ကူညီပါရှင့် post တင်ပေးပါရှင့်
စာရှည်သွားရင် တောင်းပန်ပါတယ်
ညီမသူနဲ့ ယူထားတာ တနှစ်ပြည့်တော့မှာပါ
မကြာသေးဖူးလို့ ပြောလည်း ရပါတယ်
ညီမ သူနဲခိုးပြေးပြီး တလအကြာမှာ သူ့ဘက်က မဂ်လာဆောင်ပေးပါတယ် တင့်တင့်တယ်တယ်
ညီမအိမ်မှာ ညီမအငယ်ဆုံးပါ မိဘက စိတ်တိုင်းကျနေတဲ့သူရှိနေရဲ့သားနဲ့ အဲ့လူနဲ့ ခိုးပြေးသွားလို့ မေမေနဲ့ တမျိုးလုံးက ညီမကို အဆက်အသွယ်မလုပ်ပဲ ပစ်ထားလိုက်ပါတယ်
တလအကြား သူတို့ မဂ်လာဆောင်ကို မေမေတယောက်တည်းရောက်လာခဲ့ပါတယ်
မေမေက ညီမကို ချစ်လွန်းလို့ သူစိမ်းတွေကြားမျက်နှာငယ်မှာစိုးလို့ အကြောငိးအရင်းတစ်ခုတည်းနဲ့သာ လာပေးခဲ့ပါတယ်
မေမေက အဲ့ကတည်းက ညီမကို စကားအပြောအဆို ပြန်လုပ်နေပြီပေါ့နော်
အဲ့လူသိရှင်ကြားလက်ထပ်ပဲဲပီးတာနဲ့ သူက အရင်ပုံစံနဲ့မတူတော့ပါဖူး
ညီမအိမ်က ချမ်းသာပါတယ် ပိုက်ဆံရှိပြီး အငယ်ဆုံးသမီးဆိုတော့ အဆင်ပြေပြေနေရပါတယ်
မေမေနဲ့အမျိုးတွေက လက် မခံတော့ ညီမက သူ့အိမ်ပဲ လိုကိနေရပါတယ်
ညီမက စိတ်ရင်းနဲ့နေတဲ့သူပါ စိတ်ကောင်းမွေးပါတယိ ဒါပေမယ့် ဟန်မဆောင်တန်သလို စကားတွေအများကြီးပြောရတာ မကြိုက်ပါဖူး
ယောက်ခမဖြစ်သူက သူ့သားကို အရမ်းချစ်ပါတယ် အဲ့မှာ ပြသနာက စပါပြီ
ညီမက ဘာမှလုပ်လေ့လုပ်ထမရှိတာပါ
ညီမအိမ်ထောင်ဖက်က မိန်းမဆိုတာ တအိမ်လုံး သိမ်းကြုံးတာဝန်ယူရမယ် ထမင်းစားပြီးရင်တောင် ထမင်းစားပွဲကနေ သူစားတဲ့ပန်းကန်တောင် မသိမ်းပဲ ထသွားတတ်တာပါ
ညီမလေ အတတ်နိုင်ဆုံးကြိုးစားပါတယ် လုပ်လေ့လုပ်ထမရှိတုန်း စလုပ်ရတာ ညီမအတွက် အရမ်းပင်ပန်းတာပါ
(မေမေ့ကို ကိုယ့်သားသမီးကို ဘာမှမသင်ပေး မိန်းမမပီသလို့ အပြစ်မပြောစေချင်ပါဖူး မေမေ့အတွကိက ဖေဖေဆုဲးကတည်းက အဖေလည်းသူ အမေလည်းသူ ဆိုတော့ သားသမီးတွေကို လူငှား အိမ်အကူနဲ့ပဲ ထားနိုင်ခဲ့ပါတယ်)
ညံ့တာ ညီမကိုယ်တိုင်ပါ ညီမက ကျောင်းစာအရမ်းအတော်ပါတယိ english စကားကို ကောင်းကောင်းမွန်မွန် ကျွမ်းကျင်အောင်ကိုပြောနိုင်ပါတယ်
