ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၆၇

ညီမနဲ့အမျိုးသားက အိမ်ထောင်ကျတာ ၆နှစ်ထဲမှာပါ သားလေးတယောက်ရှိပါတယ် 3လ ပါ

အမျိုးသားက ယူပီး တနှစ်ကျော်လောက်ကတည်းက လက်ပါပါတယ် စကားများတိုင်းရိုက်ပါတယ်

ပါးရိုက်တယ် ခေါင်းလက်သီးနဲ့ထိုးပါတယ် အစုံပါပဲ ညီမဘယ်သူ့ကိုမှမပြောခဲ့ပါဘူး

နှစ်ဖက်မိဘလည်းမပြောပါဘူး ဖုံးဖိပီးပျော်အောင်နေခဲ့ပါတယ် လူအမြင်မှာလည်း အရှက်မရခြင်လို့ပါ

အဲ့လိုနဲ့ပဲ အိမ်ထောင်သက် 3နှစ်ကျော်မှာ ညီမမိဘတွေရဲ့အကူညီနဲ့ မလေးမှာအလုပ်သွားလုပ်ပါတယ်

တော်တော်လေးအဆင်ပြေခဲ့ပါတယ် အဲ့မှာ3နှစ်လောက်လုပ်ပီး သားလေးကိုယ်ဝန်6လနဲ့ပြန်လာခဲ့ကြပါတယ်

လက်ထဲလည်း ပိုက်ဆံ သိန်းတစ်ရာကျော် နှစ်ရာနီးနီးပါခဲ့တယ် ခြံတကွက်လည်းဝယ်နိူင်ပီးပါပီ

မပြန်ခင်ကတည်းက အမျိုးသားဘက်မှာဝယ်ထားတာပါ ( 2019က မလေးတက်ပီး 2022မှာ ပြန်လာတာပါ သားကိုယ်ဝန်နဲ့ )

ဒီကိုရောက်တော့ ညီမတို့ဘက်မှာ နိူင်ငံရေးအခြေနေအရမ်းဆိုးလို့ ရန်ကုန်မှာပဲ သားလေးကိုမွေးပါတယ်

ညီမက ပေါက်မြို့နယ်ကပါ အမျိုးသားက ပဲခူးကပါ သားကိုယ်ဝန်နဲ့ပြန်ရောက်ကတည်းက ရန်ကုန်မှာအိမ်ငှားနေပါတယ်

လင်မယားနှစ်ယောက်ထဲ အစစအရာရာ အကုန်လုပ်ပေးတာပါအမျိုးသားက ထမင်းဆိုစားဖို့အဆင့်သင့် အဝတ်လျှော် သနပ်ခါးပါသွေးပေးပါတယ်

ဒါမယ့် အဲ့ကိုယ်ဝန်နဲ့တုန်းကလည်း ငွေကြေး ကိစ္စ စကားများကြတော့ လက်ပါပါတယ်

သူ့အမျိုးဘက်က ငွေချေးကြတာ တော်တော်များပါတယ် ညီမတို့က ပိုက်ဆံပါလာမှန်းသိတော့ မချေးလည်းမကောင်းလို့ပါ

တယောက်ကို ဆယ်ချီချေးတာပါ အမျိုးတွေက ခုထိလည်း မရသေးပါဘူး သူ့အဖေလည်းချေးပါတယ် မရသေးပါဘူး

မွေးပီးတော့ သူ့ဘက်မှာလိုက်နေပါတယ် သူက သူ့အဖိုးအဖွားနဲ့နေတာပါ သူ့အဖေက နောက်အိမ်ထောင်နဲ့အိမ်ခွဲနေတာပါ

အခုမှစပါပြီ ပြသနာတွေက အဲ့ဒီ အဖိုးဖွားက သူမွေးကတည်းက သူ့အမေဆုံးသွားလို့ မွေးစားထားတာပါသူ့ကို အဖွားကြီးက သူ့ကိုဆို ဘယ်သူမှ မပြောမဆိုရ အထိမခံတာပါ

