မင်မင်ရေရင်ဖွင့်ချင်လို့ပါ
ညီမက၁၇နှစ်အရွယ်ပါညီမငယ်ငယ်တည်းကအဖေနဲ့အမေကအမြဲရန်ဖြစ်ပါတယ်
အဖေကအမေကိုအမြဲလက်ပါပါတယ် တခါတလေဆိုအဖေကတော်တော်လွန်ပါတယ်
ညီမကငယ်ငယ်ကဖေဖေကိုအရမ်းချစ်တာပါ ဒါပေမယ့်အဲ့လိုတွေတွေ့တာများတော့ဖေဖေကိုကြီးလာတော့သိပ်မချစ်တော့ပါဘူး
ဒါပေမယ့်ညီကအမြဲသားသမီးတာ၀န်ကျေသင့်တယ်ဆိုပြီး လိမ္မာတဲ့သားသမီးဖြ၀်အောင်နေပါတယ်
အဖေကညီမတို့ညီအမ၂ယောက်ကိုတော့အရမ်းချစ်ပါတယ် ညီမတို့ကိုလက်ပါတယ်ဆိုတာတောင်ရှားပါတယ်
ဖေဖေကလောင်းကစားအသောက်အစားအကုန်လုပ်တဲ့သူပါ ပိုက်ဆံရှာနိုင်ပေမယ့်အကုန်ပြန်ဖြုန်းဖြစ်တာပါပဲ
အကြွေးတွေတင်တဲ့ထိလောင်းကစားက်ုလုပ်တာပါ မေမေကဖေဖေအရမ်းချစ်တာပါ
ညီမကမေမေနဲ့ငယ်ငယ်လေးတည်းကနေခဲ့ရတဲ့သူမို့ မေမေဘယ်လောက်ချစ်လဲဆိုတာသိပါတယ်
ပြသနာတက်တိုင်းမေမေကအမြဲလိုက်ရှင်းပေးတာပါ ဒါပေမယ့်မေမေကအပြောအဆိုမတတ်တော့ဖေဖေကသိပ်မကြည်ပါဘူး
၂ယောက်လုံးကမာန်မာနအရမ်းကြီးတဲ့သူတွေပါ ပြီးတော့သူတို့အမျိုးထိရင်၂ယောက်လုံးကမကြီုက်ပါဘူး
မေမေကရန်ဖြစ်ရင်ဖေဖေအမျိုးတွေကိုမကောင်းပြောတတ်ပါတယ်အဲ့မှစရန်ဖြစ်တာပါပဲ
ပြီးတော့တကယ်လည်းဖေဖေညီမကအကျင့်မကောင်းပါဘူး
ညီမတို့ကိုသူ့တူမတွေပေမယ့်လည်းတစ်စက်တောင်မချစ်ပါဘူး
ဖေဖေဘက်ကအမျိုးစရိုက်ကသူတို့ထိန်းချုပ်နိုင်မယ့်မိန်းမမျိုးမဟုတ်ရင် မရရအောင်ကွဲခိုင်းပြီး တခြားမိန်းမနဲ့ပေးစားတာပါ
ဖေဖေတို့ကညီအကို၃ယောက်နဲ့ညီမတယောက်တည်းရှိတော့ အဲ့ညီမကိုအရမ်းချစိတာပါ
အဲ့ထဲမှာညီမအဖေကမောင်နှမအချစ်တတ်ဆုံးနဲ့အမျိုးအသိဆုံးပါ ဖေဖေကညီမမွေးတော့မှ အလုပ်စလုပ်တာပါ
မေမေကအိမ်ထောင်စကျကတည်းကညီမမမွေးခင်ကလာထိသူစီးပွားရှာတာပါ
မေမေရှာထားသမျှလည်းဖေဖေကလောင်းကစားလုပ်ပြီးအကုန်ဖြုန်းပစ်ပါတယ်
ခုသူရှာတာလည်းညီမတို့ကိုပေးတော့ပေးပါမယ် သူဖြုန်းတာရယ်သူအမျိုးတွေရယ်ပဲထောက်ပံ့ပေးနေတာပါ
အဲ့တာတွေလည်းကိစ္စမရှိပါဘူး ခုပြသနာက၂၀၂၂တုန်းကဖေဖေကရိုက်မှုနဲ့ပြသနာတက်ပြီးသူ့နယ်မှာရှောင်ရပါတယ်
ညီမတို့ကမြို့မှာနေတာရယ် နိုင်ငံရေးမကောင်းတာရယ်ကြောင့် လိုက်မသွားနိုင်ပါဘူး
သူတယောက်တည်းသူ့ညီမအိမ်ဆီသွားနေရတာပါ သမီးအဒေါ်အိမ်မှာကအဒေါ်ကအိမ်ထောင်မကျတော့သူတို့ရွာကမိန်းကလေးတစ်ယောက်နဲ့ငယ်ငယ်တည်းကတူတူနေပါတယ်
ဖေဖေကအဲ့မှာ၁လနီးပါးသွားနေရပါတယ် အဲ့မိန်းကလေးကဖေဖေရဲ့အကို၁ယောက်နဲ့ဖောက်ပြန်တယ်ဆိုပြီး နာမည်တွေထွက်ထားတာပါ
အဲ့တာကြောင့်လည်းသမီးဦးလေးလင်မယားကကွဲသွားပါတယ် ခုလည်းညီမအဖေနဲ့ဖောက်ပြန်တယ်ဆိုပြီးသတင်းတွေထွက်လာပါတယ်
အဲ့ထွက်တဲ့သတင်းကလည်းညီမတို့အဲ့ကိုအလည်ခရီးသွားတော့ထွက်လာတာပါ