နိုင်ငံခြား စကော်လာရှစ်လည်းရဖူးပါတယ် ဒါပေမယ့် အဲ့လိုဘာလို့အားသာလည်းဆို မေမေ အိမ်အလုပ်ကူခိုင်းတိုင်း ညီမက စာချည်းကုန်းရုန်းလုပ်တာပါ
စာထဲ ပျော်နေရတာကြိုက်တဲ့သူပါ
ညီမအိမ်ထောင်ဖက်အကြောင်းဆက်ပြောပါ့မယ်ရှင်
သူ့အဝတ်တွေကို ညီမ လက် မောငိး ပြုတ်ပြီလို့ထင်ရလောက်အောင် လျော်ပေးရပါတယိ
မေမေဖုန်းဆက်တိုင်းမေမေ အဆင်ပြေတယ်ဆိုပြီး ပြောခဲ့လို့ မေမေက ညီမ အိမ်ထောင်ဖက်ကို အမြင်ကြည်လာပါပြီ
ယောက်ခမဖြစ်သူက ညီမဘယ်လိုပဲ အလုပ်လုပိပေးပေး အမြင်မကြည်ပါဖူး
အိမ်ကိုဧည့်သည်တွေလာတိုင်း ဧည့်သည်တွေရှေ့မှာ ညည်းတို့ လင်မယား အိမ်ပေါ်က ဆင်းကြ နှင်ချမှာ မနေခိုင်းဖူး အဲ့လို negative သဘောဆောင်ပြီး ညီမ ခေါင်းမဖော်နိုင်မယ့် စကားတွေပဲ ပြောလို့ ညီမ တကယ် စိတ်မပျော်ပါဖူးရှင်
အဲ့ စိတ်မပျော်တာကို အိမ်ထောင်ဖက်ကိုလည်း ပေးမသိခဲ့ပါဖူး
အဲ့မှာ ညီမ ကလေးရလာပါတယ်
ဆေးကဒ်သောကိရင်းနဲ့ကို ကလေးရလာတာပါ
ညားကာစဆိုတော့ သောက်နည်းမမှန်လို့ဖြစ်မယ်လို့ ogကပြောခဲ့ပါတယ်
ညီမအဲ့ ကလေးစရတာသိတုန်းက ပျော်ပြီး မေမေ့ကို ဖုန်းဆက်ပြီး အကြောင်းကြား စိတ်ကူးလေးယဥ်နေခဲ့ပေမယ့် အလကားပါပဲ
ကလေးစရကတည်းက အလုပ်ပြီးရငိ သောက်စား ညဖက်ဆို သူ့အံဖတ်ကြုံးရပါတယိ
သူ့အမေ အဖေနဲ့တူတူနေနေပေမယ့် တခွန်းတောင် ေရှ့ရောကွယ်ရာရော ဆိုဆုံးမခြင်းမရှိပါဖူး
သူတို့သားကို သူတို့မနိုင်ဖူးဆိုပြီးပဲ ေပြာနေတာပါ
ညီမpregrenancy sickness ခံစားရပြီး ထမင်းဟင်းဆို မြင်ရုံဝေး အနံ့တောင်မခံနိုင်ပါဖူး
တနေကုန် ထမင်းမစား ဘားမှမစားတဲ့နေ့တောင်ရှိပါတယ် ညီမ ချိုချိုချဥ်ချဥ်လေး စားချင်တာ ပြောမိပေမယ့် အလုပ်ရှုပ်နေတယ်ဆိုပြီး လျစ်လျုရှခံရပါတယ်
အဲ့မှာ ကလေး ၂လမှာ ကိုယ်ဝနိပျက်ကျခဲ့ပါတယိ ကိုယ်ဝန်ပျက်ကျတော့မှ မေမေက သမီးလေးကို အပြင်မှာမြင်ချင်တယ်ဆိုလို့ မေမေ့ဆီ သွားတွေ့ခဲ့ပါတယ်
