ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၆၁

ကျွန်တော် ယောကျာ်းလေး တစ်ယောက်အနေနဲ့ ပြောပါရစေဆိုနာထက် ဒီထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အကြံလေးတွေ သိချင်လိုပါ ……

ကျွန်တော်က အခု အသက် ၂၉ပါ လူပျိုပါ…..အလုပ်က ရတနာလုပ်ငန်းဆိုတော့ ဝင်ငွေကတော့ အတည်အကျမရှိပါဘူး….

ဆေးလိပ် .ကွမ်း.. မူးရစ်ဆေး…..မိန်းမကိစ္စ အကုန်ကင်းပါတယ် … ကိုယ်ရည်သွေးပြောတာမဟုတ်ပါ…

မိဘတွေက ကိုယ်ပိုင်မြေ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားနဲ့ပါ….

ကျွန်တော် ကောင်မလေးက အသက် ၃၉ နှစ်ပါ အိမ်ထောင်ကွဲပါ

အရင်အိမ်ထောင်နဲ့ ကျွန်တော်တို့မြို့လေးမှာ ကြီးကြီးကြယ်ကြယ်မင်္ဂလာ(၄)နေရာမှာဆောင်ပြီးမှ အိမ်ထောင်ကွဲပါ….

ကျွန်တော်က သူကို ချစ်ပါတယ်…. သူတို့က ကျွန်တော်တို့မြို့မှာ မသိသူမရှိသလောက်ပါ… ပိုက်ဆံလဲရှိပါတယ်…..

သူအမေက ပြသာနာပါ…. ဘယ်လိုလဲဆို သူအမေက ကျွန်တော်လို ပုံမှန်ပိုက်ဆံရှိတာလောက်ကိုး ကြည်မရတာပါ…

သူတို့က ကုန်စုံဆိုင်ဖွင့်ထားတာပါ သူအိမ်လဲ အဝင်အထွက်ရှိပါတယ် ..

အကုန်လုံးလဲ သူတို့ခိုင်းသမျှလုပ်ပေးပါတယိ……သူအမေက ပိုက်ဆံရှိပြီး အဆင့်တန်းရှိရှိနေနိင်သူကို သဘောကျတာပါ…..

ပြီးတော့ စကားပြောရင်လဲ အထက်စီးက ပြောဆိုဆက်ဆံပါတယ် မသိဘဲနဲ့တတ်ယောင်ကန်းလုပ်ပါတယ်….

သူသမီးနဲ့ယူနဲ့သူ သူအိမ်လဲအဝင်ထွက်ရှိတယ် သူတို့ကုန်စုံဆိုင်ကိုလဲ လိုသမျှကူပေးတယ် ..

ယူပြီးရင်လဲ သူတို့အိမ်လိုက်နေရမှာကိုး လူကိုမတူမတန်သလို နှိမ်ပြောတာပါ….

ပြောရမယ်ဆိုရင် သူသမီးကြိုက်လိုယူမဲ့သူတို့သမက်ကို ဘာပွဲ ညာပွဲ တွေရှိရင်တောင် သူအမေကသူအသိတွေနဲ့တွေ့ရင် သူအမေကသူသိက္ခာကျမှာဆိုးလို လိုက်မပို့ခိုင်းတဲ့အထိပါ…..

စကားအရတောင် မခေါ်ပါ……ကောင်မလေးကလဲ အမေနဲ့ချစ်သူဆိုရင် ကြားနေဝါဒဖြစ်နေတာပါ..

ပြောရရင် ဒီထက်ဆိုးတာတွေရှိပါသေးတယ်……သူအမေထင်နေတာက သူတို့ကုန်စုံဆိုင်ကို သူတို့မရှိရင် သမက်က ခြယ်လှယ်မှာ အပိုင်စီးမှာဆိုတဲ့ စိတ်ဝင်နေတာပါ…….

ကျွန်တောိလို လူမျိုးလိုက်ရှာကြည်ပါ ..ပြီးရင် သူတို့ကုန်စုံဆိုင်မှာ သွားလုပ်ပေးရင် တစ်ခါတစ်လေ အမှားလေးလုပ်မိရင် မတန်အောင်ပြောခံရတာပါ

ဒါပေမဲ့ ကောင်မလေးမျက်နှာနဲ့ သည်းခံပြီး လုပ်ပေးခဲ့တာပါ….

ကျွန်တော်တို့အိမ်ကလဲ သူဟာနဲ့သူ မင်္ဂလာဆောင်ရင် ရှိသလောက်တော့ ဆောင်ပေးမယ်ပြောပါတယ်…..

ပြီးပြီးရော မဟုတ်ပါ……ဆင်လဲဆင်အထွာ ပုရွက်စိတ်လဲ ပုရွက်စိတ်အထွာ လိုမျိုးပါ…….

ကျွန်တော်ကို ဒီထဲက မိန်းကလေးတွေ အစ်မတွေ အကြံပေးပါအုံး… ဘယ်လိုဆက်လုပ်သင့်လဲဆိုတာကိုး……

















ကျွန်တေိာလို လူမျိုးလိုက်ရှာကြည်ပါ ..ပြီးရင် သူတို့ကုန်စုံဆိုင်မှာ သွားလုပ်ပေးရင် တစ်ခါတစ်လေ အမှားလေးလုပ်မိရင် မတန်အောင်ပြောခံရတာပါ



