ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၄၃

ညီမရင်ဖွင့်ချင်လို့ပါရှင် ညီမကတစ်ဦးတည်းသောသားနဲ့တစ်နယ်တည်းအိမ်ထောင်ကျတာပါ

ညီမိဘတေကလည်း ပိုက်ဆံရှိတဲ့အထဲမပါဘူး

ယောကျာ်းရယ်သူ့အမေရယ်ညီမရယ်တစ်အိမ်တည်းနေတာပါ

ယောက်ခမကအကြွေးအရမ်းများပါတယ် ယောကျာ်းကအလုပ်ရှိပါတယ်

ဒါပေမဲ့ညီမတို့ရှာသမျှပိုက်ဆံကယောက်ခမအကြွေးထဲကြည့်သွားနေပါတယ်

အိမ်ထောင်စကျကတည်းကကိုယ်ထူကိုယ်ထပို​က်ဆံရှာရတာပါ😔

ညီမတို့အိမ်ထောင်ကျတာတစ်နှစ်ကျော်ပီး2နှစ်ပြည့်တော့မယ်

သူ့အကြွေးထဲပဲသွားနေတာအရမ်းစိတ်ညစ်နေရတယ်

ညီမယောကျာ်းကိုထားခဲ့ပီးညီမတစ်ခြားနိုင်ငံကိုအလုပ်သွားလုပ်သင့်လားညီမတို့စီးပွားရေးအတွက်အကြံပေးကြပါအုန်း

ညီမအသက်ကခုမှ25ပဲရှိပါသေးတယ်ရှင်သွားသင့်လား

ညီမစာကိုအခမဲ့တင်ပေးပါနော်