မိတဆိုးမို့ဆိုပီး ညီမသူ့အိမ်ရောက်တာ တလကျော်ပဲရှိပါသေးတယ် ရွာမှာ နတ်ကနားပွဲရှိတော့ 7ရက်လုံး ညမိုးလင်းပေါက် ဖဲရိုက်ပါတယ်

အိမ်ကို မနက်မှပြန်လာတာပါ အမျိုးသားက အရင်ကတည်းက အရက်သောက် အပျော်ပါးမက်ပါတယ်

titokမှာလည်း လူပျိုလုပ်နေတာပါ ညီမတို့သားမိပုံတပုံမှမတင်ပါဘူး fbမှာပဲတင်ထားတာပါ

အဲ့လို ညလုံးပေါက်ဖဲရိုက် နေ့ဘက်လည်းပြန်လာပီး ထမင်းစား ရေချိုး ဖုန်းခါးကြားထိုးပီး တမ်းထွက်သွားတာပါ

ညီမက ကလေးပုခက်လွှဲချော့သိပ်နေရင်တောင် စကားတလုံးမှ မပြောပါဘူး ပိုက်ဆံယူလည်းမပြောပါဘူး

အဲဒါနဲ့ညီမက မနေနိူင်လို့ ပြောလိုက်ပါတယ်

အိမ်မှာမနေတော့ဘူးလား ညဆိုလည်းညမို့ မိုးလင်းပေါက် အဲ့လို ပြောလိုက်တာပါ

အဲ့ချိန် အဖွားကြီးက ယောကျာ်းလေးပဲ သွားတာလာတာရှိမှာပေါ့ မပြောနဲ့လို့ ဝင်ပြောပါတယ်

သူအဲ့လိုတွေသွားနေတဲ့အချိန် ညီမမှာကလေး ဝေယျာဝစ္စ ကိုယ့်ဟာကို လုပ်ရတာပါ

ကလေးကဇက်မနိူင်သေးလို့ ရေချိုးရင် အရမ်းခက်ပါတယ် သားဦးမို့ ညီမကလည်း သိပ်မကျွမ်းကျင်ပါဘူး

ကိုယ်ဝန်ဆောင် gpတွေက ဗဟုသုတတွေဖတ်ပါတယ် အဖွားကြီးက တခါတလေမှ ကူလုပ်ပေးတာပါ

ညီမအမျိုးသားကို စိတ်တိုပီး ဘာမှမပြောပဲနေတော့ စောက်ခွက်က ကျက်သရေကိုမရှိဘူးလို့ပြောပါတယ်

မွေးပီး45ရက်မပြည့်ခင်တုန်းကလည်း ညာဘက်မျက်လုံးကို ညိုမဲဖူးရောင်နေအောင် ထိုးတာပါ

ညီမက သည်းမခံတော့ဘူး တိုင်မယ်ပြောတော့ ညီမဖုန်းကို ယူသိမ်းထားပါတယ်

( သားလေး 2လကျော်မှ သူ့အိမ်ကိုရောက်တာပါ ) စာမစီတတ်လို့ ဟိုရောက်ဒီရောက် ဖတ်ရတာ နားလည်ပေးကြပါနော်

အမတို့ညီမတို့ ညီမနဲ့အမျိုးသား စကားများရင် ညီမကိုပဲဆူပါတယ် အမျိုးသားကို တခွန်းမှ မပြောပါဘူး

အမျိုးသားဘက်ကပဲကာပြောပါတယ် အဖိုးကတော့ ဘာမပြောပါဘူး အနေအေးပါတယ်

အဲ့လိုပြသနာတွေဖြစ် ညီမကိုပဲဆူပြောဆိုပီးရင် သားအမိနှစ်ယောက်လုံး ညီမကို စကားမပြောကြတော့ပါဘူး

