ညီမက CDM teacherပါ အခုလက်ရှိကလေး1အမေပါ
ကလေးကတော့5လလောက်ပဲ ရှိပါသေးတယ်
လွန်ခဲ့တဲ့3နှစ်ကမိဘသဘောမတူတဲ့လူနဲ့ ခိုးပြေးပြီးအိမ်ထောင်ကျခဲ့ပါတယ်
သူ့အိမ်မှာလိုက်နေရင်း အဆင်မပြေမှုများစွာ စိတ်ဆင်းရဲမှုများစွာခံစားခဲ့ရပါတယ်
အဓိကက သူကအမေချစ် အမချစ်သားပါ သူ့မိသားစုကအရာရာညီမတို့အပေါ်လွှမ်းမိုးပါတယ်
ညီမကိုယ်ဝန်ရလာတော့ အမေရှိတဲ့မြို့ကိုလာခဲ့ပါတယ်
သူကနိုင်ငံခြားထွက်ပြီး အလုပ်သွားလုပ်ပါတယ်
သူ့စိတ်ကူးကတော့ ပိုက်ဆံစူပြီးရင် သူ့မိသားစုရှိတဲ့မြို့မှာ အိမ်ဝယ်ပြီးနေကြမယ်လို့ပြောပါတယ်
ဒါမဲ့ ညီမဘက်က သူ့မိသားစုနဲ့ဝေးဝေးမှာပဲနေချင်တယ် အဲ့ကြောင့် အခုညီမနေနေတဲ့ရန်ကုန် မြို့မှာပဲနေကြရအောင်လို့ပြောပါတယ်
အဲ့တာသူက သူ့မိသားစုကိုမဖြတ်နိုင်ဘူး လက်မခံဘူး ရန်ကုန်မှာကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်ရင်နေလို့ပြောပါတယ်
ညီမဘက်ကသူ့ကို သံယောဇဉ်သိပ်မရှိတော့တာ သူ့မိသားစုကြောင့်ပါ အခုချိန်ထိကလေးမျက်နှာနဲ့ ပြောဆိုနေတာပါ
သူပြောသလို လက်မခံတာညီမအမှားလား
ညီမအိမ်ထောင်ကျတဲ့သက်တမ်း3နှစ်မှာ သူတို့အသိုင်းဝိုင်းထဲ မျက်နှာငယ်သိမ်ငယ်ခံရပါတယ်
သူ့အမေကဝင်ပါလိုက် သူ့အမကဝင်ပါလိုက်နဲ့ ချီးပါသေးပေါက်ကအစ သူ့အမေကိုတိုင်ပါတယ်
အခုရှေ့လျှောက်ညီမစိတ်ချမ်းချမ်းသာသာနဲ့ ဘယ်သူ့အရိပ်ခြည်မှမကြည့်ဘဲနေချင်လို့ အခုလိုဆုံးဖြတ်ချက်ချလိုက်တာပါ
ညီမဘက်က အခုချိန်ကလေးငယ်သေးလို့ ဘာမှမလုပ်နိုင်သေးပေမဲ့
ကိုယ့်ကလေးအတွက်ဘာပဲလုပ်ရလုပ်ရ အလုပ်လုပ်ပြီး ရှာကျွေးဖို့ခွန်အားရှိပါတယ်
ညီမက CDM teacherပါ အခုလက္ရွိကေလး1အေမပါ
ညီမအိမ်ထောင်ကျတဲ့သက်တမ်3းနှစ်မှာ သူတို့အသိုင်းဝိုင်းထဲ မျက်နှာငယ်သိမ်ငယ်ခံရပါတယ်