ညီမအသက်က ၂၇ ခလေးတစ်ယောက်အမေ တခုလပ်ပါ ညီမက CDM လုပ်ထားတာပါ
အဲတာတွေကြောင့်ပဲ့ ညီမထိုင်းနိုင်ငံကို ဝင်လာခဲ့ရတာပါ ညီမတို့လင်မယားက အိမ်ထောင်သက် ၆နှစ်ပြည့်တော့မှာပါ
အသက်၂၀ ကျော်ကျော်လောက်လေးနဲ့ သူ့ကိုချစ်တဲ့စိတ်တခုနဲ့ သူ့လက်ကိုတွဲခဲ့တာပါ သူက ညီမထက် ၅နှစ်ကြီးပါတယ်
သူကအရမ်းဆိုးပါတယ် လူပျိုဘဝကတည်းက သူ့မိဘမောင်နှမတွေကတော့ ညီမကိုအရမ်းချစ်ကြပါတယ်
သူ့မိဘတွေကလဲ သားသမီးမရှိရင်အိမ်ထောင်ရေးမမြဲမှာကြောက်တယ်ဆိုတဲ့စိတ်တခုနဲ့ နေပြီးပြီးချင်းခလေးတန်းယူခိုင်းပါတယ်
ညီမလဲသူတို့ပြောတာလက်ခံပြီး ခလေးယူလိုက်ပါတယ်
အိမ်ထောင်ရေးကတော့ အဆင်မပြေတာကခပ်များများပါပဲ့ ဒါပေမဲ့
ကိုယ်တိုင်တည်ဆောက်ထားတဲ့အိမ်ထောင်ရေးတစ်ခုမို့ ညီမဖက်ကလုံးဝ ဖျက်ဆီးပစ်ဖို့စိတ်ကူးမရှိခဲ့ပါဘူး
ကို့နဲ့မတော်တဲ့ဖိနပ်တစ်ရံကို ကို့ခလေးအဖမဲ့ဖြစ်မယ်ဆိုတဲ့စိတ် သူ့ကိုချစ်တဲ့စိတ်တွေနဲ့ အနာခံစီးနေခဲ့တာပါ
ဒါပေမဲ့လဲ အခုတော့ ညီမလွှတ်မချရက်တဲ့လက်တစ်စုံက ညီမတို့သားမိလက်ကို လွှတ်ချခဲ့ပါပြီ
တခြားမိန်းမတစ်ယောက်အတွက်နဲ့ ဒီရက်ပိုင်းထဲ ကို့ခလေးမျက်နှာမြင်တိုင်း ဟန်ဆောင်မရလောက်အောင် ညီမပြိုလဲနေဆဲပါပဲ့
အသိတွေက လာမေးကြတဲ့အချိန်တိုင်း ဘာမှမဖြစ်သလို ညီမဟန်ဆောင်ပြောနေပေမဲ့ ညီမရင်ထဲ ကမ္ဘာပျက်နေသလိုပါပဲ့
တခြားမိန်းမကိုသူချစ်ပြနေတာမြင်ရတိုင်းကြားရတိုင်း ညီမပြိုလဲနေဆဲပါပဲ့
ညီမကမိဖစုံရာနဲ့တင်တောင်းပြီး တရားဝင်ယူထားတဲ့သူဖြစ်လို့ သူတို့၂ယောက်ကို ညီမအနေနဲ့လုပ်လို့ရတာတွေအများကြီးရှိပေမဲ့ ညီမဘာမှမလုပ်ဘဲ ခွင့်လွှတ်ပေးနိူင်အောင်ကြိုးစားထားတာပါ
အမှန်တိုင်းဝန်ခံရရင် ညီမသူ့ကိုချစ်ဆဲပါပဲ့ ဒါပေမဲ့ ဖောက်ပြန်တာကိုတော့ လုံးဝခွင့်မလွှတ်နိုင်လို့ သူ့ကိုပြန်မလိုတော့ပါဘူး
ချစ်တဲ့စိတ်ကြောင့် ညီမရူးမီးဝိုင်းပါပဲ့ ခံစားရတာ ရင်ဖွင့်ပြဖို့လူလဲမရှိတော့ ပိုဆိုးပါတယ်
