မင်မင်
သမီးလည်းရင်ဖွင်ချင်တယ်
တကယ်ပဲရပ်တန့်ဖြစ်ရဖို့လားရှေ့ဆက်ရဖို့ဘားဝေခွဲမရတော့ဘူး
သေချာတာကသမီးအရမ်းပင်ပန်းနေပြီ
ရေနစ်ရင်တောင်ကောက်ရိုးလေးတစ်မျှင်ကကိုယ့်အတွက်မှိီတည်ရာကယ်ဆယ်ရာဖြစ်သေးတယ်မလား
ကိုယ်စိတ်ရောလူရောပင်ပန်းနေတဲ့အချိန်ကိုယ့်ချစ်သူကကိုယ်နဲ့နှလုံးသားချင်းနီးစပ်တယ်လို့ယူဆတဲ့သူက
က်ိုယ့်အတွက် ဘာဆိုဘာတစ်ခုမှလုပ်မပေးနိုင်ပဲ ကိုယ့်ကိုသတ်သေချင်လောက်အောင်ဝမ်းနည်းစေတဲ့အရာတွေလုပ်နေရတာလဲ
အမြဲတမ်းကိုယ့်ဘက်ကရန်ဖြစ်တိုင်းအောက်ကျို့ရတာတောင် ဘာလို့အရာမထင်တော့တာလဲ
သမီးကအရာအရာလိုက်လျောအလျော့ပေးလွန်းလို့မမြင်တော့တာလား
တကယ်ဆိုသမီးတစ်ယောက်ထဲနေနေရတယ် အပေါင်းသင်းမရှိဘူး သူစိမ်းအိမ်မှာနေနေရတာ
အနည်းဆုံးတော့တစ်ယောက်ထဲအားငယ်နေတဲ့အချိန်ရှိပေးသင့်တယ်မလား
ဘာကြောင့်ဉပေက္ခာပြုနေရတာလဲ
သူမှားလို့သမီးပြောရင်လည်းရန်ဖြစ်ရတယ် သူပြောလိုက်ရင်သမီးဘက်ကဘယ်တုန်းကမှအမှန်မရှိခဲ့ဘူး
သမီးအရမ်းပင်ပန်းလွန်းလှပြီ အရာရာအောက်ကျို့နေတာတောင်ဘာလို့အရာမထင်နေရတာလဲ
တကယ်ဆိုအလုပ်Pressureရှိနေတဲ့အချိန် သူစိမ်းတွေကြားထဲနေနေရတဲ့သူအတွက်ရှိနေပေးရမယ်မလား
အမြဲဝမ်းနည်ရတယ်ဝမ်းနည်းတော့ ကိုယ်တော့လည့းသူ့အတွက်စိတ်ညစ်စရာလိုပဲ
သမီးစိတ်ကိုဘယ်သူမှ နားလည်မပေးနိုင်ကြတာလား
ငိုတော့လည်းOverတွေလုပ်တယ်တဲ့
အ့လိုချစ်သူမျိုးကိုဘာဆက်လုပ်သင့်လဲ
ခုလည်းစာရိုက်ရင်းငိုမိနေတယ်
မင်မင်
ရေနစ်ရင်တောင်ကောက်ရိုးလေးတစ်မျှင်ကကိုယ့်အတွက်မှီတည်ရာကယ်ဆယ်ရာဖြစ်သေးတယ်မလား
ကိုယ့်အတွက် ဘာဆိုဘာတစ်ခုမှလုပ်မပေးနိုင်ပဲ ကိုယ့်ကိုသတ်သေချင်လောက်အောင်ဝမ်းနည်းစေတဲ့အရာတွေလုပ်နေရတာလဲ