ဒီpageမှာ ရှိတဲ့သူတွေ အားလုံး မင်္ဂလာပါရှင် အကြံဉာဏ်လေး တောင်းချင်လို့ပါ
ညီမ သူနဲ့ ချစ်သူဖြစ်တာ ချစ်သူသက်တမ်း ၄နှစ်ကျော်ပါပြီ။
နှစ်ယောက်စလုံးအတွက်က ရည်စားဦးတွေပါ။
သူက မိန်းကလေးကိစ္စလည်း လှည့်ကြည့်စရာမလိုအောင် စိတ်ချရပါတယ်။
ပြဿနာက သူကနည်းနည်းနုံပါတယ်။ဒါကလည်း နှိမ်ပြီးပြောတာ မဟုတ်ပါဘူး၊ နှစ်ယောက်စလုံးက ဘဝသမားတွေပါ။
သူကငယ်ငယ်ကတည်းက သူ့အဒေါ်ရဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ် ၊
အခု သူ အသက်၂၄ ကျော်ပါပြီ အိုးပိုင် အိမ်ပိုင် တစ်ခုမှ မရှိသေးပါဘူး။
ဆိုးတာက မိဘနဲ့ဝေးရာမှာ ဘယ်တော့မှ မနေတာပါပဲ၊လောင်းရိပ်မိနေသလိုပါပဲ။
အခုအလုပ်လုပ်တဲ့ နေရာကနေ ဘယ်မှာမှ မပြောင်းဖူးပါဘူး။ညီမက အခုထိုင်းမှာပါ။
သူ့ကိုခေါ်တော့ သူ့မိဘတွေကို စိတ်မချဘူးပြောပါတယ်။
သူ့မှာ ညီမတစ်ယောက်လည်း အိမ်မှာ ရှိပါတယ်။
ယူပြီးရင်လည်း သူမိဘအိမ်မှာ လိုက်နေဖို့ ညီမကိုပြောပါတယ်။
သူ့ညီမက ယောကျ်ားရပြီးရင် သူ့မိဘနဲ့ နေမှာမဟုတ်ဘူး သူကသူ့မိဘကိုကြည့်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။
ညီမက သူနဲ့နှစ်ယောက် တည်း သီးသန့်နေချင်ပေမယ့် သူ့ဆန္ဒကို လိုက်လျောဖို့ ဆုံးဖြတ်ထားပါတယ်။
ညီမတို့ ချစ်သူဖြစ်တာ နှစ်ဖက်မိဘ အားလုံးသိပါတယ်။
သူညီမကိုချစ်လည်း ချစ်သလို ဘယ်တော့မှလည်း စည်းကျော်တာမျိုး မရှိပါဘူး။
သူမိဘနဲ့ ပတ်သက်လာရင်တော့ သူအလျော့မပေးတတ်ပါဘူး။
ညီမသူကို ၁၀နှစ်စောင့်ထားခိုင်းပါတယ်။သူကလည်း စောင့်ပေးမယ်ပြောပါတယ်။
အခု ၄နှစ်ကျော်တောင် ရှိပြီ သူ့ဘက်က ဘာမှမပြင်ဆင်ရသေးပါဘူး။
ခြံလေးတစ်ခြံတောင် မပိုင်သေးပါဘူး။မိဘတွေကလည်း ဝန်ထမ်းအိမ်ယာတွေမှာ နေပါတယ်။
သူ့လုပ်အားခအားလုံးကို မိဘကိုပဲအပ်ပါတယ်။
သူ့ကိုအရမ်းချစ်ပေမယ့် ဘဝအတွက် ရှေ့ဆက်ဖို့ ရင်လေးမိပါတယ်။
သူကဦးစီးဦးဆောင်ပြုဖို့ အားနည်းနေသလိုပါပဲ။
ညီမဘယ်လို ဆုံးဖြတ်ရမလဲ။ဘယ်လိုကိုင်တွာ်ဖြေရှင်းရမလဲ ညွှန်ပြပေးကြပါရှင်။
သူ့ညီမက ယောက်ျားရပြီးရင် သူ့မိဘနဲ့ နေမှာမဟုတ်ဘူး သူကသူ့မိဘကိုကြည့်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။