ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၆၃

ရင်ဖွင့်ချင်လို့ပါ စာရှည်သွားရင်ခွင့်လွှတ်ပေးပါနော်

ညီမနဲ့သူနဲ့က LDRSပါ

သူကညီမရဲ့အချစ်ဦးပါ ရည်စားဦးဆိုလည်းမမှားပါဘူး

သူနဲ့ညီမကLDRSဆိုပေမဲ့ ညီမကသူနေတဲ့နေရာမှာ ၂နှစ်လောက်နေဖူးပါတယ် သူနဲ့ချစ်သူမဖြစ်ခင်အချိန်ကပါ

နောက်ပိုင်းလည်းအလည်သွားတဲ့အခါသူနဲ့တွေ့ဖြစ်ပါတယ်

သူ့ကိုညီမအရမ်းချစ်တယ် တွဲနေစဉ်ကာလပတ်လုံးလဲ သူညီမပေါ်လေသံမာမာတောင်မပြောဖူးပါဘူး အရမ်းလဲအလိုလိုက်ပါတယ်

သူ့မိဘတွေလည်း ညီမကိုအရမ်းချစ်ပါတယ် ညီမနဲ့သဘောလဲတူပါတယ် နှစ်ဘက်စလုံးက အားလုံးအစဉ်ပြေပါတယ်

သူကညီမထက်ငယ်ပါတယ် ညီမတို့ရဲ့ချစ်သူသက်တမ်း၂နှစ်လောက်မှာသူ့နဲ့မှားသွားခဲ့ပါတယ်ကိုယ်ဝန်မရခဲ့ပါဘူး

ဆေးလဲမသောက်ခဲ့ပါဘူး ညီမသူ့ကိုစပြီးတော့ ကိုယ်ဝန်ရနေပြီပြောတော့သူက ချက်ချင်းသူမိဘတွေဖွင့်ပြောပြီးလာတောင်းမယ်လို့ပြောရှာတယ်

ညီမတို့နှစ်ယောက်လက်ထပ်ဖို့အထိ အကုန်စီစဉ်ပြီးသားပါ။

တစ်နေ့မှာ ညီမဖုန်းပျက်သွားလို့သူနဲ့အဆက်သွယ်ပျက်သွားခဲ့ပါတယ် ညီမဖုန်းပြန်ရတော့ပုံမှန်တိုင်းပြန်ဆက်သွယ်ခဲ့ပါတယ်

သူလည်းအရင်လိုပဲညီမကိုဂရုစိုက်ပါတယ် ဒါပေမဲ့သူ ညီမပေါ် သစ္စာဖောက်ပြီး ညီမနဲ့အဆက်သွယ်ပျက်နေတဲ့အချိန် ကောင်မလေးတစ်ယောက်နဲ့တွဲခဲ့တယ် လို့ညီမအသိတွေကပြောတယ်

ညီမမေးတော့လည်းသူအမှန်တိုင်းဖြေပါတယ်

သူအထီးကျန်လွန်းလို့တွဲခဲ့မိပါတယ်တဲ့ အဲ့ဒါကြောင့်ညီမသူ့ကိုလမ်းခွဲ‌မယ်ပြောတော့ ငိုယိုပြီးတောင်းပန်ပါတယ်

အကုန်လုံးကလည်းဝိုင်းတောင်းပန်ကြတယ် ညီမကလည်းသူ့ကိုမပျက်နိုင်တာကြောင့်ဆက်တွဲခဲ့ပါတယ်

ညီမကသူနေတဲ့နေရာကလူတွေနဲ့သိပါတယ် ညီမနဲ့သူချစ်သူသက်တမ်း ၂နှစ်နဲ့၅လပြည့်ခါနီးအချိန်မှာ သူဦးဇဥ်း ဝတ်မယ်ပြောလာတယ်

ညီမလဲသူ့ကိုကြည်ကြည်ဖြူဖြူခွင့်ပြုခဲ့တယ် သူဦးဇဥ်းဝတ်နေတဲ့အချိန်လဲ အဆက်သွယ်ပျက်မသွားပါဘူး

ဒါပေမဲ့အ့အချိန်ညီမသိလိမ့်ရတာက သူညီမနဲ့အဆက်သွယ်ပျက်နေတဲ့အချိန် တွဲခဲ့တဲ့ကောင်မလေးနဲ့ မှားခဲ့တယ်တဲ့

