့မိဘရော ညီမအိမ်ကရော ညီမတို့တွဲတာသိပါတယ်။
သူညီမတို့မြို့ကိုလာလည်တော့အိမ်နဲ့လည်းမိတ်ဆက်ပေးထားပါတယ်။
သူနဲ့ကညီမက LDRS မို့အမြဲမတွေ့နိုင်ပါဖူး။
ဂရုစိုက်တာမပြောင်းလဲဖူးဆိုပေမဲ့ ညီမနဲ့ရန်ဖြစ်တိုင်းဒေါသတကြီးအော်ဟစ်ဆဲဆိုပါတယ်။
ညီမကမခံနိုင်တော့လို့ပြတ်မယ်လုပ်တိုင်းသူပျာပျာသလဲတောင်းပန်ပါတယ်။
ညီမကအလုပ်မရှိသေးတော့အိမ်ကပေးတဲ့မုန့်ဖိုးပဲသုံးရတာပါ အဲ့အတွက်သူ့ကိုဘာမှဖြည့်ဆည်းနိုင်တာမရှိပါဘူး။
သူကတော့ညီမဘာမှမပူဆာလည်းအလိုက်တသိ၀ယ်ပေးတယ်ဆိုပေမဲ့
စတာနောက်တာဆိုပြီး ညီမကသူ့ဆီကပဲကပ်စားနေသလိုလိုပြောတာခံရခက်ပါတယ်။
မုန့်ဖိုးထဲကနေပိုက်ဆံစုထားတဲ့အကြောင်းပြောပြတော့ ညီမကြားချင်မိတာ တော်လိုက်တာ ဆိုတဲ့ချီးကျူးစကားပါ။
ဒါပေမဲ့ သူ့ဆီကနှိမ်စကားတွေချည်းထွက်လာပါတယ်။
ညီမစိတ်ဆိုးတော့စတာပါဆိုပြီးပြန်တောင်းပန်ပါတယ်။
ညီမယောက်ျားလေးမိတ်ဆွေတွေနဲ့စကားပြောတဲ့နေ့ဆိုသူနဲ့ရန်ဖြစ်ရပါတယ် သူမကြိုက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့တချို့တွေကိုဘလိုင်းကြီးမခေါ်မပြောလုပ်ရတာမျက်နှာလည်းပူပါတယ်။
ပိုဆိုးတာက သူကဖုန်းပြောရင်းတချက်တချက် s*x chat တာပါ။
ညီမကမပြောချင်ကြောင်း ဖြေလိုက်ရင်သူစိတ်ဆိုးပါတယ်။
သူ့အကြိုက်လိုက်လျောပြီးပြောနေရင်း ညီမကိုယ်ညီမစိတ်ကုန်လာပါတယ်။
ညီမနဲ့အတူနေဖို့တောင်းဆိုတော့ ညီမလက်မခံတော့ ငါတခြားသူနဲ့ဖောက်ပြန်ရင်အဆိုးမဆိုနဲ့လို့ပြောပါတယ်။
ညီမလည်းအလုပ်ရမှနင့်ဆန္ဒလိုက်လျောမယ်ပြောတော့မှသူကျေနပ်သွားပါတယ်။
ညီမကိုအပိုင်မရသေးလို့ သူဂရုစိုက်မှုမပြောင်းလဲသေးတာလား
ဒါမှမဟုတ် စိတ်ရင်းနဲ့ပဲဂရုစိုက်တာလားဆိုတာဝေခွဲမရတော့လို့ အကြံပေးကြပါဦးရှင်။
သူ့ကိုပြတ်သားဖို့ကျတော့ ဘယ်လိုမှအကြောင်းရှာလို့မရဖြစ်နေတဲ့အပြင်
နှစ်ဖက်လုံးသိနေတော့ ညီမပြတ်သားဖို့တွန့်ဆုတ်နေမိတာရှိပါတယ်
ညီမနဲ႔ညီမေကာင္ေလးက လိုင္းေပၚကေနေတြ႕တာပါ။