မေမေက ညီမကို မြင်တာနဲ့ တန်းငိုပါတယိ သူအကုန်သိနေပါတယ်တဲ့
သမီးမျက်နှာကိုကြည့်လိုက်တာနဲ့ တလျောက်လုံး ညီမ အဆင်ပြေနေ မပြေနေကို သူသိနေပါတယိတဲ့
ညီမလည်း အဲ့တော့မှ ငိုပြီး မေမေ့ဆီ အကုန်ပြောပြမိပါတယ်
မေမေက သမီးကို အပြင်မှာ တိုက်ခန်း၆လစာငှားပေးမယ် စားစရိတ်လိုတာ ထောက်ပံ့မယ် အဲ့၆လပြီးရင်တော့ အပြင်မှာပဲ ၂ယောက်သား ဒိုးတူဘောက်ဖက် ရှာစားကြ ဆိုပြီး ရင်းနှီးပေးခဲ့ပါတယ်
(ညီမ အိမ်ထောင်ဖက်ရဲ့ ဝင်ငွေက အိမ်လခနဲ့ စားစရိတ်ကို ကောင်းကောင်းထောက်ပံနိုင်ပါတယ်)
ညီမကတော့ အလုပ်မရှိလို့ အလုပ်ရှာနေတုန်းပါ ညီမ အလုပ်မရမချင်း နောက်နောက်လည်း ညီမလစာသဘောမျိူး မေမေက ထောက်ပံ့ပေးမယ်ပြောပါတယိ အပြည့်မဟုတ်ပေမယ့်)
ပြသနာက အခုက အဲ့၆လပြည့်မယ့်အခြေအနေပါ
သူက သူ့အိမ်မှာသာနေရင် အလကားထိုင်စားလို့ရတယ် သူ့ဝင်ငွေအားလူံးစုရုံပဲ
အခုတော့ သက်သကိ အပိုကုန်တယ်ဆိုပြီး ပြောပါတယ်
သူ့အိမ်ကို ဒီ၆လပြီးတာနဲ့ ပြန်မယ် မပြနိရင် နင့်ဘာသာနေခဲ့လို့ပြောပါတယ်
ညီမစိတ်က မေမေ သဘောမတူတဲ့သူကိုယူပြီးမေမေ့ဆီက ဒီအကူအညီတွေယူနေရတာတောင် အရမ်းရှက်နေပါပြီ
ညီမအလုပ်ရှာပေမယ့် ကံပါပဲ တကယ့်ကို ဘယ်အလုပ်မှ မရတာပါ
ညီမ ငိုရင်လည်း ငိုပြန်ပြီ ငိုလိုက်အုံး ညီမတယောက်ယောက်နဲ့ မကြည်ရင်တောင် ညီမဘက် မှာမရှိပါဖူး ညီမအတွကိ သူက အိမ်ဖောင်ဖက် အဖော် သူငယ်ချင်းလိုကို မခံစားရတာပါ
ညီမ ဟိုတနေ့က သီချင်းနားထောင်တော့ အိမ်ထောင်သည် ချစ်သူရည်းစားတွေပြုံးပြော် ချစ်နေကြတာ မြင်ပါတယိ
ညီမလေ အဲ့လိုခံစားချက် မရှိနေပါဖူး
ညီမ ပြန်တွေးတိုင်း ဒီအိမ်ထောင်ပြုထားတာက ဘာအတွက်လဲဆိုပြီးတောငိ မသိတော့ပါဖူး
ညီမ ဘာဆက်လုပ်သင့်လဲရှင့် ညီမ အိမ်ထောင်ကွဲလိုက်သင့်တာလားရှင့်
စိတ်အားငယ်နေတာမလို့ အပြုသဘောဆောင်တဲ့ ကွန်မန့်တိုင်းကို သေချာမှတ်ပြီး
ညီမဘက်က စိတ်ရော လူရော ပြုပြင်သင့်တာလေးရလို့ရငြားပါရှင်
ကူညီပါရွင့္ post တင္ေပးပါရွင့္