အဲ့ဒီကောင်မလေးမှာကိုယ်ဝန်ရှိလို့ တာဝန်မယူချင်တာနဲ့ဦးဇင်းဝတ်လိမ့်တာတဲ့

အဲ့ဒီသတင်းကြားကြားချင်း ညီမသူ့ကိုမေးခဲ့ပါတယ် သူငြင်းခဲ့တယ် မဟုတ်ပါဘူးတဲ့

ညီမသူ့ကိုလမ်းခွဲမယ်ထပ်ပြောခဲ့တယ် ဒီတစ်ကြိမ်လည်းသူ ငိုယိုပြီးတောင်းပန်ပြန်တယ် သူ့ကိုမထားခဲ့ပါနဲ့တဲ့

ညီမလည်းသူ့ကိုချစ်လွန်းတာကြောင့်ပတ်ဝန်းကျင်စကားတွေကိုမယုံခဲ့ပဲသူစကားတစ်ခွန်းကိုပဲယုံကြည်ခဲ့မိတယ်

ဒါပေမဲ့သူလူထွက်ပြီးအ့ကောင်မလေးကိုလက်ထပ်လိမ့်တယ်ဆိုတဲ့သတင်းကြားလို့ သူ့ကိုဆက်သွယ်ခဲ့တယ်

သူဘက်က မဟုတ်ပါဘူးသူလူမထွက်ပါဘူးလို့ပဲငြင်းခဲ့တယ် ဒီတစ်ခါတော့သူ့စကားကိုမယုံလို့သူ့အိမ်ကိုမေးကြည့်တော့လဲသူ့မိဘတွေကဒီတိုင်းပဲဖြေကြတယ်

ဒါပေမဲ့ညီမကြားတဲ့သတင်းက အမှန်ပဲ နောက်တော့ညီမဆုံစမ်းလို့ထပ်သိလိမ့်ရတာကကောင်မလေးဘက်က သူတို့နှစ်ယောက်မှားခဲ့တယ်ဆိုတဲ့အကြောင်းကို ဓါတ်ပုံတွေနဲ့ လူမှုကွန်ရက်ပေါ်တင်ခဲ့လို့ သူဘယ်လိုမှမငြင်းသာတော့ပဲ လက်ထပ်လိမ့်ရတာတဲ့

တခြားသူတွေဆီက တဆင့်စကားနဲ့ကြားခဲ့ရတယ် ညီမလေအဲ့နေညကသေမတက်ခံစားရတယ် ခုထိလည်းတစ်ရက်မှ မေ့မရခဲ့ဘူး

အချိန်တိုင်းသူကစိုးမိုးနေတယ် သူဘာလို့လိမ့်ခဲ့တာလဲ သူမိဘတွေကကောဘာလို့ညီမကိုဝိုင်းပြီးလိမ်ပြောကြတာလဲဆိုတဲ့မေးခွန်းတွေကို အကြိမ်ကြိမ်ပြန်မေးနေမိတယ်

ကိုယ့်ကိုယ်ကို ညီမသူ့မဂ်လာဆောင်သွားချင်လို့ မဂ်လာဆောင်ပြီးပြီလားမေးတော့ ဘယ်သူမှမသိကြဘူး

နောက်တော့သူ့သူငယ်ချင်းတစ်ယောက်ကိုသွားမေးတော့မှ လူထွက်ပြီးချက်ချင်းမဂ်လာဆောင်လိမ့်တယ်တဲ့

ကောင်မလေးဘက်ကပဲသိကြတယ်တဲ့ ကောင်မလေးနဲ့သဘောမတူတာကြောင့်ကောင်လေးဘက်က သူ့မိဘနှစ်ပါးပဲသွားတယ်တဲ့

ဘာလိုသဘောမတူတာလဲမေးကြည့်တော့ ကောင်မလေးက အရမ်းရှုပ်လို့တဲ့ သူတို့ကိုယ်တိုင်တောင် အ့ကောင်မလေးနဲ့သဘောမတူလို့မသွားဘူးတဲ့

သူကခုချိန်ထိညီမကိုချစ်နေတုန်းတဲ့ သူလိုချင်တာတစ်ယောက် ရလိမ်တာတစ်ယောက် သူအမှားတွက်သူတာဝန်ယူလိမ့်ရတာတဲ့

