ဟဲလို အစ်မတို့ရေ အကူအညီတောင်းချင်တာလေးတွေရှိလို့ပါသေချာလေးပြောပြပေးကြပါနော်
ညီမကမိန်းကလေးပါ အသက်၁၉ပါ။
ဒီဇင်ဘာလအစပိုင်းလောက်မှာတွေ့ခဲ့တဲ့လူတစ်ယောက်ကိုသဘောကျနေမိလို့ပါရှင်
အရင်ကလည်းရည်းစားတွေထားဖူးပါတယ် ညီမဘက်ကစကြိုက်တာမရှိဖူးဘူး
လာကြိုက်လို့သေချာစဉ်းစားပြီးလက်ခံပြီးတွဲခဲ့တာတွေပေါ့နော်
ဒါပေမဲ့ဒီတစ်ခါတော့ဆရာဝန်လေးတစ်ယောက်ကိုအထင်ကြီးလေးစားရာကစပြီး fall in love သွားမိလို့ပါ။
သူကတော့ခနပဲတွေ့လိုက်ရပြီး ၁၀ရက်လောက်ပဲအနီးကပ်နေခဲ့ရတာပါ
ခဏလာကူညီပေးတာပေါ့နော် ရည်းစားမရှိတာတော့သေချာပါတယ်
တော်တော်လေးအေးပါတယ် အမြဲတိတိကျကျနဲ့ အလုပ်ကိုပဲအာရုံစိုက်ပြီး အားရင်လဲလိုအပ်တဲ့ဆေးဝါးတွေနဲ့စာကိုပဲလေ့လာနေတဲ့သူမျိုးပါ
သူ့သူငယ်ချင်းပြောပြတာတော့ရည်းစားလဲသိပ်မထားဖူးဘူး
ကြိုက်ရင်တောင်ဖွင့်မပြောဘဲသူ့ဘာသူအေးဆေးနေတတ်တဲ့သူမျိုးပါတဲ့
ညီမနဲ့ကလုံးဝဆန့်ကျင်ဘက်typeပါ ညီမက boyish type နဲ့အမြဲပရမ်းပတာ လုပ်ချင်ရာလုပ်သွားချင်ရာသွား
ပေါက်ကရအမြဲပြောစနောက် happy virus မျိုးပါ
အမြဲယောကျ်ားလေးဆန်ဆန်နဲ့မို့ ယောကျာ်းလေးတွေသဘောကျစရာပုံစံတော့မဟုတ်ပါဘူး မိန်းမမာယာလဲမသုံးတတ်😑
သူ့ရှေ့မှာတည်တည်တံ့တံ့နေမယ်လုပ်ပြီးကာမှ ကလေးတွေနဲ့ပတ်ပြေးပြီးဆော့နေတာတွေ မူးပြီးအော်ဟစ်ငိုတာတွေ
ပေါက်ကရစနောက်ပြောတာတွေတလွဲတွေပဲလုပ်မိနေလို့ impression တွေလဲ တော်တော်လေး down ခဲ့ပါတယ်။
အခုတော့ထပ်မတွေ့ရတော့ပါဘူး သူတို့နားရောက်ရင်ဖုန်းခေါ် လာတွေ့မယ်လို့ပြောပေမဲ့ ညီမကအပြင်သိပ်မထွက်ရတဲ့သူပါ
လိုင်းပေါ်မှာစကားသွားပြောလဲ သာမန်ဝတ်ကြေတန်းကြေပဲပြန်ပြောပြီး
ညီမကအတင်းစကားရှာပြော သူကစကားဖြတ်ချထားခဲ့တတ်တဲ့သူမျိုးပါ။
ဒီတစ်ယောက်ကိုတော်တော်လေးသဘောကျတာမို့ဘာလုပ်ရမလဲအကြံပေးကြပါအုံး
ဘယ်လို attention ယူရမလဲ ဘယ်လိုတွေစရမလဲပြောပြပေးကြပါ။
ယောကျ်ားလေးတွေကသူတို့ကိုအသည်းအသန်လိုချင်နေရင် ပိုစိတ်မဝင်စားတတ်ကြတာလား
ညီမကသူ့အကြိုက်typeလုံးဝမဟုတ်ပါဘူး တစ်ခုချင်းပြောင်းလဲဖို့လဲတွေးထားပါတယ်
သူ့ဆီကအာရုံစိုက်ခံရလာဖို့ ပြန်မကြိုက်ရင်တောင်နီးစပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားရမလဲအကြံပေးကြပါဦး။
အောက်ကနှစ်ပုံက ပထမပုံက စကားသွားပြောရင်စာပြန်တဲ့အချိန်ကိုပြချင်တာပါ
ညီမကချက်ချင်းပြန်လဲတစ်ခါတစ်ခါကို ၅မိနစ်လောက်ကြာမှပြန်ပါတယ်။
ဒုတိယပုံကညီမစကားတွေအများကြီးပြောနေလဲ သူကတစ်ကြောင်းနှစ်ကြောင်းလောက်ပဲပြန်ပြောတာကိုပြချင်တာပါ။
