ဆရာမ. ကျွန်မနဲ့အမျိုးသားကအိမ်ထောင်ကျတာ ၁၃. နှစ်ရှိပါပြီချစ်ကြိုက်လို့ယူခဲ့ကြပါတယ်..
နှစ်ယောက်သားကြိုးကြိုးစားစားစီးပွားရှာစုဆောင်းခဲ့ပါတယ်..
အလုပ်ကလဲဝင်ငွေပိုပိုပြီးကောင်းတဲ့အလုပ်တွေလုပ်ခဲ့ကြပါတယ်..
အမျိုးသားကကလေးမလိုချင်ဘူးဆိုလို့နှစ်ဦးသဘောတူကလေးမယူကြပါဘူး
ဒီလိုနဲ့အိမ်ထောင်သက် ၁၀နှစ်ရောက်တော့ဖောက်ပြန်ပါတယ်
တယောက်ထဲတောင်မဟုတ်ဘူးနှစ်ယောက်ပြိုင်ပြီးဖောက်ပြန်ပါတယ်..
တနေ့ကျွန်မသိသွားတော့အဲဒီမိန်းမနှစ်ယောက်ထဲကတယောက်နဲ့ဖုန်းပြောဖြစ်ပါတယ်..
အဲဒီနောက်ပိုင်းရှေ့ဆက်မတိုးကြတော့ဘူး..ပြီးသွားပြီလို့ပြောပါတယ်..
ဒီနောက်ပိုင်းအသံမထွက်တော့တကယ်ပြီးသွားပြီလို့ယူဆပါတယ်..
ဒါနဲ့ပဲအိမ်ထောင်သက် ၁၃. နှစ်အရောက်ခုလက်ရှိအချိန်ပေါ့..
သူ့ရဲ့အလုပ်ကစာရေးမတယောက်နဲ့ဖောက်ပြန်တယ်အသံထွက်လာပါတယ်..
နောက်ပိုင်းမကြာပါဘူး ကိုယ်ဝန်ပါရှိနေပြီလို့သိရတယ်..
ဒါနဲ့မပြီးသေးပါဘူး..လွန်ခဲ့တဲ့ ၃. နှစ်ကဖောက်ပြန်ခဲ့တဲ့မိန်းမကလဲတစခန်းပြန်ထလာတယ်..
သူတို့ဖောက်ပြန်တဲ့အချိန်တုန်းကကိုယ်ဝန်ရသွားပြီးကလေးမွေးထားပြီးပါပြီ..မိန်းမလေး ၂ နှစ်ကျော်ပြီတဲ့..
ဒါနဲ့မပြီးသေးပါဘူး..မိန်းမတယောက်နဲ့လဲခရီးသွားရင်းလမ်းမှာတွေ့ကြရင်းနဲ့သိကျွမ်းပြီးကြိုက်ကြလင်မယားလိုနေကြပြန်တယ်တဲ့…
အိမ်ထောင်သက်တလျောက်လုံးကြိုးကြိုးစားစားအလုပ်လုပ်ခဲ့သမျှ
ခုအမျိုးသားကသူဝါသနာအပါဆုံးနဲ့ဝင်ငွေကောင်းတဲ့အလုပ်ကိုလုပ်နေပါပြီ..
ဒါပေမဲ့ပိုက်ဆံရသလောက်အိမ်ကိုမရောက်တော့ပါဘူးမပေးတော့ပါဘူး..
ကျွန်မကိုမကောင်းတက်လို့ပေးရတဲ့အပေးမျိုးပဲပေးပါတော့တယ်လုံးဝမပေးတော့တဲ့လတောင်ရှိပါတယ်..
ကျွန်မကြိုးစားခဲ့သမျှသဲထဲရေသွန်ဖြစ်ပြီပေါ့…ကျွန်မဘာလုပ်သင့်ပါသလဲ..
အရမ်းချစ်ပြီးမှယူထားခဲ့တာနှစ်ယောက်တဘဝဖြစ်နေတော့ကျွန်မလွယ်လွယ်မေ့မရဘူးဖြစ်နေတယ်..
သေမတက်ရူးမတက်ခံစားနေရတယ်.. နှလုံးရောဂါပါဖြစ်လို့ဆေးကုနေရပြီ…
ကျွန်မဘာလုပ်ရမလဲ အဆိုးရွားဆုံးအချိန်ကိုခက်ခက်ခဲခဲကျော်ဖြတ်နေရတယ်..
ကျွန်မကိုကူညီအားပေးကြပါ စိတ်ဓာတ်ခွန်အားတွေပေးကြပါ..နော်..
ဆရာမ. ကြၽန္မနဲ႔အမ်ိဳးသားကအိမ္ေထာင္က်တာ ၁၃. ႏွစ္ရွိပါၿပီခ်စ္ႀကိဳက္လို႔ယူခဲ့ၾကပါတယ္..