အမျိုးသားကလည်းမခေါ်ပါဘူး ညီမကစပြောမှ ပြန်ပြောတာပါ

အမျိုးသားက အပြင်သွားရင် သူ့အမေ (အဖွားကိုအမေလို့ခေါ်တာပါ) ကိုပဲပြောသွားပါတယ်

ညီမနဲ့ကလေးကိုတော့ ရှိတယ်တောင်မထင်ပါဘူး ညီမှာ ရွာလည်းပြန်မရ နိုင်ငံရေး မကောင်းတော့ ညီမဖုန်းဘေလိုတာတို့ တခုခုလိုအပ်ရင် အနားမှာအလွယ်ဝယ်မရပါဘူး ရွာသွားဝယ်မှရတာပါ

ဟိုတလောက နှာစေးပျောက်ဆေးသွားဝယ်ပေးပါဦးပြောတော့ မအားသေးဘူးလို့ပြောပါတယ်

သူသွားချင်ရင် ဘယ်နေရာဖြစ်ဖြစ် နီးဝေး သွားတာပါ သူ့အမေရှေ့လည်း တခါတလေဆို ညီမကို ဆဲဆိုပါတယ်

xာသည်မ လို့အမြဲဆဲတာပါ စကားများတိုင်း xာသည်မ ကောင်မ ဆဲဆိုရိုက်နှက်ထိုးတာပါ

ဒါမယ့် သူအဲ့လိုလုပ်တာတွေ လူသိမှာအရမ်းကြောက်တာပါသူက တချို့အသိတွေဆို သိကြပါတယ်

သားမွေးပီး မျက်လုံးအထိုးခံရတုန်းက အိမ်ရှင်အန်တီကြီးကသိပီး ရေခဲနဲ့ကျပ်ထုပ်ထိုးပေးခဲ့တာပါ

ညီမ ခံစားလို့ရပါတယ် သူ့စိတ်ထဲသူ့ရင်ထဲ ညီမမရှိတော့ဘူးဆိုတာ သိနေပါတယ် အခု သူ့အိမ်ရောက်တော့ ပိုဆိုးနေပါပြီ

သူ့လုပ်ရပ်တွေက နှစ်ယောက်ထဲအိမ်ငှားနေတုန်းက အစစအရာရာ လူပ်ကိုင်ပေး (ရန်ဖြစ်ရင်လက်ပါ)

ခုက ဘာမှ လုပ်ကိုင်မပေး အိမ်မကပ် သူ့မိဘကွယ်ရာလက်ပါ ညီမက တခုခုပြောလိုက်ရင် အိမ်စောစောပြန်လာပါ

အဲ့လိုတွေမနေပါနဲ့ပြောရင် အံကြိတ်လက်သီးဆုပ်ပြပါတယ် ဆက်မပြောရဲပါဘူး

သူဒီလိုတွေ သွားလာနေတာကို အဖွားကြီးက မဆုံးမတဲ့အပြင် ညီမပြောရင်တောင် ညီမကို ဆူတာပါ

ညနေကလည်း ညီမထမင်းစားနေတာကို ညီမကို ခလုတ်တိုက်သွားတာပါ အမျိုးသားက ဘာတခွန်းမှမပြောပါဘူး

မနက်ကလည်း အဖွားကြီးက ညီမကို စိတ်ကလည်းဒီလောက်တောင်ပဲအထိမခံလို့ပြောပီးဆူနေတာပါ ဒေါနဲ့မန်နဲ့ ညီမက အမျိုးသားကို ကိုယ်မကြိုက်တာသူလူပ်ရင် လင်နဲ့မယားစိတ်ဆိုးစိတ်တိုလို့တောင်မရပါဘူး အမြဲဝင်ဝင်ပြောပါတယ်

