ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၆၂

ကိုယ် ဘယ်ကဘယ်လိုစပြောပြရမှန်းလည်းတောင်မသိတော့ပါဘူး ။

သူနဲ့ကိုယ်က state ကျောင်းတည်းက သိလာတာ။

ကိုယ်တို့ခင်လာတာ ၆နှစ်လောက်တောင်ရှိတော့မယ် ။သူကအရမ်းရှုပ်တယ်။

ကိုယ့်ကိုပထမဆုံး သဘောကျတယ်လို့ ပြောပြီးတဲ့အကြိမ်တုန်းက ကိုယ်ကသူကိုမယုံရဲလို့ ၊

သူ cheat တာ တွေကိုမခံစားနိုင်သေးလို့ စောင့်ကြည့်ချင်သေးတယ်ပြောခဲ့တာ ။

သူကဘယ်လောက်မှတောင်မကြာဘူး ။ရည်းစားရသွားတယ်။

ရင်ထဲမှာ စို့နေတာပဲ တကယ်မွန်းကြပ်တယ်။ကိူယ့်ရှေ့မှာတင်တစ်ယောက်ပြီးတစ်ယောက်ထားပြတယ်။

ဒါပေမဲ့လည်းဘယ်တတ်နိုင်မှာလဲ။ ကိုယ်နဲ့မှမဆိုင်တာ ထိုင်ကြည့်နေရုံကလွဲဘာတတ်နိုင်မှာလဲ။

ရည်းစားတွေလည်းငုတ်တုတ်ရှိရက်နဲ့ကိုယ့်ကိုစသိတည်းကချစ်တယ်လို့လည်း ပြောတယ်။

ကိုယ်ကအရမ်းတွေးပူတတ်တဲ့လူမျိုးပါ။ ငါသူနဲ့တွဲပြီးမှ အဆင်မပြေလို့ပြတ်သွားရင် ဆက်ပတ်သတ်ဖို့တောင်ခတ်သွားမလားလို့တွေးပြီးအရမ်းကြောက်မိလို့ တစ်ခါမှချစ်တယ်လို့ပြန်မပြောခဲ့ဘူး။

သူ့ကိုအရမ်းသဘောကျတာမို့သူနဲ့ တစ်သက်လုံးတွဲသွားချင်လို့ ပိုသေချာအောင်စောင့်နေခဲ့တာ။

ပြီးတော့သူအဲ့စကားပြောတုန်းကဆိုသူ့မှာရည်းစားကြီးငုတ်တုတ်နဲ့။

အမှန်တိုင်းပြောရရင်ကိူယ်သူ့ကိုချစ်နေတာ၃နှစ်လောက်တောင်ရှိတော့မယ်။

အဲ့တုန်းကဆို အမှန်တိုင်းပြောရရင်လက်ခံလိုက်ချင်တယ်။

ဒါပေမဲ့ မာနလေးနဲ့ကိုယ်ကျင့်သိက္ခာလေးက လုံးဝလက်မခံဘဲပြတ်ပြတ်သားသားငြင်းသင့်တယ်လို့ထင်လို့ ပြီးတော့ ကိုယ် အငယ်အနှောင်း၊

စနိုက်လုပ်ရတာလည်းဝါသနာမပါလို့ လူမှန်ရင်ငြင်းလိုက်ရမယ်ဆိုတာသိလို့ ကိုယ်သူ့ကိုငြင်းလိုက်တယ်။

ဒါပေမဲ့သူက အခုဆိုရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားပြပြီး သူတို့နဲ့နမ်းတာတွေ ၊neck kiss တွေအထိပါကိုယ့်ကိုမြင်အောင်လုပ်ပြတော့ စိတ်ထဲအရမ်းလည်းဝမ်းနည်းတယ်၊

အဲ့တာတွေ တွေ့တိုင်းလည်းအရမ်းလည်းငိုချင်တယ်။

မျက်လုံးတွေမို့အစ်တဲ့အထိလည်းငိုခဲ့ဖူးပါတယ်။အခုပြောနေရင်းကို ငိုမိတယ်။

ဘာလို့တန်ဖိုးထားပြီးမချစ်ပေးနိုင်ဘဲ စိတ်ဒုက္ခပေးလဲလို့လည်းတွေးမိတယ်။

ဒါပေမဲ့ကိုယ်စိတ်ဆုံးဖြတ်ပြီးသွားပြီ။ သူ့လိုအမြဲစိတ်ဒဏ်ရာတွေပေးနေတဲ့လူကို စိတ်ထဲကထုတ်ပစ်လိုက်တော့မယ်။

အဲ့တာကြောင့်ကိုယ့်ကို အားပေးစကားတွေ အများကြီးပေးတာလိုချင်လို့အခုလိုလာရင်ဖွင့်တာပါ။

မင်းတို့တွေဆီက အားပေးစကားတွေကြားရမြင်လိုက်ရရင် ကိုယ်တကယ်စိတ်ဆုံးဖြတ်ချက်ပိုခိုင်မာသွားမယ်ထင်လို့ပါ။