စာရွည္သြားရင္ ေတာင္းပန္ပါတယ္
ညီမသူနဲ႔ ယူထားတာ တႏွစ္ျပည့္ေတာ့မွာပါ
မၾကာေသးဖူးလို့ ေျပာလည္း ရပါတယ္
ညီမ သူနဲခိုးေျပးၿပီး တလအၾကာမွာ သူ႔ဘက္က မဂ္လာေဆာင္ေပးပါတယ္ တင့္တင့္တယ္တယ္
ညီမအိမ္မွာ ညီမအငယ္ဆုံးပါ မိဘက စိတ္တိုင္းက်ေနတဲ့သူရွိေနရဲ႕သားနဲ့ အဲ့လူနဲ႔ ခိုးေျပးသြားလို႔ ေမေမနဲ႔ တမ်ိဳးလုံးက ညီမကို အဆက္အသြယ္မလုပ္ပဲ ပစ္ထားလိုက္ပါတယ္
တလအၾကား သူတို႔ မဂ္လာေဆာင္ကို ေမေမတေယာက္တည္းေရာက္လာခဲ့ပါတယ္
ေမေမက ညီမကို ခ်စ္လြန္းလို႔ သူစိမ္းေတြၾကားမ်က္ႏွာငယ္မွာစိုးလို႔ အေၾကာငိးအရင္းတစ္ခုတည္းနဲ႔သာ လာေပးခဲ့ပါတယ္
ေမေမက အဲ့ကတည္းက ညီမကို စကားအေျပာအဆို ျပန္လုပ္ေနၿပီေပါ့ေနာ္
အဲ့လူသိရွင္ၾကားလက္ထပ္ပဲဲပီးတာနဲ႔ သူက အရင္ပုံစံနဲ႔မတူေတာ့ပါဖူး
ညီမအိမ္က ခ်မ္းသာပါတယ္ ပိုက္ဆံရွိၿပီး အငယ္ဆုံးသမီးဆိုေတာ့ အဆင္ေျပေျပေနရပါတယ္
ေမေမနဲ႔အမ်ိဳးေတြက လက္ မခံေတာ့ ညီမက သူ႔အိမ္ပဲ လိုကိေနရပါတယ္
ညီမက စိတ္ရင္းနဲ႔ေနတဲ့သူပါ စိတ္ေကာင္းေမြးပါတယိ ဒါေပမယ့္ ဟန္မေဆာင္တန္သလို စကားေတြအမ်ားႀကီးေျပာရတာ မႀကိဳက္ပါဖူး
ေယာက္ခမျဖစ္သူက သူ႔သားကို အရမ္းခ်စ္ပါတယ္ အဲ့မွာ ျပသနာက စပါၿပီ
ညီမက ဘာမွလုပ္ေလ့လုပ္ထမရွိတာပါ
ညီမအိမ္ေထာင္ဖက္က မိန္းမဆိုတာ တအိမ္လုံး သိမ္းႀကဳံးတာဝန္ယူရမယ္ ထမင္းစားၿပီးရင္ေတာင္ ထမင္းစားပြဲကေန သူစားတဲ့ပန္းကန္ေတာင္ မသိမ္းပဲ ထသြားတတ္တာပါ
ညီမေလ အတတ္ႏိုင္ဆုံးႀကိဳးစားပါတယ္ လုပ္ေလ့လုပ္ထမရွိတုန္း စလုပ္ရတာ ညီမအတြက္ အရမ္းပင္ပန္းတာပါ
(ေမေမ့ကို ကိုယ့္သားသမီးကို ဘာမွမသင္ေပး မိန္းမမပီသလို႔ အျပစ္မေျပာေစခ်င္ပါဖူး ေမေမ့အတြကိက ေဖေဖဆုဲးကတည္းက အေဖလည္းသူ အေမလည္းသူ ဆိုေတာ့ သားသမီးေတြကို လူငွား အိမ္အကူနဲ႔ပဲ ထားႏိုင္ခဲ့ပါတယ္)
ညံ့တာ ညီမကိုယ္တိုင္ပါ ညီမက ေက်ာင္းစာအရမ္းအေတာ္ပါတယိ english စကားကို ေကာင္းေကာင္းမြန္မြန္ ကြၽမ္းက်င္ေအာင္ကိုေျပာႏိုင္ပါတယ္
