ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၄၆

ညီမ အသက်၂၁ နှစ်ပါ အိမ်ထောင်ပြုထားတာတစ်နှစ်နီးပါးရှိပါပြီ

ညီမအမျိုးသားက ညီမထက်တစ်နှစ်ကြီးပါတယ်

သူကတရုတ်တွေရှိတဲ့နယ်စပ်ဘက်မှာအလုပ်သွားလုပ်တာ နှစ်လ လောက်ပဲရှိပါသေးတယ်

အဲ့မှာသူရည်းစားထားပါတယ်ဖုန်းနံပါတ်တောင်းပြီးဖုန်းထဲကနေရည်းစားဖြစ်ကြတာပါ

ညီမက သူ့ကိုစိတ်ထဲထင့်နေလို့ သူ့ဖုန်းကို Hackကြည့်မှ အလိုဖောက်ပြန်နေမှန်းသိတာပါ..

သူ့ကိုပြောတော့သူက အကုန်Blockလိုက်မယ်ဆိုပြီးပြောပါတယ်..

ညီမ လဲအဲ့အစ်မရဲ့ဖုန်းကိုဆက်ပြီးမိန်းမရှိတယ်ဆိုပြီးပြောခဲ့ပါတယ်

အဲတာနဲ့သူတို့အဆက်သွယ်ပြတ်သွားပါတယ်

သူက အားတိုင်းညီမဆီဖုန်းခေါ်ဖုန်းပြောဖြစ်နေတော့ သူညီမအပေါ်ဖောက်ပြန်ချိန်တောင်မရှိဘူးထင်တာပါ

အကုန်ယုံကြည်ထားတာကို အလိုလုပ်ရက်တယ် ညီမဘာဆက်လုပ်သင့်လဲရှင့်

သူနဲ့ဒီတိုင်းပဲဆက်သွယ်နေပြီး သူပေးတဲ့ လစာ တွေပဲယူထားသင့်သလား

ဒါမှမဟုတ်ပြတ်ပြတ်သားသားလုပ်သင့်သလားရှင့်

သူညီမအပေါ်ဖောက်ပြန်ရက်တယ်ဆိုတဲ့စိတ်ကြီးက ညီမကိုခြောက်လှန့်နေလို့ပါ..

အစက သူကညီမကိုတရုတ်စာသင်တန်းတက်ခိုင်းပြီးစကားပြောတတ်ရင်အလုပ်ရှိတယ်ဆိုပြီးသင်ခိုင်းပြီး

သူ့စီလာခိုင်းတာပါ သင်တန်းက ငါးလလောက်ကြာမှာဆိုတော့ ညီမဘာဆက်လုပ်ရမန်းမသိတော့လို့ပါ

ပြတ်သားသင့်သလား သည်းခံပြီးပဲရှေ့ဆက်ရမလား အကြံပြုပေးပါနော်

ညီမ အသက္၂၁ ႏွစ္ပါ အိမ္ေထာင္ျပဳထားတာတစ္ႏွစ္နီးပါးရွိပါၿပီ

ညီမအမ်ိဳးသားက ညီမထက္တစ္ႏွစ္ႀကီးပါတယ္

သူကတ႐ုတ္ေတြရွိတဲ့နယ္စပ္ဘက္မွာအလုပ္သြားလုပ္တာ ႏွစ္လ ေလာက္ပဲရွိပါေသးတယ္

အဲ့မွာသူရည္းစားထားပါတယ္ဖုန္းနံပါတ္ေတာင္းၿပီးဖုန္းထဲကေနရည္းစားျဖစ္ၾကတာပါ

ညီမက သူ႔ကိုစိတ္ထဲထင့္ေနလို႔ သူ႔ဖုန္းကို Hackၾကည့္မွ အလိုေဖာက္ျပန္ေနမွန္းသိတာပါ..

သူ႔ကိုေျပာေတာ့သူက အကုန္Blockလိုက္မယ္ဆိုၿပီးေျပာပါတယ္..

ညီမ လဲအဲ့အစ္မရဲ႕ဖုန္းကိုဆက္ၿပီးမိန္းမရွိတယ္ဆိုၿပီးေျပာခဲ့ပါတယ္

အဲတာနဲ႔သူတို႔အဆက္သြယ္ျပတ္သြားပါတယ္

သူက အားတိုင္းညီမဆီဖုန္းေခၚဖုန္းေျပာျဖစ္ေနေတာ့ သူညီမအေပၚေဖာက္ျပန္ခ်ိန္ေတာင္မရွိဘူးထင္တာပါ

အကုန္ယုံၾကည္ထားတာကို အလိုလုပ္ရက္တယ္ ညီမဘာဆက္လုပ္သင့္လဲရွင့္

သူနဲ႔ဒီတိုင္းပဲဆက္သြယ္ေနၿပီး သူေပးတဲ့ လစာ ေတြပဲယူထားသင့္သလား

ဒါမွမဟုတ္ျပတ္ျပတ္သားသားလုပ္သင့္သလားရွင့္

သူညီမအေပၚေဖာက္ျပန္ရက္တယ္ဆိုတဲ့စိတ္ႀကီးက ညီမကိုေျခာက္လွန္႔ေနလို႔ပါ..

အစက သူကညီမကိုတ႐ုတ္စာသင္တန္းတက္ခိုင္းၿပီးစကားေျပာတတ္ရင္အလုပ္ရွိတယ္ဆိုၿပီးသင္ခိုင္းၿပီး

သူ႔စီလာခိုင္းတာပါ သင္တန္းက ငါးလေလာက္ၾကာမွာဆိုေတာ့ ညီမဘာဆက္လုပ္ရမန္းမသိေတာ့လို႔ပါ

ျပတ္သားသင့္သလား သည္းခံၿပီးပဲေရွ႕ဆက္ရမလား အႀကံျပဳေပးပါေနာ္