သူ့အမျိုးတွေချေးထားတဲ့ပိုက်ဆံတွေလည်းခုထိမရသေးပါဘူး သားကိုယ်ဝန်6လ ပြန်ရောက်ကတည်းက ချေးထားတာ အဖွားကြီးကလည်း နှစ်လုံးထိုးရင် 1/2သောင်း အမြဲယူပါတယ်

ညီမ စိတ်တွေအရမ်းနာနေပါပြီ ဘာဆက်လုပ်ရမလဲမသိတော့ဘူး

အိမ်လည်းပြန်မရ သူလက်ပါတာတွေ ပါးရိုက်တာတွေ ဆဲဆိုတာတွေ မခံချင်တော့ပါဘူး

( လင်မယားချင်းလည်း တလနေမှ တခါလောက်နေပါတယ် သူအပြင်မှာများရှိနေမလား )

ဘာလုပ်ရမှန်းမသိတော့ဘူး တခါတလေ တွေးမိပါတယ်

အစီရင်တွေလုပ်ပီး ကိုယ့်အနားနေကိုယ့်စကားနားထောင် မိသားစု (မိန်းမနဲ့သား)ကို

တုန်နေအောင်ချစ်နေဖို့ လုပ်ပစ်လိုက်ချင်တော့တာပါ အရမ်းနာကျင်လွန်းလို့ပါ

ညီမနဲ႔အမ်ိဳးသားက အိမ္ေထာင္က်တာ ၆ႏွစ္ထဲမွာပါ သားေလးတေယာက္ရွိပါတယ္ 3လ ပါ

အမ်ိဳးသားက ယူပီး တႏွစ္ေက်ာ္ေလာက္ကတည္းက လက္ပါပါတယ္ စကားမ်ားတိုင္း႐ိုက္ပါတယ္

ပါး႐ိုက္တယ္ ေခါင္းလက္သီးနဲ႔ထိုးပါတယ္ အစုံပါပဲ ညီမဘယ္သူ႔ကိုမွမေျပာခဲ့ပါဘူး

ႏွစ္ဖက္မိဘလည္းမေျပာပါဘူး ဖုံးဖိပီးေပ်ာ္ေအာင္ေနခဲ့ပါတယ္ လူအျမင္မွာလည္း အရွက္မရျခင္လို႔ပါ

အဲ့လိုနဲ႔ပဲ အိမ္ေထာင္သက္ 3ႏွစ္ေက်ာ္မွာ ညီမမိဘေတြရဲ႕အကူညီနဲ႔ မေလးမွာအလုပ္သြားလုပ္ပါတယ္

ေတာ္ေတာ္ေလးအဆင္ေျပခဲ့ပါတယ္ အဲ့မွာ3ႏွစ္ေလာက္လုပ္ပီး သားေလးကိုယ္ဝန္6လနဲ႔ျပန္လာခဲ့ၾကပါတယ္

လက္ထဲလည္း ပိုက္ဆံ သိန္းတစ္ရာေက်ာ္ ႏွစ္ရာနီးနီးပါခဲ့တယ္ ၿခံတကြက္လည္းဝယ္ႏိူင္ပီးပါပီ

မျပန္ခင္ကတည္းက အမ်ိဳးသားဘက္မွာဝယ္ထားတာပါ ( 2019က မေလးတက္ပီး 2022မွာ ျပန္လာတာပါ သားကိုယ္ဝန္နဲ႔ )

ဒီကိုေရာက္ေတာ့ ညီမတို႔ဘက္မွာ ႏိူင္ငံေရးအေျခေနအရမ္းဆိုးလို႔ ရန္ကုန္မွာပဲ သားေလးကိုေမြးပါတယ္

ညီမက ေပါက္ၿမိဳ႕နယ္ကပါ အမ်ိဳးသားက ပဲခူးကပါ သားကိုယ္ဝန္နဲ႔ျပန္ေရာက္ကတည္းက ရန္ကုန္မွာအိမ္ငွားေနပါတယ္