ခ်စ္သူသက္တမ္းကတစ္ႏွစ္ျပည့္ပါေတာ့မယ္။
သူ႔မိဘေရာ ညီမအိမ္ကေရာ ညီမတို႔တြဲတာသိပါတယ္။
သူညီမတို႔ၿမိဳ႕ကိုလာလည္ေတာ့အိမ္နဲ႔လည္းမိတ္ဆက္ေပးထားပါတယ္။
သူနဲ႔ကညီမက LDRS မို႔အၿမဲမေတြ႕ႏိုင္ပါဖူး။
ဂ႐ုစိုက္တာမေျပာင္းလဲဖူးဆိုေပမဲ့ ညီမနဲ႔ရန္ျဖစ္တိုင္းေဒါသတႀကီးေအာ္ဟစ္ဆဲဆိုပါတယ္။
ညီမကမခံႏိုင္ေတာ့လို႔ျပတ္မယ္လုပ္တိုင္းသူပ်ာပ်ာသလဲေတာင္းပန္ပါတယ္။
ညီမကအလုပ္မရွိေသးေတာ့အိမ္ကေပးတဲ့မုန႔္ဖိုးပဲသုံးရတာပါ အဲ့အတြက္သူ႔ကိုဘာမွျဖည့္ဆည္းႏိုင္တာမရွိပါဘူး။
သူကေတာ့ညီမဘာမွမပူဆာလည္းအလိုက္တသိ၀ယ္ေပးတယ္ဆိုေပမဲ့
စတာေနာက္တာဆိုၿပီး ညီမကသူ႔ဆီကပဲကပ္စားေနသလိုလိုေျပာတာခံရခက္ပါတယ္။
မုန႔္ဖိုးထဲကေနပိုက္ဆံစုထားတဲ့အေၾကာင္းေျပာျပေတာ့ ညီမၾကားခ်င္မိတာ ေတာ္လိုက္တာ ဆိုတဲ့ခ်ီးက်ဴးစကားပါ။
ဒါေပမဲ့ သူ႔ဆီကႏွိမ္စကားေတြခ်ည္းထြက္လာပါတယ္။
ညီမစိတ္ဆိုးေတာ့စတာပါဆိုၿပီးျပန္ေတာင္းပန္ပါတယ္။
ညီမေယာက္်ားေလးမိတ္ေဆြေတြနဲ႔စကားေျပာတဲ့ေန႔ဆိုသူနဲ႔ရန္ျဖစ္ရပါတယ္ သူမႀကိဳက္လို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔တခ်ိဳ႕ေတြကိုဘလိုင္းႀကီးမေခၚမေျပာလုပ္ရတာမ်က္ႏွာလည္းပူပါတယ္။
ပိုဆိုးတာက သူကဖုန္းေျပာရင္းတခ်က္တခ်က္ s*x chat တာပါ။
ညီမကမေျပာခ်င္ေၾကာင္း ေျဖလိုက္ရင္သူစိတ္ဆိုးပါတယ္။
သူ႔အႀကိဳက္လိုက္ေလ်ာၿပီးေျပာေနရင္း ညီမကိုယ္ညီမစိတ္ကုန္လာပါတယ္။
ညီမနဲ႔အတူေနဖို႔ေတာင္းဆိုေတာ့ ညီမလက္မခံေတာ့ ငါတျခားသူနဲ႔ေဖာက္ျပန္ရင္အဆိုးမဆိုနဲ႔လို႔ေျပာပါတယ္။
ညီမလည္းအလုပ္ရမွနင့္ဆႏၵလိုက္ေလ်ာမယ္ေျပာေတာ့မွသူေက်နပ္သြားပါတယ္။
ညီမကိုအပိုင္မရေသးလို႔ သူဂ႐ုစိုက္မႈမေျပာင္းလဲေသးတာလား
ဒါမွမဟုတ္ စိတ္ရင္းနဲ႔ပဲဂ႐ုစိုက္တာလားဆိုတာေဝခြဲမရေတာ့လို႔ အႀကံေပးၾကပါဦးရွင္။
သူ႔ကိုျပတ္သားဖို႔က်ေတာ့ ဘယ္လိုမွအေၾကာင္းရွာလို႔မရျဖစ္ေနတဲ့အျပင္
ႏွစ္ဖက္လုံးသိေနေတာ့ ညီမျပတ္သားဖို႔တြန႔္ဆုတ္ေနမိတာရွိပါတယ္