အရမ်းမွန်းကြပ်နေလို့ပါ ရင်ဖွင့်စရာအဖော်လည်းမရှိလို့ပါ
ကျမအသက်က၂၃နှစ်ပါ အိမ်မှာမောင်နှမငါးယောက်ထဲမှာအကြီးဆုံးပါ
အမေနဲ့မောင်လေးညီမလေးတွေကိုရှာကျွေးရင်း ဘဝကိုအေးဆေးဖြတ်သန်းနေတာပါ
ကျမဘဝမှာအဲ့လူတသ်ယောက်ကိုမတွေ့ခင်အထိပါ သူက၃၃နှစ်ပါ တစ်ခုလပ်ပါ သူ့မှာသမီးလေးတစ်ယောက်လည်းရှိပါတယ်
ကျမဘဝမှာကျမကိုလိုက်ကြိုက်တဲ့လူပျိုတွေကိုဖုတ်ဖက်ခါပြီး သူ့လိုတစ်ခုလပ်ကလေးအဖေကိုကျမရွေးချယ်ခဲ့မိတယ်
အစပိုင်းကတော့ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားလို့တောင် ကိုယ့်ကိုကိုယ်ထင်ရတဲ့အထိကို ပျော်ရွှင်ခဲ့ရတာပါ
အဲ့အချိန်သူ့မှာအလုပ်လည်းအတည်တကျမရှိပါဘူး စိတ်ဓာတ်တွေအမြဲကျပြီး တစ်ချိန်လုံးငြီးငြူနေခဲ့လို့ အသနားပိုခဲ့ရတာပါ
အဲ့အချိန်သူကသူ့အနားမှာဘယ်သူမှမရှိလို့ဆိုပြီး ကျမကိုသူနဲ့တူတူနေဖို့ပြောပါတယ်
မနေရင်သူ့ကိုယ်သူသတ်သေမှာတွေရော ပြောလို့ ကျမမှာ မိသားစုအတွက်မငဲ့နိုင်ပဲ အချစ်ကိုဦးစားပေးပြီး သူ့ဘေးနားမှာ အားပေးခဲ့တာပါ
အခုသူကအလုပ်တွေလည်းအဆင်ပြေလာတဲ့ချိန် အပေါင်းအသင်းတွေလည်းပေါလာတော့ ညီမကိုမလိုအပ်တော့သလိုတွေလုပ်ပါတယ်
အချိုးတွေလည်းအရမ်းပြောင်းပြီး စကားများရန်ဖြစ်ရင်တောင် လက်တွေပါပါတယ်
မျက်နှာတွေဆိုဖူးယောင်တဲ့ထိကို ထိုးပါတယ်
ကံဆိုးချင်တော့အခုညီမမှာကိုယ်ဝန်ရှိနေတာပါ သူကတော့ယူမယ်ပြောပါတယ်
ဒါပေမဲ့လေနေ့တိုင်းစိတ်ဆင်းရဲပြီး ငိုနေရတယ် ကိုယ်ဝန်ကြီးနဲ့လည်းလက်တွေပါပါတယ်
အခုနောက်ပိုင်းပိုက်ဆံအရမ်းရှာနိုင်လာတော့ ကျမကိုနှိမ်ပါတယ် သူနဲ့အတူနေကတည်းကမိဘကိုလည်းသိပ်ပြီးမပေးပါဘူး
အမြဲအထက်စီးကဆက်ဆံပြီး အနိုင်ယူပါတယ်
ကျမဘဝမှာသူ့ထပ်သာတဲ့ယောကျာ်းတွေနဲ့တွဲခဲ့ဖူးတာတောင် ဘယ်သူကမှသူ့လိုမျိုးမလုပ်ခံရလို့ အရမ်းခံပြင်းပါတယ်
သူ့သမီးအပေါ်မှာလည်းကျမကောင်းကောင်းဆက်ဆံပေးပါတယ်
ဒါတောင်သူ့ကလေးကကျမအပေါ်ကိုလူပါးဝပြီးမိုက်ရိုင်းတာတွေကို သည်းခံပြီးနေနေရတာပါ
ကျမအသက်ကငယ်ငယ်လေးနဲ့ ကျမဒီလိုစိတ်ညစ်စရာတွေကို နေ့တိုင်းခါးစည်းခံနေရတာ ကျမအရမ်းပင်ပန်းနေပြီ
ကျမအမေက ဘာတစ်ခုမှမသိပါဘူး အမေကအများကြီးမျှော်လင့်ထားတာ
သူ့သမီးကခုလိုတစ်ခုလပ်အသက်ကြီးအရွယ်ယောကျာ်းက နေ့တိုင်းနှိပ်စက်တာသိရင် အမေစိတ်မကောင်းမှာစိုးလို့ ဘာမှမပြောပဲနေနေရတာပါ
ခုသူကနောက်လထဲလက်မှတ်ထိုးမယ်ပြောပါတယ် ကျမခုလိုစိတ်ဆင်းရဲနေရတာကြောင့်
သူနဲ့တစ်စက္ကန့်တောင် မနေချင်တော့ဘူး
အမေ့ဆီလည်းဗိုက်တစ်လုံးနဲ့မပြန်ရဲဘူး ဘယ်လိုလုပ်ရမလဲရှင့် အကြံဉာဏ်လေးတွေ ပေးကြပါဦးနော်