ႏိုင္ငံျခား စေကာ္လာရွစ္လည္းရဖူးပါတယ္ ဒါေပမယ့္ အဲ့လိုဘာလို႔အားသာလည္းဆို ေမေမ အိမ္အလုပ္ကူခိုင္းတိုင္း ညီမက စာခ်ည္းကုန္း႐ုန္းလုပ္တာပါ
စာထဲ ေပ်ာ္ေနရတာႀကိဳက္တဲ့သူပါ
ညီမအိမ္ေထာင္ဖက္အေၾကာင္းဆက္ေျပာပါ့မယ္ရွင္
သူ႔အဝတ္ေတြကို ညီမ လက္ ေမာငိး ျပဳတ္ၿပီလို႔ထင္ရေလာက္ေအာင္ ေလ်ာ္ေပးရပါတယိ
ေမေမဖုန္းဆက္တိုင္းေမေမ အဆင္ေျပတယ္ဆိုၿပီး ေျပာခဲ့လို႔ ေမေမက ညီမ အိမ္ေထာင္ဖက္ကို အျမင္ၾကည္လာပါၿပီ
ေယာက္ခမျဖစ္သူက ညီမဘယ္လိုပဲ အလုပ္လုပိေပးေပး အျမင္မၾကည္ပါဖူး
အိမ္ကိုဧည့္သည္ေတြလာတိုင္း ဧည့္သည္ေတြေရွ႕မွာ ညည္းတို့ လင္မယား အိမ္ေပၚက ဆင္းၾက ႏွင္ခ်မွာ မေနခိုင္းဖူး အဲ့လို negative သေဘာေဆာင္ၿပီး ညီမ ေခါင္းမေဖာ္ႏိုင္မယ့္ စကားေတြပဲ ေျပာလို႔ ညီမ တကယ္ စိတ္မေပ်ာ္ပါဖူးရွင္
အဲ့ စိတ္မေပ်ာ္တာကို အိမ္ေထာင္ဖက္ကိုလည္း ေပးမသိခဲ့ပါဖူး
အဲ့မွာ ညီမ ကေလးရလာပါတယ္
ေဆးကဒ္ေသာကိရင္းနဲ႔ကို ကေလးရလာတာပါ
ညားကာစဆိုေတာ့ ေသာက္နည္းမမွန္လို႔ျဖစ္မယ္လို႔ ogကေျပာခဲ့ပါတယ္
ညီမအဲ့ ကေလးစရတာသိတုန္းက ေပ်ာ္ၿပီး ေမေမ့ကို ဖုန္းဆက္ၿပီး အေၾကာင္းၾကား စိတ္ကူးေလးယဥ္ေနခဲ့ေပမယ့္ အလကားပါပဲ
ကေလးစရကတည္းက အလုပ္ၿပီးရငိ ေသာက္စား ညဖက္ဆို သူ႔အံဖတ္ႀကဳံးရပါတယိ
သူ႔အေမ အေဖနဲ႔တူတူေနေနေပမယ့္ တခြန္းေတာင္ ေရွ႕ေရာကြယ္ရာေရာ ဆိုဆုံးမျခင္းမရွိပါဖူး
သူတို႔သားကို သူတို႔မႏိုင္ဖူးဆိုၿပီးပဲ ေျပာေနတာပါ
ညီမpregrenancy sickness ခံစားရၿပီး ထမင္းဟင္းဆို ျမင္႐ုံေဝး အနံ႔ေတာင္မခံႏိုင္ပါဖူး
တေနကုန္ ထမင္းမစား ဘားမွမစားတဲ့ေန႔ေတာင္ရွိပါတယ္ ညီမ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလး စားခ်င္တာ ေျပာမိေပမယ့္ အလုပ္ရႈပ္ေနတယ္ဆိုၿပီး လ်စ္လ်ဳရွခံရပါတယ္
အဲ့မွာ ကေလး ၂လမွာ ကိုယ္ဝနိပ်က္က်ခဲ့ပါတယိ ကိုယ္ဝန္ပ်က္က်ေတာ့မွ ေမေမက သမီးေလးကို အျပင္မွာျမင္ခ်င္တယ္ဆိုလို႔ ေမေမ့ဆီ သြားေတြ႕ခဲ့ပါတယ္