သူ့သူငယ်ချင်းဆီကအဲ့လို့လဲကြားကော ညီမလေ ရင်ထဲဆို့နစ်ကြေကွဲမိတယ်

သူခုချိန်ထိညီမကိုဖုံးကွယ်ထားတာ ဘာကြောင့်လဲ သူအမှန်တိုင်းတော့ပြောပြသင့်တာပေါ့

သူနဲ့ညီမနောက်ဆုံးစကားပြောဖြစ်တဲ့အချိန်က သူပြောတယ် သူ့အမှားတွေလုပ်ထားတဲ့အတွက်ပြင်ဆင်ချိန်လေး၁နှစ်လောက်ပေးပါတဲ့ အဲ့အချိန်တုန်းက သူအဲ့လိုပြောတဲ့အချိန်မှာ သူလက်ထပ်ပြီးသွားပြီ ဆိုတာ ဆိုတာညီမတကယ်မသိဘူး

အဲ့ဒါကြောင့်ဘာဖြစ်ဖြစ်ခွင့်လွှတ်ပါတယ်လို့ ပြောမိခဲ့တယ် အ့အချိန်ကစပြီးခုထိအဆက်သွယ်မရတော့ဘူး ၂လလောက်ရှိပြီ

တစ်စက္ကန့်တောင်သူ့ကို မေ့လို့မရဘူး တစ်ခြားသူကိုအစားထိုးချစ်ဖို့လည်း ညီမစိတ်မသန့်တောဘူး

ခုသတင်းကြားတာက ကောင်မလေးခလေးမွေးပြီးတာနဲ့ နှစ်ဦးသဘောတူ ကွားရှင်းကြမယ်တဲ့ ညီမဘာလုပ်သင့်လဲ

(သူ့ကိုအပြီးတိုင်ဆုံးရှုံးသွားပြီဆိုတာတွေးမိလိမ့်တိုင်း ခံစားချက် သေမလိုပဲ ခုချိန်ထိ )

သူ့ဘက်ကပြန်ဆက်သွယ်လာရင်ကော လက်ခံသင့်လား အကောင်းဆုံးဖြစ်မဲ့အကြံညဏ်လေးပေးကြပါလား။

ရင္ဖြင့္ခ်င္လို႔ပါ စာရွည္သြားရင္ခြင့္လႊတ္ေပးပါေနာ္

ညီမနဲ႔သူနဲ႔က LDRSပါ

သူကညီမရဲ႕အခ်စ္ဦးပါ ရည္စားဦးဆိုလည္းမမွားပါဘူး

သူနဲ႔ညီမကLDRSဆိုေပမဲ့ ညီမကသူေနတဲ့ေနရာမွာ ၂ႏွစ္ေလာက္ေနဖူးပါတယ္ သူနဲ႔ခ်စ္သူမျဖစ္ခင္အခ်ိန္ကပါ

ေနာက္ပိုင္းလည္းအလည္သြားတဲ့အခါသူနဲ႔ေတြ႕ျဖစ္ပါတယ္

သူ႔ကိုညီမအရမ္းခ်စ္တယ္ တြဲေနစဥ္ကာလပတ္လုံးလဲ သူညီမေပၚေလသံမာမာေတာင္မေျပာဖူးပါဘူး အရမ္းလဲအလိုလိုက္ပါတယ္

သူ႔မိဘေတြလည္း ညီမကိုအရမ္းခ်စ္ပါတယ္ ညီမနဲ႔သေဘာလဲတူပါတယ္ ႏွစ္ဘက္စလုံးက အားလုံးအစဥ္ေျပပါတယ္

သူကညီမထက္ငယ္ပါတယ္ ညီမတို႔ရဲ႕ခ်စ္သူသက္တမ္း၂ႏွစ္ေလာက္မွာသူ႔နဲ႔မွားသြားခဲ့ပါတယ္ကိုယ္ဝန္မရခဲ့ပါဘူး

ေဆးလဲမေသာက္ခဲ့ပါဘူး ညီမသူ႔ကိုစၿပီးေတာ့ ကိုယ္ဝန္ရေနၿပီေျပာေတာ့သူက ခ်က္ခ်င္းသူမိဘေတြဖြင့္ေျပာၿပီးလာေတာင္းမယ္လို႔ေျပာရွာတယ္

ညီမတို႔ႏွစ္ေယာက္လက္ထပ္ဖို႔အထိ အကုန္စီစဥ္ၿပီးသားပါ။

တစ္ေန႔မွာ ညီမဖုန္းပ်က္သြားလို႔သူနဲ႔အဆက္သြယ္ပ်က္သြားခဲ့ပါတယ္ ညီမဖုန္းျပန္ရေတာ့ပုံမွန္တိုင္းျပန္ဆက္သြယ္ခဲ့ပါတယ္