လင္မယားႏွစ္ေယာက္ထဲ အစစအရာရာ အကုန္လုပ္ေပးတာပါအမ်ိဳးသားက ထမင္းဆိုစားဖို႔အဆင့္သင့္ အဝတ္ေလွ်ာ္ သနပ္ခါးပါေသြးေပးပါတယ္

ဒါမယ့္ အဲ့ကိုယ္ဝန္နဲ႔တုန္းကလည္း ေငြေၾကး ကိစၥ စကားမ်ားၾကေတာ့ လက္ပါပါတယ္

သူ႔အမ်ိဳးဘက္က ေငြေခ်းၾကတာ ေတာ္ေတာ္မ်ားပါတယ္ ညီမတို႔က ပိုက္ဆံပါလာမွန္းသိေတာ့ မေခ်းလည္းမေကာင္းလို႔ပါ

တေယာက္ကို ဆယ္ခ်ီေခ်းတာပါ အမ်ိဳးေတြက ခုထိလည္း မရေသးပါဘူး သူ႔အေဖလည္းေခ်းပါတယ္ မရေသးပါဘူး

ေမြးပီးေတာ့ သူ႔ဘက္မွာလိုက္ေနပါတယ္ သူက သူ႔အဖိုးအဖြားနဲ႔ေနတာပါ သူ႔အေဖက ေနာက္အိမ္ေထာင္နဲ႔အိမ္ခြဲေနတာပါ

အခုမွစပါၿပီ ျပသနာေတြက အဲ့ဒီ အဖိုးဖြားက သူေမြးကတည္းက သူ႔အေမဆုံးသြားလို႔ ေမြးစားထားတာပါသူ႔ကို အဖြားႀကီးက သူ႔ကိုဆို ဘယ္သူမွ မေျပာမဆိုရ အထိမခံတာပါ

မိတဆိုးမို႔ဆိုပီး ညီမသူ႔အိမ္ေရာက္တာ တလေက်ာ္ပဲရွိပါေသးတယ္ ႐ြာမွာ နတ္ကနားပြဲရွိေတာ့ 7ရက္လုံး ညမိုးလင္းေပါက္ ဖဲ႐ိုက္ပါတယ္

အိမ္ကို မနက္မွျပန္လာတာပါ အမ်ိဳးသားက အရင္ကတည္းက အရက္ေသာက္ အေပ်ာ္ပါးမက္ပါတယ္

titokမွာလည္း လူပ်ိဳလုပ္ေနတာပါ ညီမတို႔သားမိပုံတပုံမွမတင္ပါဘူး fbမွာပဲတင္ထားတာပါ

အဲ့လို ညလုံးေပါက္ဖဲ႐ိုက္ ေန႔ဘက္လည္းျပန္လာပီး ထမင္းစား ေရခ်ိဳး ဖုန္းခါးၾကားထိုးပီး တမ္းထြက္သြားတာပါ

ညီမက ကေလးပုခက္လႊဲေခ်ာ့သိပ္ေနရင္ေတာင္ စကားတလုံးမွ မေျပာပါဘူး ပိုက္ဆံယူလည္းမေျပာပါဘူး

အဲဒါနဲ႔ညီမက မေနႏိူင္လို႔ ေျပာလိုက္ပါတယ္

အိမ္မွာမေနေတာ့ဘူးလား ညဆိုလည္းညမို႔ မိုးလင္းေပါက္ အဲ့လို ေျပာလိုက္တာပါ

အဲ့ခ်ိန္ အဖြားႀကီးက ေယာက်ာ္းေလးပဲ သြားတာလာတာရွိမွာေပါ့ မေျပာနဲ႔လို႔ ဝင္ေျပာပါတယ္

သူအဲ့လိုေတြသြားေနတဲ့အခ်ိန္ ညီမမွာကေလး ေဝယ်ာဝစၥ ကိုယ့္ဟာကို လုပ္ရတာပါ

ကေလးကဇက္မႏိူင္ေသးလို႔ ေရခ်ိဳးရင္ အရမ္းခက္ပါတယ္ သားဦးမို႔ ညီမကလည္း သိပ္မကြၽမ္းက်င္ပါဘူး

