ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၇၄

အကြံလေး တောင်းပါရစေရှင့်

ကျွန်မနဲ့ သူ ချစ်သူသက်တမ်း ၃နှစ်ပြည့်ပါတော့မယ်

သူက ကျောင်းဆရာပါ စီးပွားရေး အဆင်ပြေပါတယ်

ကျွန်မက စက်ချုပ် ပါတယ် စီးပွားရေး သိပ်အဆင်မပြေပါဘူး

ကျွန်မ တစ်ခုခု လိုချင်လို့ တောင်းဆိုရင် အကြောင်းအမျိုးမျိုးပေးပြီး ရှောင်ပါတယ် ဒါကလည်း ကျွန်မ သူဆီက ချေးတာပါ

၁၀၀/၂၀၀ က အစ ကျွန်မ ပြန်ပေးနေကြပါ

မွေးနေ့ ၊ Feb 14၊ university တွေကအစ သူ့ဆီက ဘာမှ မရဖူးပါဘူး

ကျွန်မက မရလို့ ပြောတာမဟုတ်ပါ အ့ရက်တေတောင် မေ့နေတတ်တဲ့သူမို့ပါ

နိုင်ငံရေးဖြစ်တော့ CDN ကနေ အခု တောခိုနေပါတယ်

ကျွန်မ ဘက်က တတ်နိုင်သလောက် သူ့အတွက် လုပ်ပေးပါတယ်

သူမွေးနေ့ဆိုလည်း ငွေပို့ပေး တယ် ဆေးခန်းပြဖို့ဆိုလည်း ပို့ပေးခဲ့ပါတယ်

အခု ဟိုရက်က ကျွန်မကို သဲ ခေါ်နေရင်းက မ ဆိုပြီး ၂ခါ မှားခေါ်ပါတယ်

ကျွန်မ မေးတော့ ငြင်းပါတယ် နောက်ထပ် ခံစားရတာတွေ အများကြီး ရှိနေပါသေးတယ်

ကျွန်မ စိတ်ကုန်နေပါပီ ကျွန်မ သူ့ကို သံယောဇဉ်ရှိနေသေးပေမယ့် မုန်းချင်နေပြီ

လက်ထပ်ဖို့လည်း မရည်ရွယ်တော့ဘူး ဖျက်ဖို့ကြလည်း တောထဲမှာ တစ်ခုခု ဖြစ်သွားမယ် စိုးလို့ပါ

အကြံလေး ပေးကြဦးနော်
















အကြံလေး ပေးကြဦးနော်