အခန်းမှာတစ်ယောက်တည်းနေရမှာတောင် ကြောက်နေမိတယ်
အခုရက်ပိုင်းထဲ သူတို့၂ယောက်ကတော့ပျော်ရွှင်လို့ ညီမကတော့ သူ့ကိုဒီဘဝအတွက်လုံးဝကိုဆုံးရှုံးလိုက်ရပြီး ကို့ဖက်ကလဲ စွန့်လွှတ်ရတော့မယ်ဆိုတဲ့စိတ်နဲ့ စားမဝင်အိပ်မပျော်နဲ့ လူလဲအရိုးပဲ့ကျန်ပီ
ညီမဘယ်လိုနေရင် သူ့ကိုမေ့ပစ်နိုင်မယ်မသိဘူး အကြံလေးပေးကြပါအုံး
ညီမ ဘယ်လိုလုပ်သင့်လဲ မေ့နိုင်အောင်ဘယ်လိုကြိုးစားရမလဲ
ဒီရက်ပိုင်းထဲဆို သူတို့က ပိုဆိုးလာပါပီ ကို့ဖက်ကဘာမှမလုပ်ဘဲငြိမ်နေတာကိုအခွင့်ကောင်းယူပီး အရှက်မရှိ ၂ယောက်တွဲပုံကို Profile ချိန်းနေကြတာ
လာပြောပြီး သူတို့လုပ်နေတာတွေကို SS တွေ လာပြတိုင်း ညီမ သတ်သေချင်လောက်အောင်ကို ကြေကွဲရတယ်
အမှန်တိုင်းဝန်ခံရရင် ညီမ အရာအားလုံးကို မေ့ပစ်ချင်ပေမဲ့ မေ့မရခဲ့ပါဘူး
ဘယ်လိုနေမှ ညီမ ဒီလိုခံစားနေရတာကနေလွတ်မြောက်နိုင်မှာလဲ တခါတလေဆို ကို့ကိုယ်ကိုသတ်သေပစ်ချင်လာမိတယ်
ညီမအသက္က ၂၇ ခေလးတစ္ေယာက္အေမ တခုလပ္ပါ ညီမက CDM လုပ္ထားတာပါ
အဲတာေတြေၾကာင့္ပဲ့ ညီမထိုင္းႏိုင္ငံကို ဝင္လာခဲ့ရတာပါ ညီမတို႔လင္မယားက အိမ္ေထာင္သက္ ၆ႏွစ္ျပည့္ေတာ့မွာပါ
အသက္၂၀ ေက်ာ္ေက်ာ္ေလာက္ေလးနဲ႔ သူ႔ကိုခ်စ္တဲ့စိတ္တခုနဲ႔ သူ႔လက္ကိုတြဲခဲ့တာပါ သူက ညီမထက္ ၅ႏွစ္ႀကီးပါတယ္
သူကအရမ္းဆိုးပါတယ္ လူပ်ိဳဘဝကတည္းက သူ႔မိဘေမာင္ႏွမေတြကေတာ့ ညီမကိုအရမ္းခ်စ္ၾကပါတယ္
သူ႔မိဘေတြကလဲ သားသမီးမရွိရင္အိမ္ေထာင္ေရးမၿမဲမွာေၾကာက္တယ္ဆိုတဲ့စိတ္တခုနဲ႔ ေနၿပီးၿပီးခ်င္းခေလးတန္းယူခိုင္းပါတယ္
ညီမလဲသူတို႔ေျပာတာလက္ခံၿပီး ခေလးယူလိုက္ပါတယ္
အိမ္ေထာင္ေရးကေတာ့ အဆင္မေျပတာကခပ္မ်ားမ်ားပါပဲ့ ဒါေပမဲ့
ကိုယ္တိုင္တည္ေဆာက္ထားတဲ့အိမ္ေထာင္ေရးတစ္ခုမို႔ ညီမဖက္ကလုံးဝ ဖ်က္ဆီးပစ္ဖို႔စိတ္ကူးမရွိခဲ့ပါဘူး
ကို႔နဲ႔မေတာ္တဲ့ဖိနပ္တစ္ရံကို ကို႔ခေလးအဖမဲ့ျဖစ္မယ္ဆိုတဲ့စိတ္ သူ႔ကိုခ်စ္တဲ့စိတ္ေတြနဲ႔ အနာခံစီးေနခဲ့တာပါ