ညီမအမကအဲ့လိုသတင်းထွက်တော့ အဲ့အန်တီကိုသွားပြီးရှင်းပါတယ် အန်တီအဖေနဲ့ဖောက်ပြန်တာမဟုတ်ရင်သစ္စာဆိုပြပါဆိုတော့
အဲ့မိန်းမကမဆိုပါဘူး အဲ့တာကိုအဲ့လိုလုပ်ရမလားဆိုပြီးညီမအဖေကညီမအမကိုရိုက်မဟ်လုပါတယ်
အဲ့တာကို ညီမအမေကကြားကခံတာကိုမေမေကိုလည်းသတိလစ်အောင်ရိုက်လိုက်ပါတယ်
ဖေဖေကအဲ့အန်တီဘက်မှအဲ့အန်တီဘက်ပါ ညီမအဒေါ်ကလည်းအဲ့အန်တီဘက်ကပါ အဲ့အန်တီကညီမအဖေရှေ့တော့ညီမတို့ကိုဘာမှမပြောပေမယ့်ညီမအဖေအပြင်ရောကါသွားတော့ညီမတို့ကိုပိုးဆိုးပက်စက်ပြောတာပါ
ညီမအဒေါ်ကလည်းညီမတို့ကိုသူတို့အိမ်ကခွေးမောင်းသလိုမောင်းထုတ်ပါတယ်
အဲ့ကိစ္စတွေဖြစ်ပြီး၁လအကြာမှာမေမေကဖေဖေနဲ့ပြန်ပေါင်းပါတယ်
သူအဖေ့ကမေမေကိုပြောခဲ့ပါတယ် ဘယ်တော့မှအိမ်ထောင်ကွဲတာမမြင်ချင်ဘူးဆိုလို့ပါ
ဒါပေမယ့်လေမေမေကပုံမှန်လိုမဟုတ်တော့ပါဘူး သံသယတွေအရမ်းများပြီးတခါတလေဆိုတော်တော်မိုက်ရိုင်းတာတွေပြောပါတယ်
ညီမကမိန်းကလေးဆိုတော့မိန်းကလေးအမြင်နဲ့ကြည့်ရင် ကိုယ်ချင်းစာနိုင်ပါတယ် မေမေကိုလည်းတကယ်သနားမိပါတယ်
ဒါပေမယ့်လည်းညီမကအခုtraumaတွေရနေပါပြီ
ငယ်ငယ်လေးကတည်းကအဲ့လိုအရိုက်ခံနေရတဲ့မြင်ကွင်းတွေပြီးတော့ဒီလိုဖောက်ပြန်ခံရတာတွေ ညီမအဒေါ်ကညီမတို့ကိုခွေးမောင်းသလိုမောင်းချတာတွေ
ခုမေမေကသံသယံနဲ့ပြောတဲ့စကားတွေကနားထဲယောင်နေပါတယ်
ညဆိုလည်းအိမ်မက်ဆိုးတွေမက်နေတယ်ပြီးတော့ ညီမစာကျက်နေရင်းတောင် အဲ့ကိစ္စတွေတွေးပြီးအဖေနဲ့အဲ့အန်တီကိုသတ်နေတယ်လို့မနောကံနဲ့တောင်ပစ်မှားမိပါတယ်
သတိပြန်၀င်လာရင်ကြောက်ပြီးထိုင်ငိုနေမိပါတယ် ဖေဖေကိုခုတွေ့လည်းငယ်ငယ်လေးတုန်းကမချစ်တော့သလိုသူအတွက်လည်းဘာမှမလုပ်ပေးချငိတော့ပါဘူ
ခုပြသနာကမေမေကလည်းသံသယတွေများအတွေးလွန်ပြီး စိတ်အခြေအနေတစ်ခုခုဖြစ်သွားမှာစိုးတာပါ
ညီမအမကလည်းကျန်းမာရေးမကောင်းပါဘူး ညီမကလည်းခုမှအထက်တန်းကျောင်းသူပါ
ညီမတခါတလေကျမိသားစုနဲ့မနေချင်တော့ဘူး ညီမတစ်ယောက်တည်းကျောင်းပြီးရင်အလုပ်လေးလုပ်ပြီးအဆောင်မှာနေချင်တာပါ
အိမ်ကအမေနဲ့အမကညီမကိုစိတ်မချလို့ညီမကဘယ်မှလည်းမသွားရပါဘူး
ပြောရရင်ညီမကမိသားစုလည်းကျောခိုင်းပြီးတကိုယ်ကောင်းဆန်ချင်မိပါတယ်
အမှန်ပြောရရင်ညီမတကယ်ပင်ပန်းနေပါပြီ တခြားညီမနဲ့ရွယ်တူလေးတွေကမိသားစုအတွက်မပူရတာမြင်ရင်အားကျပါတယ်
နောက်တစ်ချက်ကခုဖောက်ပြန်တဲ့ကိစ္စဖြစ်ပြီး ညီမtraumaရပြီးစိတ်ကျရောဂါဖြစ်လာသလိုခံစားရပါတယ်
တစ်ဖက်မှာလည်းအမေကောအမကောကနေမကောင်းတော့ ငါငါ့အမေနဲ့အမကိုကာကွယ်ရမယ်ဆိုပြီးတွေးမိပါတယ်
ဒါပေမဟ့်ညီမကိုယ်တိုင်ကအရမ်းနာကျင်နေရပြီးအရှုံးပေးချင်နေပါပြီ
ခုအခြေအနေကစုပ်လည်းစူးစားလည်းရူးအခြေအနေပါဘယ်လိုလုပ်ရမယ်မှန်းလဲမသိတော့ပါဘူး