အကြံညာဏ်လေးတောင်းချင်လို့ပါ ကျွန်မအခုဘာဆက်လုပ်ရမှန်းမသိတော့ဘူး
ကျွန်မတို့ကြိုက်တာလေးနှစ်ကျော် အိမ်ထောင်သက်သုံးနှစ်မှာ သူကနောက်မိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတယ်
သားလေးကတစ်နှစ်ခွဲ ချူချာတယ်ခလေးက
သူဖောက်ပြန်တာသိတော့ တစ်ခါခွင့်လွှတ်ပေးမယ်ဆိုပီးဆက်သွယ်ဖျက်ခိုင်းတာ
မဖျက်ပဲဆက်သွယ်နေပီးဖျက်ထားတယ်ဆိုပီး နှစ်ယောက်လုံးညာတယ် ကောင်မလေးကအပျို
မိန်းမနဲ့ ခလေးရှိမှန်းသိတယ် ကျွန်မသိတာစောပါတယ်
သူတို့ကြိုက်တာရက်၂၀နဲ့ကျွန်မသိတာ သူတို့ကအဲ့တော့လွန်ပီးပီ
ကျွန်မကိုသူအပျိုရည်သူကြောင့်ပျက်လို့သူသနားတယ် ဘာဆက်လုပ်ရမလဲတဲ့
ကျွန်မကလဲငါလဲ အပျိုရည်နင့်ကြောင့်ပျက်တာလေ ငါတို့မှာခလေးလေးနဲ့
အရင်လိုပြန်နေမယ် အဲ့တစ်ယောက်ကသူအပျိုဘဝကိုအရက်20ထဲနဲ့ပေးမလား
နင့်ကိုဂျင်းထည့်တာနေမှာလို့ ချော့ပြောလဲမရဘူး ကြမ်းလဲမရဘူး
သူကတဖြည်းဖြည်းဟိုဘတ်ပါပြီး အခုဆို အဆိုးဆုံးအခြေနေရောက်နေပီ
သူကလိုင်းပေါ်မှာအသေချစ်ပြနေတာ ကျွန်မကိုတော့ ကွာပေးပါပဲပြောနေတယ်
သူ့လစာတွေလဲပန်မပေးတော့ဘူး နောက်ဆုံးကလေးအတွက်တောင်ဘားမှဝယ်မပေးပဲ အမြန်ကွာပေးအောင်အကြပ်ကိုင်နေတယ်
ကျွန်မတို့ကပုသိမ်ကပါ သူကောင်မလေးက ရှမ်းပြည်က သူကခလေးကိုပါမမြင်တော့တာ
ကျွန်မကိုလက်ထပ်ပွာအကုန်ယူ ကလေးစရိပ်တစ်လ၃သိန်းပေးမယ် ကွာပေးပါတဲ့
ကျွန်မတို့ကိုလုံးဝမကြင်နာတဲ့လူက တကယ်မပေးပဲ ရှမ်းပြည်တက်ပြေးမှာ ကျွန်မစိုးရိမ်နေတာ
သူအလုပ်ကသူသုံးတာဖယ်ရင် တစ်လသုံးသိန်းမနဲစုရမှာ သူပေးပ့မလား ညာပီးကွာချင်လို့ပြောတာထင်တယ်
သူကပြောသေးတယ် မယူပါဘူးတဲ့ လူပျိုလိုနေချင်လို့တဲ့
လူပျိုထက်တောင်သူခုလွတ်လပ်သေးတယ်နေနေရတာ သူလဲပျက်စီးနေပီ ဆေးတွေချတယ်ကြားတယ် ကျွန်မဘယ်လိုလုပ်သင့်လဲ
ခုကယောက္ခ်မအိမ်မှာနေတာ သူတို့ကသူတို့သားလဲမနိုင်ဘူး ကျွန်မကိုလဲအိမ်ပေးမပြန်ဘူး ခလေးကိုမခွဲနိုင်ကြဘူး
ဒီမှာပဲနေပါတဲ့ ကလေးအတွက်လိုတာသူတို့ဝယ်ပေးမယ် ကျွန်မခလေးတစ်ဖက်နဲ့ဘားမှမလုပ်နိုင်သေးဘူး
ကလေးနို့ဖျက်ရင်အလုပ်လုပ်ပီးဒီမှာပဲနေပါတဲ့ ကွာလဲမပေးပါနဲ့တဲ့
ကျွန်မယောက်ျားခုကျွန်မတို့နဲ့အတူမနေပါဘူး ဝန်ထမ်းအိမ်မှာနေတယ်
ဟိုကောင်မလေးကမန်းလေးမှာအလုပ်လုပ်တာ အဲ့ကိုလဲခဏခဏသွားတယ်
သူကတအားစွဲလမ်းနေတာ သူကောင်မကဟိုတယ်မှာဧည့်ကြိုတဲ့ ညဆိုင်းလဲဆင်းရတယ်တဲ့
အဲ့လိုမျိုးရှိလို့လား သိရင်ဖြေပေးပါအုံး
ကျွန်မကိုလဲ အကြံပေးကြပါအုံး ဘယ်လိုလုပ်သင့်လဲ အားလုံးပဲ ကျွန်မလိုအဖြစ်မျိုးမတွေ့ပါစေနဲ့