အရမ္းမြန္းၾကပ္ေနလို႔ပါ ရင္ဖြင့္စရာအေဖာ္လည္းမရွိလို႔ပါ
က်မအသက္က၂၃ႏွစ္ပါ အိမ္မွာေမာင္ႏွမငါးေယာက္ထဲမွာအႀကီးဆုံးပါ
အေမနဲ႔ေမာင္ေလးညီမေလးေတြကိုရွာေကြၽးရင္း ဘဝကိုေအးေဆးျဖတ္သန္းေနတာပါ
က်မဘဝမွာအဲ့လူတသ္ေယာက္ကိုမေတြ႕ခင္အထိပါ သူက၃၃ႏွစ္ပါ တစ္ခုလပ္ပါ သူ႔မွာသမီးေလးတစ္ေယာက္လည္းရွိပါတယ္
က်မဘဝမွာက်မကိုလိုက္ႀကိဳက္တဲ့လူပ်ိဳေတြကိုဖုတ္ဖက္ခါၿပီး သူ႔လိုတစ္ခုလပ္ကေလးအေဖကိုက်မေ႐ြးခ်ယ္ခဲ့မိတယ္
အစပိုင္းကေတာ့ကမာၻေပၚမွာကံအေကာင္းဆုံးလူသားလို႔ေတာင္ ကိုယ့္ကိုကိုယ္ထင္ရတဲ့အထိကို ေပ်ာ္႐ႊင္ခဲ့ရတာပါ
အဲ့အခ်ိန္သူ႔မွာအလုပ္လည္းအတည္တက်မရွိပါဘူး စိတ္ဓာတ္ေတြအၿမဲက်ၿပီး တစ္ခ်ိန္လုံးၿငီးျငဴေနခဲ့လို႔ အသနားပိုခဲ့ရတာပါ
အဲ့အခ်ိန္သူကသူ႔အနားမွာဘယ္သူမွမရွိလို႔ဆိုၿပီး က်မကိုသူနဲ႔တူတူေနဖို႔ေျပာပါတယ္
မေနရင္သူ႔ကိုယ္သူသတ္ေသမွာေတြေရာ ေျပာလို႔ က်မမွာ မိသားစုအတြက္မငဲ့ႏိုင္ပဲ အခ်စ္ကိုဦးစားေပးၿပီး သူ႔ေဘးနားမွာ အားေပးခဲ့တာပါ
အခုသူကအလုပ္ေတြလည္းအဆင္ေျပလာတဲ့ခ်ိန္ အေပါင္းအသင္းေတြလည္းေပါလာေတာ့ ညီမကိုမလိုအပ္ေတာ့သလိုေတြလုပ္ပါတယ္
အခ်ိဳးေတြလည္းအရမ္းေျပာင္းၿပီး စကားမ်ားရန္ျဖစ္ရင္ေတာင္ လက္ေတြပါပါတယ္
မ်က္ႏွာေတြဆိုဖူးေယာင္တဲ့ထိကို ထိုးပါတယ္
ကံဆိုးခ်င္ေတာ့အခုညီမမွာကိုယ္ဝန္ရွိေနတာပါ သူကေတာ့ယူမယ္ေျပာပါတယ္
ဒါေပမဲ့ေလေန႔တိုင္းစိတ္ဆင္းရဲၿပီး ငိုေနရတယ္ ကိုယ္ဝန္ႀကီးနဲ႔လည္းလက္ေတြပါပါတယ္
အခုေနာက္ပိုင္းပိုက္ဆံအရမ္းရွာႏိုင္လာေတာ့ က်မကိုႏွိမ္ပါတယ္ သူနဲ႔အတူေနကတည္းကမိဘကိုလည္းသိပ္ၿပီးမေပးပါဘူး
အၿမဲအထက္စီးကဆက္ဆံၿပီး အႏိုင္ယူပါတယ္
က်မဘဝမွာသူ႔ထပ္သာတဲ့ေယာက်ာ္းေတြနဲ႔တြဲခဲ့ဖူးတာေတာင္ ဘယ္သူကမွသူ႔လိုမ်ိဳးမလုပ္ခံရလို႔ အရမ္းခံျပင္းပါတယ္
သူ႔သမီးအေပၚမွာလည္းက်မေကာင္းေကာင္းဆက္ဆံေပးပါတယ္
ဒါေတာင္သူ႔ကေလးကက်မအေပၚကိုလူပါးဝၿပီးမိုက္႐ိုင္းတာေတြကို သည္းခံၿပီးေနေနရတာပါ
က်မအသက္ကငယ္ငယ္ေလးနဲ႔ က်မဒီလိုစိတ္ညစ္စရာေတြကို ေန႔တိုင္းခါးစည္းခံေနရတာ က်မအရမ္းပင္ပန္းေနၿပီ
က်မအေမက ဘာတစ္ခုမွမသိပါဘူး အေမကအမ်ားႀကီးေမွ်ာ္လင့္ထားတာ
သူ႔သမီးကခုလိုတစ္ခုလပ္အသက္ႀကီးအ႐ြယ္ေယာက်ာ္းက ေန႔တိုင္းႏွိပ္စက္တာသိရင္ အေမစိတ္မေကာင္းမွာစိုးလို႔ ဘာမွမေျပာပဲေနေနရတာပါ
ခုသူကေနာက္လထဲလက္မွတ္ထိုးမယ္ေျပာပါတယ္ က်မခုလိုစိတ္ဆင္းရဲေနရတာေၾကာင့္
သူနဲ႔တစ္စကၠန္႔ေတာင္ မေနခ်င္ေတာ့ဘူး
အေမ့ဆီလည္းဗိုက္တစ္လုံးနဲ႔မျပန္ရဲဘူး ဘယ္လိုလုပ္ရမလဲရွင့္ အႀကံဉာဏ္ေလးေတြ ေပးၾကပါဦးေနာ္