ဒါေပမဲ့လဲ အခုေတာ့ ညီမလႊတ္မခ်ရက္တဲ့လက္တစ္စုံက ညီမတို႔သားမိလက္ကို လႊတ္ခ်ခဲ့ပါၿပီ
တျခားမိန္းမတစ္ေယာက္အတြက္နဲ႔ ဒီရက္ပိုင္းထဲ ကို႔ခေလးမ်က္ႏွာျမင္တိုင္း ဟန္ေဆာင္မရေလာက္ေအာင္ ညီမၿပိဳလဲေနဆဲပါပဲ့
အသိေတြက လာေမးၾကတဲ့အခ်ိန္တိုင္း ဘာမွမျဖစ္သလို ညီမဟန္ေဆာင္ေျပာေနေပမဲ့ ညီမရင္ထဲ ကမာၻပ်က္ေနသလိုပါပဲ့
တျခားမိန္းမကိုသူခ်စ္ျပေနတာျမင္ရတိုင္းၾကားရတိုင္း ညီမၿပိဳလဲေနဆဲပါပဲ့
ညီမကမိဖစုံရာနဲ႔တင္ေတာင္းၿပီး တရားဝင္ယူထားတဲ့သူျဖစ္လို႔ သူတို႔၂ေယာက္ကို ညီမအေနနဲ႔လုပ္လို႔ရတာေတြအမ်ားႀကီးရွိေပမဲ့ ညီမဘာမွမလုပ္ဘဲ ခြင့္လႊတ္ေပးႏိူင္ေအာင္ႀကိဳးစားထားတာပါ
အမွန္တိုင္းဝန္ခံရရင္ ညီမသူ႔ကိုခ်စ္ဆဲပါပဲ့ ဒါေပမဲ့ ေဖာက္ျပန္တာကိုေတာ့ လုံးဝခြင့္မလႊတ္ႏိုင္လို႔ သူ႔ကိုျပန္မလိုေတာ့ပါဘူး
ခ်စ္တဲ့စိတ္ေၾကာင့္ ညီမ႐ူးမီးဝိုင္းပါပဲ့ ခံစားရတာ ရင္ဖြင့္ျပဖို႔လူလဲမရွိေတာ့ ပိုဆိုးပါတယ္
အခန္းမွာတစ္ေယာက္တည္းေနရမွာေတာင္ ေၾကာက္ေနမိတယ္
အခုရက္ပိုင္းထဲ သူတို႔၂ေယာက္ကေတာ့ေပ်ာ္႐ႊင္လို႔ ညီမကေတာ့ သူ႔ကိုဒီဘဝအတြက္လုံးဝကိုဆုံးရႈံးလိုက္ရၿပီး ကို႔ဖက္ကလဲ စြန္႔လႊတ္ရေတာ့မယ္ဆိုတဲ့စိတ္နဲ႔ စားမဝင္အိပ္မေပ်ာ္နဲ႔ လူလဲအ႐ိုးပဲ့က်န္ပီ
ညီမဘယ္လိုေနရင္ သူ႔ကိုေမ့ပစ္ႏိုင္မယ္မသိဘူး အႀကံေလးေပးၾကပါအုံး
ညီမ ဘယ္လိုလုပ္သင့္လဲ ေမ့ႏိုင္ေအာင္ဘယ္လိုႀကိဳးစားရမလဲ
ဒီရက္ပိုင္းထဲဆို သူတို႔က ပိုဆိုးလာပါပီ ကို႔ဖက္ကဘာမွမလုပ္ဘဲၿငိမ္ေနတာကိုအခြင့္ေကာင္းယူပီး အရွက္မရွိ ၂ေယာက္တြဲပုံကို Profile ခ်ိန္းေနၾကတာ
လာေျပာၿပီး သူတို႔လုပ္ေနတာေတြကို SS ေတြ လာျပတိုင္း ညီမ သတ္ေသခ်င္ေလာက္ေအာင္ကို ေၾကကြဲရတယ္
အမွန္တိုင္းဝန္ခံရရင္ ညီမ အရာအားလုံးကို ေမ့ပစ္ခ်င္ေပမဲ့ ေမ့မရခဲ့ပါဘူး
ဘယ္လိုေနမွ ညီမ ဒီလိုခံစားေနရတာကေနလြတ္ေျမာက္ႏိုင္မွာလဲ တခါတေလဆို ကို႔ကိုယ္ကိုသတ္ေသပစ္ခ်င္လာမိတယ္