ကိုယ္ဝန္ေဆာင္ gpေတြက ဗဟုသုတေတြဖတ္ပါတယ္ အဖြားႀကီးက တခါတေလမွ ကူလုပ္ေပးတာပါ

ညီမအမ်ိဳးသားကို စိတ္တိုပီး ဘာမွမေျပာပဲေနေတာ့ ေစာက္ခြက္က က်က္သေရကိုမရွိဘူးလို႔ေျပာပါတယ္

ေမြးပီး45ရက္မျပည့္ခင္တုန္းကလည္း ညာဘက္မ်က္လုံးကို ညိဳမဲဖူးေရာင္ေနေအာင္ ထိုးတာပါ

ညီမက သည္းမခံေတာ့ဘူး တိုင္မယ္ေျပာေတာ့ ညီမဖုန္းကို ယူသိမ္းထားပါတယ္

( သားေလး 2လေက်ာ္မွ သူ႔အိမ္ကိုေရာက္တာပါ ) စာမစီတတ္လို႔ ဟိုေရာက္ဒီေရာက္ ဖတ္ရတာ နားလည္ေပးၾကပါေနာ္

အမတို႔ညီမတို႔ ညီမနဲ႔အမ်ိဳးသား စကားမ်ားရင္ ညီမကိုပဲဆူပါတယ္ အမ်ိဳးသားကို တခြန္းမွ မေျပာပါဘူး

အမ်ိဳးသားဘက္ကပဲကာေျပာပါတယ္ အဖိုးကေတာ့ ဘာမေျပာပါဘူး အေနေအးပါတယ္

အဲ့လိုျပသနာေတြျဖစ္ ညီမကိုပဲဆူေျပာဆိုပီးရင္ သားအမိႏွစ္ေယာက္လုံး ညီမကို စကားမေျပာၾကေတာ့ပါဘူး

အမ်ိဳးသားကလည္းမေခၚပါဘူး ညီမကစေျပာမွ ျပန္ေျပာတာပါ

အမ်ိဳးသားက အျပင္သြားရင္ သူ႔အေမ (အဖြားကိုအေမလို႔ေခၚတာပါ) ကိုပဲေျပာသြားပါတယ္

ညီမနဲ႔ကေလးကိုေတာ့ ရွိတယ္ေတာင္မထင္ပါဘူး ညီမွာ ႐ြာလည္းျပန္မရ ႏိုင္ငံေရး မေကာင္းေတာ့ ညီမဖုန္းေဘလိုတာတို႔ တခုခုလိုအပ္ရင္ အနားမွာအလြယ္ဝယ္မရပါဘူး ႐ြာသြားဝယ္မွရတာပါ

ဟိုတေလာက ႏွာေစးေပ်ာက္ေဆးသြားဝယ္ေပးပါဦးေျပာေတာ့ မအားေသးဘူးလို႔ေျပာပါတယ္

သူသြားခ်င္ရင္ ဘယ္ေနရာျဖစ္ျဖစ္ နီးေဝး သြားတာပါ သူ႔အေမေရွ႕လည္း တခါတေလဆို ညီမကို ဆဲဆိုပါတယ္

xာသည္မ လို႔အၿမဲဆဲတာပါ စကားမ်ားတိုင္း xာသည္မ ေကာင္မ ဆဲဆို႐ိုက္ႏွက္ထိုးတာပါ

ဒါမယ့္ သူအဲ့လိုလုပ္တာေတြ လူသိမွာအရမ္းေၾကာက္တာပါသူက တခ်ိဳ႕အသိေတြဆို သိၾကပါတယ္

သားေမြးပီး မ်က္လုံးအထိုးခံရတုန္းက အိမ္ရွင္အန္တီႀကီးကသိပီး ေရခဲနဲ႔က်ပ္ထုပ္ထိုးေပးခဲ့တာပါ

