ညီမတို့အိမ်ထောင်သက်၈နှစ်ကျော်ပါ..
အမျိုးသားကတဦးတည်းသောသားမိဘတွေဆုံးသွားပါပီ..
အခုညီမအမေနဲ့အဖေရယ်..အကြီးဆုံးအမကမွေးတဲ့ကလေးမိန်းကလေးအသက်၃နှစ်နဲ့တူတူနေကြပါတယ်..
ပြသာနာက..အမေတို့ကသူ့မြည်းကိုစပ်စပ်ထိမခံဘူး..ကလေးက..နဲနဲရိုင်းလာပါတယ်..
ညီမကိုဆိုနမည်တတ်ခေါ်တယ်..ဆဲတယ်..အစကတော့..ကလေးဆိုပီးသည်းခံပေမယ့်..
အခု၃နှစ်ကျော်လာပါပီ..သူဆဲတာသူကဘာမှန်းမသိဘူးဆိုပေမယ့်..လူကြားထဲကျညီမတို့အရမ်းအရှက်ကွဲရပါတယ်..
ညီမအမျိုးသားကိုလည်းဆဲတယ်..အမေကအထိမခံတော့သည်းခံပေးခဲ့တယ်..
ဒီနေ့တော့ဘာမှမပြောလဲတငိုငိုနဲ့..ညီမကဘာဖြစ်နေတာလဲလို့မေးတော့..အဖွား..ဒီကောင်မသမီးကိုလိုက်ပြောနေတယ်တဲ့..
ညီမလဲမိုက်ရိုင်းရမလားဆိုပီးခြေသလုံးကိုတချက်ရိုက်လိုက်ပါတယ်..
အာ့ကနေပြသာနာစတတ်တော့တာပဲ..အမေကငါမနေဘူးသွားမယ်သေအောင်သတ်အာ့ကလေးကိုသတ်ပစ်လိုက်ဆိုပီး..
ညီမလည်းအရမ်းစိတ်မကောင်းဖြစ်တာနဲ့..အမေ့ကိုပြန်ပြောမိလိုက်တယ်.
တူမတယောက်မိုက်ရိုင်းတာကိုဒီလောက်တောင်ဆုံးမလို့မရတော့ဘူးလားဆိုပြီးငိုပီးအကျယ်ကြီးပြောမိတယ်..
အမေက..နင်တို့ကဒီကလေးကိုချစ်တာမဟုတ်ဘူးတဲ့..
ညီမ.မချစ်တာတော့မဟုတ်ပါဘူး..ကလေးကိုဘာလေးပြောပြော.ကြောက်နေရတော့စိတ်ထဲမာသူစိမ်းလိုဖြစ်နေတာပါ..
အော်သူ့ကိုပြောရင်..သူ့အဖွားစိတ်ဆိုးမာ.သူ့အဖွားကမကြိုက်ဘူးဆိုပီး.အာ့လိုဖြစ်လာတာပါ..
ကလေးကလက်လေးရွယ်တာတောင်ငိုပီး..တိုင်ပြောပါတယ်..
အမေကလဲ..သူ့မြည်းငိုပီဆိုတာနဲ့..ညီမတို့ကိုဆဲရော..
ဒီနေ့တော့ဘယ်လိုမှအဆင်မပြေနော့စကားများပြီး..ညီမထွက်သွားဖို့အဝတ်တွေထည့်pပါပီ..
ညီမဘယ်လိုဆက်လုပ်သင့်လဲဟင်…ကူညီပြီးစဥ်းစားပေးကြပါအုန်း..🙏🙏