သူလည္းအရင္လိုပဲညီမကိုဂ႐ုစိုက္ပါတယ္ ဒါေပမဲ့သူ ညီမေပၚ သစၥာေဖာက္ၿပီး ညီမနဲ႔အဆက္သြယ္ပ်က္ေနတဲ့အခ်ိန္ ေကာင္မေလးတစ္ေယာက္နဲ႔တြဲခဲ့တယ္ လို႔ညီမအသိေတြကေျပာတယ္

ညီမေမးေတာ့လည္းသူအမွန္တိုင္းေျဖပါတယ္

သူအထီးက်န္လြန္းလို႔တြဲခဲ့မိပါတယ္တဲ့ အဲ့ဒါေၾကာင့္ညီမသူ႔ကိုလမ္းခြဲ‌မယ္ေျပာေတာ့ ငိုယိုၿပီးေတာင္းပန္ပါတယ္

အကုန္လုံးကလည္းဝိုင္းေတာင္းပန္ၾကတယ္ ညီမကလည္းသူ႔ကိုမပ်က္ႏိုင္တာေၾကာင့္ဆက္တြဲခဲ့ပါတယ္

ညီမကသူေနတဲ့ေနရာကလူေတြနဲ႔သိပါတယ္ ညီမနဲ႔သူခ်စ္သူသက္တမ္း ၂ႏွစ္နဲ႔၅လျပည့္ခါနီးအခ်ိန္မွာ သူဦးဇဥ္း ဝတ္မယ္ေျပာလာတယ္

ညီမလဲသူ႔ကိုၾကည္ၾကည္ျဖဴျဖဴခြင့္ျပဳခဲ့တယ္ သူဦးဇဥ္းဝတ္ေနတဲ့အခ်ိန္လဲ အဆက္သြယ္ပ်က္မသြားပါဘူး

ဒါေပမဲ့အ့အခ်ိန္ညီမသိလိမ့္ရတာက သူညီမနဲ႔အဆက္သြယ္ပ်က္ေနတဲ့အခ်ိန္ တြဲခဲ့တဲ့ေကာင္မေလးနဲ႔ မွားခဲ့တယ္တဲ့

အဲ့ဒီေကာင္မေလးမွာကိုယ္ဝန္ရွိလို႔ တာဝန္မယူခ်င္တာနဲ႔ဦးဇင္းဝတ္လိမ့္တာတဲ့

အဲ့ဒီသတင္းၾကားၾကားခ်င္း ညီမသူ႔ကိုေမးခဲ့ပါတယ္ သူျငင္းခဲ့တယ္ မဟုတ္ပါဘူးတဲ့

ညီမသူ႔ကိုလမ္းခြဲမယ္ထပ္ေျပာခဲ့တယ္ ဒီတစ္ႀကိမ္လည္းသူ ငိုယိုၿပီးေတာင္းပန္ျပန္တယ္ သူ႔ကိုမထားခဲ့ပါနဲ႔တဲ့

ညီမလည္းသူ႔ကိုခ်စ္လြန္းတာေၾကာင့္ပတ္ဝန္းက်င္စကားေတြကိုမယုံခဲ့ပဲသူစကားတစ္ခြန္းကိုပဲယုံၾကည္ခဲ့မိတယ္

ဒါေပမဲ့သူလူထြက္ၿပီးအ့ေကာင္မေလးကိုလက္ထပ္လိမ့္တယ္ဆိုတဲ့သတင္းၾကားလို႔ သူ႔ကိုဆက္သြယ္ခဲ့တယ္

သူဘက္က မဟုတ္ပါဘူးသူလူမထြက္ပါဘူးလို႔ပဲျငင္းခဲ့တယ္ ဒီတစ္ခါေတာ့သူ႔စကားကိုမယုံလို႔သူ႔အိမ္ကိုေမးၾကည့္ေတာ့လဲသူ႔မိဘေတြကဒီတိုင္းပဲေျဖၾကတယ္

ဒါေပမဲ့ညီမၾကားတဲ့သတင္းက အမွန္ပဲ ေနာက္ေတာ့ညီမဆုံစမ္းလို႔ထပ္သိလိမ့္ရတာကေကာင္မေလးဘက္က သူတို႔ႏွစ္ေယာက္မွားခဲ့တယ္ဆိုတဲ့အေၾကာင္းကို ဓါတ္ပုံေတြနဲ႔ လူမႈကြန္ရက္ေပၚတင္ခဲ့လို႔ သူဘယ္လိုမွမျငင္းသာေတာ့ပဲ လက္ထပ္လိမ့္ရတာတဲ့