ညီမ ခံစားလို႔ရပါတယ္ သူ႔စိတ္ထဲသူ႔ရင္ထဲ ညီမမရွိေတာ့ဘူးဆိုတာ သိေနပါတယ္ အခု သူ႔အိမ္ေရာက္ေတာ့ ပိုဆိုးေနပါၿပီ

သူ႔လုပ္ရပ္ေတြက ႏွစ္ေယာက္ထဲအိမ္ငွားေနတုန္းက အစစအရာရာ လူပ္ကိုင္ေပး (ရန္ျဖစ္ရင္လက္ပါ)

ခုက ဘာမွ လုပ္ကိုင္မေပး အိမ္မကပ္ သူ႔မိဘကြယ္ရာလက္ပါ ညီမက တခုခုေျပာလိုက္ရင္ အိမ္ေစာေစာျပန္လာပါ

အဲ့လိုေတြမေနပါနဲ႔ေျပာရင္ အံႀကိတ္လက္သီးဆုပ္ျပပါတယ္ ဆက္မေျပာရဲပါဘူး

သူဒီလိုေတြ သြားလာေနတာကို အဖြားႀကီးက မဆုံးမတဲ့အျပင္ ညီမေျပာရင္ေတာင္ ညီမကို ဆူတာပါ

ညေနကလည္း ညီမထမင္းစားေနတာကို ညီမကို ခလုတ္တိုက္သြားတာပါ အမ်ိဳးသားက ဘာတခြန္းမွမေျပာပါဘူး

မနက္ကလည္း အဖြားႀကီးက ညီမကို စိတ္ကလည္းဒီေလာက္ေတာင္ပဲအထိမခံလို႔ေျပာပီးဆူေနတာပါ ေဒါနဲ႔မန္နဲ႔ ညီမက အမ်ိဳးသားကို ကိုယ္မႀကိဳက္တာသူလူပ္ရင္ လင္နဲ႔မယားစိတ္ဆိုးစိတ္တိုလို႔ေတာင္မရပါဘူး အၿမဲဝင္ဝင္ေျပာပါတယ္

သူ႔အမ်ိဳးေတြေခ်းထားတဲ့ပိုက္ဆံေတြလည္းခုထိမရေသးပါဘူး သားကိုယ္ဝန္6လ ျပန္ေရာက္ကတည္းက ေခ်းထားတာ အဖြားႀကီးကလည္း ႏွစ္လုံးထိုးရင္ 1/2ေသာင္း အၿမဲယူပါတယ္

ညီမ စိတ္ေတြအရမ္းနာေနပါၿပီ ဘာဆက္လုပ္ရမလဲမသိေတာ့ဘူး

အိမ္လည္းျပန္မရ သူလက္ပါတာေတြ ပါး႐ိုက္တာေတြ ဆဲဆိုတာေတြ မခံခ်င္ေတာ့ပါဘူး

( လင္မယားခ်င္းလည္း တလေနမွ တခါေလာက္ေနပါတယ္ သူအျပင္မွာမ်ားရွိေနမလား )

ဘာလုပ္ရမွန္းမသိေတာ့ဘူး တခါတေလ ေတြးမိပါတယ္

အစီရင္ေတြလုပ္ပီး ကိုယ့္အနားေနကိုယ့္စကားနားေထာင္ မိသားစု (မိန္းမနဲ႔သား)ကို

တုန္ေနေအာင္ခ်စ္ေနဖို႔ လုပ္ပစ္လိုက္ခ်င္ေတာ့တာပါ အရမ္းနာက်င္လြန္းလို႔ပါ