ဟဲလို အစ္မတို႔ေရ အကူအညီေတာင္းခ်င္တာေလးေတြရွိလို႔ပါေသခ်ာေလးေျပာျပေပးၾကပါေနာ္
ညီမကမိန္းကေလးပါ အသက္၁၉ပါ။
ဒီဇင္ဘာလအစပိုင္းေလာက္မွာေတြ႕ခဲ့တဲ့လူတစ္ေယာက္ကိုသေဘာက်ေနမိလို႔ပါရွင္
အရင္ကလည္းရည္းစားေတြထားဖူးပါတယ္ ညီမဘက္ကစႀကိဳက္တာမရွိဖူးဘူး
လာႀကိဳက္လို႔ေသခ်ာစဥ္းစားၿပီးလက္ခံၿပီးတြဲခဲ့တာေတြေပါ့ေနာ္
ဒါေပမဲ့ဒီတစ္ခါေတာ့ဆရာဝန္ေလးတစ္ေယာက္ကိုအထင္ႀကီးေလးစားရာကစၿပီး fall in love သြားမိလို႔ပါ။
သူကေတာ့ခနပဲေတြ႕လိုက္ရၿပီး ၁၀ရက္ေလာက္ပဲအနီးကပ္ေနခဲ့ရတာပါ
ခဏလာကူညီေပးတာေပါ့ေနာ္ ရည္းစားမရွိတာေတာ့ေသခ်ာပါတယ္
ေတာ္ေတာ္ေလးေအးပါတယ္ အၿမဲတိတိက်က်နဲ႔ အလုပ္ကိုပဲအာ႐ုံစိုက္ၿပီး အားရင္လဲလိုအပ္တဲ့ေဆးဝါးေတြနဲ႔စာကိုပဲေလ့လာေနတဲ့သူမ်ိဳးပါ
သူ႔သူငယ္ခ်င္းေျပာျပတာေတာ့ရည္းစားလဲသိပ္မထားဖူးဘူး
ႀကိဳက္ရင္ေတာင္ဖြင့္မေျပာဘဲသူ႔ဘာသူေအးေဆးေနတတ္တဲ့သူမ်ိဳးပါတဲ့
ညီမနဲ႔ကလုံးဝဆန႔္က်င္ဘက္typeပါ ညီမက boyish type နဲ႔အၿမဲပရမ္းပတာ လုပ္ခ်င္ရာလုပ္သြားခ်င္ရာသြား
ေပါက္ကရအၿမဲေျပာစေနာက္ happy virus မ်ိဳးပါ
အၿမဲေယာက်္ားေလးဆန္ဆန္နဲ႔မို႔ ေယာက်ာ္းေလးေတြသေဘာက်စရာပုံစံေတာ့မဟုတ္ပါဘူး မိန္းမမာယာလဲမသုံးတတ္😑
သူ႔ေရွ႕မွာတည္တည္တံ့တံ့ေနမယ္လုပ္ၿပီးကာမွ ကေလးေတြနဲ႔ပတ္ေျပးၿပီးေဆာ့ေနတာေတြ မူးၿပီးေအာ္ဟစ္ငိုတာေတြ
ေပါက္ကရစေနာက္ေျပာတာေတြတလြဲေတြပဲလုပ္မိေနလို႔ impression ေတြလဲ ေတာ္ေတာ္ေလး down ခဲ့ပါတယ္။
အခုေတာ့ထပ္မေတြ႕ရေတာ့ပါဘူး သူတို႔နားေရာက္ရင္ဖုန္းေခၚ လာေတြ႕မယ္လို႔ေျပာေပမဲ့ ညီမကအျပင္သိပ္မထြက္ရတဲ့သူပါ
လိုင္းေပၚမွာစကားသြားေျပာလဲ သာမန္ဝတ္ေၾကတန္းေၾကပဲျပန္ေျပာၿပီး
ညီမကအတင္းစကားရွာေျပာ သူကစကားျဖတ္ခ်ထားခဲ့တတ္တဲ့သူမ်ိဳးပါ။
ဒီတစ္ေယာက္ကိုေတာ္ေတာ္ေလးသေဘာက်တာမို႔ဘာလုပ္ရမလဲအႀကံေပးၾကပါအုံး
ဘယ္လို attention ယူရမလဲ ဘယ္လိုေတြစရမလဲေျပာျပေပးၾကပါ။
ေယာက်္ားေလးေတြကသူတို႔ကိုအသည္းအသန္လိုခ်င္ေနရင္ ပိုစိတ္မဝင္စားတတ္ၾကတာလား
ညီမကသူ႔အႀကိဳက္typeလုံးဝမဟုတ္ပါဘူး တစ္ခုခ်င္းေျပာင္းလဲဖို႔လဲေတြးထားပါတယ္
သူ႔ဆီကအာ႐ုံစိုက္ခံရလာဖို႔ ျပန္မႀကိဳက္ရင္ေတာင္နီးစပ္ႏိုင္ဖို႔ ဘယ္လိုေတြႀကိဳးစားရမလဲအႀကံေပးၾကပါဦး။
ေအာက္ကႏွစ္ပုံက ပထမပုံက စကားသြားေျပာရင္စာျပန္တဲ့အခ်ိန္ကိုျပခ်င္တာပါ
ညီမကခ်က္ခ်င္းျပန္လဲတစ္ခါတစ္ခါကို ၅မိနစ္ေလာက္ၾကာမွျပန္ပါတယ္။
ဒုတိယပုံကညီမစကားေတြအမ်ားႀကီးေျပာေနလဲ သူကတစ္ေၾကာင္းႏွစ္ေၾကာင္းေလာက္ပဲျပန္ေျပာတာကိုျပခ်င္တာပါ။