တျခားသူေတြဆီက တဆင့္စကားနဲ႔ၾကားခဲ့ရတယ္ ညီမေလအဲ့ေနညကေသမတက္ခံစားရတယ္ ခုထိလည္းတစ္ရက္မွ ေမ့မရခဲ့ဘူး

အခ်ိန္တိုင္းသူကစိုးမိုးေနတယ္ သူဘာလို႔လိမ့္ခဲ့တာလဲ သူမိဘေတြကေကာဘာလို႔ညီမကိုဝိုင္းၿပီးလိမ္ေျပာၾကတာလဲဆိုတဲ့ေမးခြန္းေတြကို အႀကိမ္ႀကိမ္ျပန္ေမးေနမိတယ္

ကိုယ့္ကိုယ္ကို ညီမသူ႔မဂ္လာေဆာင္သြားခ်င္လို႔ မဂ္လာေဆာင္ၿပီးၿပီလားေမးေတာ့ ဘယ္သူမွမသိၾကဘူး

ေနာက္ေတာ့သူ႔သူငယ္ခ်င္းတစ္ေယာက္ကိုသြားေမးေတာ့မွ လူထြက္ၿပီးခ်က္ခ်င္းမဂ္လာေဆာင္လိမ့္တယ္တဲ့

ေကာင္မေလးဘက္ကပဲသိၾကတယ္တဲ့ ေကာင္မေလးနဲ႔သေဘာမတူတာေၾကာင့္ေကာင္ေလးဘက္က သူ႔မိဘႏွစ္ပါးပဲသြားတယ္တဲ့

ဘာလိုသေဘာမတူတာလဲေမးၾကည့္ေတာ့ ေကာင္မေလးက အရမ္းရႈပ္လို႔တဲ့ သူတို႔ကိုယ္တိုင္ေတာင္ အ့ေကာင္မေလးနဲ႔သေဘာမတူလို႔မသြားဘူးတဲ့

သူကခုခ်ိန္ထိညီမကိုခ်စ္ေနတုန္းတဲ့ သူလိုခ်င္တာတစ္ေယာက္ ရလိမ္တာတစ္ေယာက္ သူအမွားတြက္သူတာဝန္ယူလိမ့္ရတာတဲ့

သူ႔သူငယ္ခ်င္းဆီကအဲ့လို႔လဲၾကားေကာ ညီမေလ ရင္ထဲဆို႔နစ္ေၾကကြဲမိတယ္

သူခုခ်ိန္ထိညီမကိုဖုံးကြယ္ထားတာ ဘာေၾကာင့္လဲ သူအမွန္တိုင္းေတာ့ေျပာျပသင့္တာေပါ့

သူနဲ႔ညီမေနာက္ဆုံးစကားေျပာျဖစ္တဲ့အခ်ိန္က သူေျပာတယ္ သူ႔အမွားေတြလုပ္ထားတဲ့အတြက္ျပင္ဆင္ခ်ိန္ေလး၁ႏွစ္ေလာက္ေပးပါတဲ့ အဲ့အခ်ိန္တုန္းက သူအဲ့လိုေျပာတဲ့အခ်ိန္မွာ သူလက္ထပ္ၿပီးသြားၿပီ ဆိုတာ ဆိုတာညီမတကယ္မသိဘူး

အဲ့ဒါေၾကာင့္ဘာျဖစ္ျဖစ္ခြင့္လႊတ္ပါတယ္လို႔ ေျပာမိခဲ့တယ္ အ့အခ်ိန္ကစၿပီးခုထိအဆက္သြယ္မရေတာ့ဘူး ၂လေလာက္ရွိၿပီ

တစ္စကၠန႔္ေတာင္သူ႔ကို ေမ့လို႔မရဘူး တစ္ျခားသူကိုအစားထိုးခ်စ္ဖို႔လည္း ညီမစိတ္မသန႔္ေတာဘူး

ခုသတင္းၾကားတာက ေကာင္မေလးခေလးေမြးၿပီးတာနဲ႔ ႏွစ္ဦးသေဘာတူ ကြားရွင္းၾကမယ္တဲ့ ညီမဘာလုပ္သင့္လဲ

(သူ႔ကိုအၿပီးတိုင္ဆုံးရႈံးသြားၿပီဆိုတာေတြးမိလိမ့္တိုင္း ခံစားခ်က္ ေသမလိုပဲ ခုခ်ိန္ထိ )

သူ႔ဘက္ကျပန္ဆက္သြယ္လာရင္ေကာ လက္ခံသင့္လား အေကာင္းဆုံးျဖစ္မဲ့အႀကံညဏ္ေလးေပးၾကပါလား။