ႏွစ္ေယာက္သားႀကိဳးႀကိဳးစားစားစီးပြားရွာစုေဆာင္းခဲ့ပါတယ္..
အလုပ္ကလဲဝင္ေငြပိုပိုၿပီးေကာင္းတဲ့အလုပ္ေတြလုပ္ခဲ့ၾကပါတယ္..
အမ်ိဳးသားကကေလးမလိုခ်င္ဘူးဆိုလို႔ႏွစ္ဦးသေဘာတူကေလးမယူၾကပါဘူး
ဒီလိုနဲ႔အိမ္ေထာင္သက္ ၁၀ႏွစ္ေရာက္ေတာ့ေဖာက္ျပန္ပါတယ္
တေယာက္ထဲေတာင္မဟုတ္ဘူးႏွစ္ေယာက္ၿပိဳင္ၿပီးေဖာက္ျပန္ပါတယ္..
တေန႔ကြၽန္မသိသြားေတာ့အဲဒီမိန္းမႏွစ္ေယာက္ထဲကတေယာက္နဲ႔ဖုန္းေျပာျဖစ္ပါတယ္..
အဲဒီေနာက္ပိုင္းေရွ႕ဆက္မတိုးၾကေတာ့ဘူး..ၿပီးသြားၿပီလို႔ေျပာပါတယ္..
ဒီေနာက္ပိုင္းအသံမထြက္ေတာ့တကယ္ၿပီးသြားၿပီလို႔ယူဆပါတယ္..
ဒါနဲ႔ပဲအိမ္ေထာင္သက္ ၁၃. ႏွစ္အေရာက္ခုလက္ရွိအခ်ိန္ေပါ့..
သူ႔ရဲ႕အလုပ္ကစာေရးမတေယာက္နဲ႔ေဖာက္ျပန္တယ္အသံထြက္လာပါတယ္..
ေနာက္ပိုင္းမၾကာပါဘူး ကိုယ္ဝန္ပါရွိေနၿပီလို႔သိရတယ္..
ဒါနဲ႔မၿပီးေသးပါဘူး..လြန္ခဲ့တဲ့ ၃. ႏွစ္ကေဖာက္ျပန္ခဲ့တဲ့မိန္းမကလဲတစခန္းျပန္ထလာတယ္..
သူတို႔ေဖာက္ျပန္တဲ့အခ်ိန္တုန္းကကိုယ္ဝန္ရသြားၿပီးကေလးေမြးထားၿပီးပါၿပီ..မိန္းမေလး ၂ ႏွစ္ေက်ာ္ၿပီတဲ့..
ဒါနဲ႔မၿပီးေသးပါဘူး..မိန္းမတေယာက္နဲ႔လဲခရီးသြားရင္းလမ္းမွာေတြ႕ၾကရင္းနဲ႔သိကြၽမ္းၿပီးႀကိဳက္ၾကလင္မယားလိုေနၾကျပန္တယ္တဲ့…
အိမ္ေထာင္သက္တေလ်ာက္လုံးႀကိဳးႀကိဳးစားစားအလုပ္လုပ္ခဲ့သမွ်
ခုအမ်ိဳးသားကသူဝါသနာအပါဆုံးနဲ႔ဝင္ေငြေကာင္းတဲ့အလုပ္ကိုလုပ္ေနပါၿပီ..
ဒါေပမဲ့ပိုက္ဆံရသေလာက္အိမ္ကိုမေရာက္ေတာ့ပါဘူးမေပးေတာ့ပါဘူး..
ကြၽန္မကိုမေကာင္းတက္လို႔ေပးရတဲ့အေပးမ်ိဳးပဲေပးပါေတာ့တယ္လုံးဝမေပးေတာ့တဲ့လေတာင္ရွိပါတယ္..
ကြၽန္မႀကိဳးစားခဲ့သမွ်သဲထဲေရသြန္ျဖစ္ၿပီေပါ့…ကြၽန္မဘာလုပ္သင့္ပါသလဲ..
အရမ္းခ်စ္ၿပီးမွယူထားခဲ့တာႏွစ္ေယာက္တဘဝျဖစ္ေနေတာ့ကြၽန္မလြယ္လြယ္ေမ့မရဘူးျဖစ္ေနတယ္..
ေသမတက္႐ူးမတက္ခံစားေနရတယ္.. ႏွလုံးေရာဂါပါျဖစ္လို႔ေဆးကုေနရၿပီ…
ကြၽန္မဘာလုပ္ရမလဲ အဆိုး႐ြားဆုံးအခ်ိန္ကိုခက္ခက္ခဲခဲေက်ာ္ျဖတ္ေနရတယ္..
ကြၽန္မကိုကူညီအားေပးၾကပါ စိတ္ဓာတ္ခြန္အားေတြေပးၾကပါ..ေနာ္..