ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၄၈

အိမ်ထောင်ရေးမပြိုကွဲချင်လို့

ဖောက်ပြန်တဲ့ယောကျ်ားရော မိန်းမရောကို ကောင်းကောင်းမွန်မွန်ပြောခဲ့ပါတယ်

ဒါပေမဲ့ အိမ်ထောင်သည်မှန်း သိသွားပြီးတာတောင်

စာရွက်ပေါ်ကလက်မှတ် ငါက ဘာလုပ်ရမှာလဲ၊

နင့်လင်ကနင့်ချစ်ရင် ငါ့ဆီတောင် ရောက်မလာဘူး၊

ငါချစ်တဲ့ယောကျ်ား ငါချစ်ချင်ချစ်မှာ၊

နင့်လင် နင်ထိန်း ဆိုပြီး ပြောတဲ့ မိန်းမတစ်ယောက်နဲ့ပြောဆိုခဲ့ရပါတယ် ။

မိန်းမသားချင်း ကိုယ်ချင်းစာပါလို့ပြောတော့

မိန်းမချင်း ကိုယ်ချင်းစာရအောင် နင်နေတာ မြန်မာကားထဲလား တဲ့

အိပ်တာကို ဘဝကြီးမှတ်နေတာပဲ

အဲ့လိုပြန်ပြောတယ်

ကိုယ်တိုင်လုပ်ကိုင်စားသောက်နိုင်

စာတွေပေတွေဖတ်ပြီး အခြေခံလူ့ကျင့်ဝတ်တောင် မစောင့်ထိန်းနိုင်တဲ့ ယုတ်ညံ့တဲ့ကိုယ်ကျင့်တရားနဲ့စိတ်ဓာတ်ရှိပြီး ဘယ်ချိန်ကွဲမလဲ စောင့်နေရှာတဲ့ အဆင့်တန်းမှန်း သိလိုက်ပြီ

ခုထိလဲ အမျှင်မပြတ်ကြဘဲ အငယ်အနှောင်း ဘဝနဲ့စောင့်နေရှာတယ်၊

ပြောသေးတယ် အငယ်အနှောင်းပြောရအောင်တဲ့ ငါကနင်နဲ့မကွဲသေးဘဲ ယူမယ်များထင်နေလားတဲ့

ဘယ်လိုအောက်တန်းကျ ယုတ်ညံ့လဲဆိုတာ

ခြံခုန်နွားရော စနိုက်မရော

လက်ပူးလက်ကျပ်မိရင် နှစ်ကောင်လုံး J ထဲထည့်မှာပါ၊လက်ခုပ်က နှစ်ဖက်တီးမှမြည်တာမို့ပါ


ဖောက်ပြန်တဲ့ယောက်ျားရော မိန်းမရောကို ကောင်းကောင်းမွန်မွန်ပြောခဲ့ပါတယ်




ငါချစ်တဲ့ယောက်ျား ငါချစ်ချင်ချစ်မှာ၊





အဲ့လိုပြန်ပြောတယ်