ေမေမက ညီမကို ျမင္တာနဲ႔ တန္းငိုပါတယိ သူအကုန္သိေနပါတယ္တဲ့
သမီးမ်က္ႏွာကိုၾကည့္လိုက္တာနဲ႔ တေလ်ာက္လုံး ညီမ အဆင္ေျပေန မေျပေနကို သူသိေနပါတယိတဲ့
ညီမလည္း အဲ့ေတာ့မွ ငိုၿပီး ေမေမ့ဆီ အကုန္ေျပာျပမိပါတယ္
ေမေမက သမီးကို အျပင္မွာ တိုက္ခန္း၆လစာငွားေပးမယ္ စားစရိတ္လိုတာ ေထာက္ပံ့မယ္ အဲ့၆လၿပီးရင္ေတာ့ အျပင္မွာပဲ ၂ေယာက္သား ဒိုးတူေဘာက္ဖက္ ရွာစားၾက ဆိုၿပီး ရင္းႏွီးေပးခဲ့ပါတယ္
(ညီမ အိမ္ေထာင္ဖက္ရဲ႕ ဝင္ေငြက အိမ္လခနဲ႔ စားစရိတ္ကို ေကာင္းေကာင္းေထာက္ပံႏိုင္ပါတယ္)
ညီမကေတာ့ အလုပ္မရွိလို႔ အလုပ္ရွာေနတုန္းပါ ညီမ အလုပ္မရမခ်င္း ေနာက္ေနာက္လည္း ညီမလစာသေဘာမ်ိဴး ေမေမက ေထာက္ပံ့ေပးမယ္ေျပာပါတယိ အျပည့္မဟုတ္ေပမယ့္)
ျပသနာက အခုက အဲ့၆လျပည့္မယ့္အေျခအေနပါ
သူက သူ႔အိမ္မွာသာေနရင္ အလကားထိုင္စားလို႔ရတယ္ သူ႔ဝင္ေငြအားလူံးစု႐ုံပဲ
အခုေတာ့ သက္သကိ အပိုကုန္တယ္ဆိုၿပီး ေျပာပါတယ္
သူ႔အိမ္ကို ဒီ၆လၿပီးတာနဲ႔ ျပန္မယ္ မျပနိရင္ နင့္ဘာသာေနခဲ့လို႔ေျပာပါတယ္
ညီမစိတ္က ေမေမ သေဘာမတူတဲ့သူကိုယူၿပီးေမေမ့ဆီက ဒီအကူအညီေတြယူေနရတာေတာင္ အရမ္းရွက္ေနပါၿပီ
ညီမအလုပ္ရွာေပမယ့္ ကံပါပဲ တကယ့္ကို ဘယ္အလုပ္မွ မရတာပါ
ညီမ ငိုရင္လည္း ငိုျပန္ၿပီ ငိုလိုက္အုံး ညီမတေယာက္ေယာက္နဲ႔ မၾကည္ရင္ေတာင္ ညီမဘက္ မွာမရွိပါဖူး ညီမအတြကိ သူက အိမ္ေဖာင္ဖက္ အေဖာ္ သူငယ္ခ်င္းလိုကို မခံစားရတာပါ
ညီမ ဟိုတေန႔က သီခ်င္းနားေထာင္ေတာ့ အိမ္ေထာင္သည္ ခ်စ္သူရည္းစားေတြၿပဳံးေျပာ္ ခ်စ္ေနၾကတာ ျမင္ပါတယိ
ညီမေလ အဲ့လိုခံစားခ်က္ မရွိေနပါဖူး
ညီမ ျပန္ေတြးတိုင္း ဒီအိမ္ေထာင္ျပဳထားတာက ဘာအတြက္လဲဆိုၿပီးေတာငိ မသိေတာ့ပါဖူး
ညီမ ဘာဆက္လုပ္သင့္လဲရွင့္ ညီမ အိမ္ေထာင္ကြဲလိုက္သင့္တာလားရွင့္
စိတ္အားငယ္ေနတာမလို႔ အျပဳသေဘာေဆာင္တဲ့ ကြန္မန္႔တိုင္းကို ေသခ်ာမွတ္ၿပီး
ညီမဘက္က စိတ္ေရာ လူေရာ ျပဳျပင္သင့္တာေလးရလို႔ရျငားပါရွင္