မင်မင် ဒီစာလေးကို ကျေးဇူးပြုပြီး တင်ပေးပါနော်
ကျမ ကောင်လေးနဲ့ တွဲတာ ၃နှစ်နီးပါးရှိပါပြီ သူက ၃နှစ်အတွင်းမှာလဲ ပြတ်တာကများများပါ
သူက ငယ်ပါတယ် ၂နှစ်ကျော်လာတော့ သူကအတူနေဖို့ ပြောပါတယ်
ကျမက မယူရသေးပဲ မနေချင်ဘူးလို့ ငြ င်းပါတယ်
ဒါပေမယ့် ပြီးခဲ့တဲ့၁လခွဲလောက်က သူကတွေ့ရအောင်လို့ပြောလို့
ကျမသွားတွေ့ပါတယ်
လူရှင်းပေမယ့် အဲ့လိုလုပ်လို့ မရလောက်ဘူးထင်တဲ့နေရာပါ
တည်းခိုခန်း တို့ဟိုတယ်တို့ဆိုရင်တောင် ကျမလိုက်မှာမဟုတ်ပါဘူး
သူက အတင်းလုပ်ပါတယ် ကျမ သဘောမတူပဲ လက်ခံလိုက်ရပါတယ်
အဲ့လိုဖြစ်ပြီး ကျမလဲ သူ့ကိုစိတ်တိုလို့ ပြောဆိုပစ်ပါတယ်
သူကလဲ ပြန်စိတ်ဆိုးပါတယ် ကိုယ်ဝန်တော့မရပါဘူး
သူ အရေးပေါ် တားဆေးလာပေးလို့ သောက်လိုက်လို့ပါ
အဲ့လိုဖြစ်သွားလို့ ကျမကယူခိုင်းပါတယ် ယူလို့ သူအလုပ်မရှိသေးဘူးလို့ပြောပြီး ကျမတို့ အရင်လိုပဲ
သူက သိပ်ဂရုမစိုက်တဲ့ပုံပြလာရင် သူ့ကို အောက်တန်းစားဘာညာတွေ ကျမသွားပြောဆိုလိုက်တယ်
ခုသူမဆက်သွယ်တာ ၁၈ရက်ရှိပါပြီ
ကျမလဲ လုံးဝသွားမခေါ်ပါဘူး ကျဘာလုပ်သင့်လဲရှင်
ဒီတိုင်းပဲ မေ့လိုက်ရမှာလား
အဲ့လိုဖြစ်ထားတဲ့သူနဲ့ပဲ ယူချင်ပေမယ့် သူကအောက်တန်းကျနေပါတယ်
ခုချိန်ကတရားစွဲရင်လဲ ကျမတို့ဘက်က တရားဥပဒေက မစိုးမိုးတဲ့ချိန်ပါ အဲ့လိုလုပ်လိုက်ရင်
ကျမ ၂ ခါအရှက်ရမှာကိုလဲ စိုးရိမ်မိပါတယ်
ကျမလဲရှင်သန်ရအုံးမှာမလို့
ပြီးတော့ ကျမအိမ်ထောင်များကျခဲ့ရင် အဲ့လိုဖြစ်ထားတာကို
အိမ်ထောင်ဘက်က သိနိုင်လား
ကျမ စိတ်တွေညစ်နေလို့ပါ
အဲ့ကောင်ကိုလဲ တကယ်ကိုမုန်းပါတယ်
ကျမကို အကြံပေးကြပါအုံးရှင်🙏🙏
ကျမသွားတွေ့ပါတယ်