မင်မင်ရေ
ကျမတို့ချစ်သူသက်တမ်း ၆နှစ်ကျော်မှာလက်ထပ်ခဲ့ပါတယ်
ချစ်သူဘဝမှာကျမကိုတော်တော်ချစ်ပါတယ်
သူနဲ့ကျမကတနေရာစီနေပါတယ် လက်ထပ်ပီးကလေးချက်ခြင်းရလို့ကျမကအမေအိမ်မှာနေခဲ့ပီး
သူတာဝန်ကျတဲ့ဆီမလိုက်နေပါဘူး
ကိုယ်ဝန်၄လလောက်မှာ ကျမအပေါ်ဆက်ဆံပုံတွေပြောင်းလာပါတယ်
ဖုန်းလည်းပုံမှန်မဆက်တော့သလို ပြောရင်လည်း ကွာရှင်းပေးဖို့ပဲပြောတယ်
မွေးခါနီးမှသိတာသူ့မှာနောက်၁ယောက်ရှိနေတာ အပျိုတော့မဟုတ်ဘူး
ကလေးအမေနဲ့ ကျမလည်သိသွားရော သူမှားခဲ့ပါတယ်လို့တောင်းပန်တယ်
နောက်တခါမဖြစ်စေရပါဘူးတဲ့
ကလေးမျက်နှာထောက်ပီးသူ့ကို၁ခါလောက်ခွင့်လွှတ်ဖို့ပြောတယ်
သူ့မိဘတွေလည်းတောင်းပန်ကြတယ် မယားငယ်မကလည်းနောက်ဆုတ်ပေးမယ်တဲ့
ထပ်မပတ်သက်တော့ဘူးလို့ပြောတယ် ကျမဘယ်လိုလုပ်ရမလဲ
ဆက်ပေါင်းရမှာလား ကွာရှင်းရမလားမသိဘူးဖြစ်နေတယ်
အခမဲ့တင်ပေးပါနော်မင်မင်
မင်မင်ရေ
ကိုယ်ဝန်၎လလောက်မှာ ကျမအပေါ်ဆက်ဆံပုံတွေပြောင်းလာပါတယ်