ကိုယ္ ဘယ္ကဘယ္လိုစေျပာျပရမွန္းလည္းေတာင္မသိေတာ့ပါဘူး ။

သူနဲ႔ကိုယ္က state ေက်ာင္းတည္းက သိလာတာ။

ကိုယ္တို႔ခင္လာတာ ၆ႏွစ္ေလာက္ေတာင္ရွိေတာ့မယ္ ။သူကအရမ္းရႈပ္တယ္။

ကိုယ့္ကိုပထမဆုံး သေဘာက်တယ္လို႔ ေျပာၿပီးတဲ့အႀကိမ္တုန္းက ကိုယ္ကသူကိုမယုံရဲလို႔ ၊

သူ cheat တာ ေတြကိုမခံစားႏိုင္ေသးလို႔ ေစာင့္ၾကည့္ခ်င္ေသးတယ္ေျပာခဲ့တာ ။

သူကဘယ္ေလာက္မွေတာင္မၾကာဘူး ။ရည္းစားရသြားတယ္။

ရင္ထဲမွာ စို႔ေနတာပဲ တကယ္မြန္းၾကပ္တယ္။ကိူယ့္ေရွ႕မွာတင္တစ္ေယာက္ၿပီးတစ္ေယာက္ထားျပတယ္။

ဒါေပမဲ့လည္းဘယ္တတ္ႏိုင္မွာလဲ။ ကိုယ္နဲ႔မွမဆိုင္တာ ထိုင္ၾကည့္ေန႐ုံကလြဲဘာတတ္ႏိုင္မွာလဲ။

ရည္းစားေတြလည္းငုတ္တုတ္ရွိရက္နဲ႔ကိုယ့္ကိုစသိတည္းကခ်စ္တယ္လို႔လည္း ေျပာတယ္။

ကိုယ္ကအရမ္းေတြးပူတတ္တဲ့လူမ်ိဳးပါ။ ငါသူနဲ႔တြဲၿပီးမွ အဆင္မေျပလို႔ျပတ္သြားရင္ ဆက္ပတ္သတ္ဖို႔ေတာင္ခတ္သြားမလားလို႔ေတြးၿပီးအရမ္းေၾကာက္မိလို႔ တစ္ခါမွခ်စ္တယ္လို႔ျပန္မေျပာခဲ့ဘူး။

သူ႔ကိုအရမ္းသေဘာက်တာမို႔သူနဲ႔ တစ္သက္လုံးတြဲသြားခ်င္လို႔ ပိုေသခ်ာေအာင္ေစာင့္ေနခဲ့တာ။

ၿပီးေတာ့သူအဲ့စကားေျပာတုန္းကဆိုသူ႔မွာရည္းစားႀကီးငုတ္တုတ္နဲ႔။

အမွန္တိုင္းေျပာရရင္ကိူယ္သူ႔ကိုခ်စ္ေနတာ၃ႏွစ္ေလာက္ေတာင္ရွိေတာ့မယ္။

အဲ့တုန္းကဆို အမွန္တိုင္းေျပာရရင္လက္ခံလိုက္ခ်င္တယ္။

ဒါေပမဲ့ မာနေလးနဲ႔ကိုယ္က်င့္သိကၡာေလးက လုံးဝလက္မခံဘဲျပတ္ျပတ္သားသားျငင္းသင့္တယ္လို႔ထင္လို႔ ၿပီးေတာ့ ကိုယ္ အငယ္အေႏွာင္း၊

စႏိုက္လုပ္ရတာလည္းဝါသနာမပါလို႔ လူမွန္ရင္ျငင္းလိုက္ရမယ္ဆိုတာသိလို႔ ကိုယ္သူ႔ကိုျငင္းလိုက္တယ္။

ဒါေပမဲ့သူက အခုဆိုရည္းစားေတြတစ္ေယာက္ၿပီးတစ္ေယာက္ထားျပၿပီး သူတို႔နဲ႔နမ္းတာေတြ ၊neck kiss ေတြအထိပါကိုယ့္ကိုျမင္ေအာင္လုပ္ျပေတာ့ စိတ္ထဲအရမ္းလည္းဝမ္းနည္းတယ္၊

အဲ့တာေတြ ေတြ႕တိုင္းလည္းအရမ္းလည္းငိုခ်င္တယ္။

မ်က္လုံးေတြမို႔အစ္တဲ့အထိလည္းငိုခဲ့ဖူးပါတယ္။အခုေျပာေနရင္းကို ငိုမိတယ္။

ဘာလို႔တန္ဖိုးထားၿပီးမခ်စ္ေပးႏိုင္ဘဲ စိတ္ဒုကၡေပးလဲလို႔လည္းေတြးမိတယ္။

ဒါေပမဲ့ကိုယ္စိတ္ဆုံးျဖတ္ၿပီးသြားၿပီ။ သူ႔လိုအၿမဲစိတ္ဒဏ္ရာေတြေပးေနတဲ့လူကို စိတ္ထဲကထုတ္ပစ္လိုက္ေတာ့မယ္။

အဲ့တာေၾကာင့္ကိုယ့္ကို အားေပးစကားေတြ အမ်ားႀကီးေပးတာလိုခ်င္လို႔အခုလိုလာရင္ဖြင့္တာပါ။

မင္းတို႔ေတြဆီက အားေပးစကားေတြၾကားရျမင္လိုက္ရရင္ ကိုယ္တကယ္စိတ္ဆုံးျဖတ္ခ်က္ပိုခိုင္မာသြားမယ္ထင္လို႔ပါ။