မင်မင်ရေ ရင်ဖွင့်ချင်လို့ပါ
ညီမ ယောကျာ်းရော ညီမကပါ ဝန်ထမ်းတွေ ပါ
သူ့အလုပ် က နယ်ဆိုဒ်တွေ ဆင်းရပါတယ် ညီမ ကတော့ အိမ်မှာနေခဲ့ပါတယ်
သမီးလေး ကိုယ်ဝန်မရှိခင်ကတော့ သူညီမ ဆီ လာနေလိုက် ညီမသူ့ဆီ မကြာ မကြာ လိုက်နေပါတယ်
ချစ်သူဘဝ ၃နှစ်နဲ့ အိမ်ထောင်သက် ၅နှစ် မှာ အရမ်းချစ်ခဲ့ကြပါတယ်
ညီမက သမီးကိုယ်ဝန်ဆောင်ရတာရော ကိုဗစ်တွေ နိုင်ငံရေး တွေ ကြောင့် သူ့နောက်ကို ကိုယ်ဝန်တစ်လျှောက်လုံး လိုက်မနေဖြစ်တော့ပါဘူး
ဒါပေမဲ့ သူ KTVက ကောင်မလေး နဲ့ ဖောက်ပြန် ပါတယ် အဲ့ကောင်မလေးက မိန်းမနဲ့ ကလေး ရှိတယ်ဆိုတာ သိပါတယ်
ညီမယောကျာ်း ပြောပြ ထားလို့ သိတာပါ
အဲ့ကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့အချိန်ထိ ညီမအပေါ်လည်း အချစ်မပျက် အဝေးကနေ ဂရုစိုက်ပါတယ်
အဲ့တာကြောင့် မရိပ်မိခဲ့တာပါ သူ ညီမ ကလေးမမွေးခင်နဲ့မွေးပြီးတဲ့အထိ ၁လခွဲ လာနေပေးပါတယ်
ညီမဆီ မလာခင် သူ့အလုပ်မှာ သူ့ဆရာရယ် သူ့ သူငယ်ချင်းရယ်က တူတူနေကြပါတယ်
သူ့ဆရာနဲ့ သူ့သူငယ်ချင်းက KTVက ကောင်မလေးတွေကို တိုက်ခန်းမှာ အရင်ခေါ်နေကြပါတယ်
အဲ့အချိန်ထိ ညီမယောကျာ်း အဲ့ကောင်မလေးကို ခေါ်မနေပါဘူး ဒါပေမဲ့ကောင်မလေးက ဇွတ်လာခေါ်ခိုင်းပါတယ်
အဲ့တာနဲ့ ညီမယောကျာ်း ညီမဆီမလာခင် အဲ့ကောင်မလေးနဲ့ တိုက်ခန်းမှာ ၂၀လောက် အတူတူနေခဲ့ပါတယ်
ညီမဆီ ပြန်လာတော့ ပိုက်ဆံပေးပြီး အဲ့ကောင်မလေးကို ပြန်ခိုင်းခဲ့ပါတယ် သူဖြတ်ခဲ့ပါတယ်
ဒါပေမဲ့ ညီမဆီ သူလာနေတော့ ဟိုမိန်းမက စာတွေ ခဏတိုင်းပို့ ဖုန်းတွေ ခဏတိုင်း ဆက်တော့ ညီမ ရိပ်မိသွားပါတယ်
ဒါနဲ့ သူ့ဖုန်းကို ယူပြီး ညီမဆက်တော့ အဲ့မိန်းမအသံကို ခဏပဲကြားရပြီး အဲ့မိန်းမ စက်ပိတ်သွားပါတယ်
ညီမယောကျာ်းကို ညီမမေးတော့ ညီမယောကျာ်း လိမ်ပါတယ် ညီမမွေးခါနီးမို့ သူမပြောပြရဲခဲ့တာလို့ သူပြောပါတယ်
အဲ့တာနဲ့ ညီမလည်း ကလေးမွေးပြီး တဲ့အထိ သူဂရုစိုက်ရှာပါတယ် အကုန်လုပ်ပေးပါတယ် သူ့သမီးလေးကို သူအရမ်းချစ်ရှာပါတယ်
အဲ့တာတွေကြောင့် ညီမဆီကအပြန် ဟိုမိန်းမကို လုံးဝ မဆက်သွယ်တော့ဘဲနဲ့ ငါကောင်းကောင်းမွန်မွန်နေပါတယ်
ဒါပေမဲ့ ဟိုမိန်းမက ဖုန်းစိမ်းတွေနဲ့ ဇွတ် ညီမယောကျာ်းကို လာခေါ်ခိုင်းပါတယ် ကလေးရှိနေပြီ ကိုယ်ဝန်ရှိနေပြီဆိုပြီး ဇွတ်လိမ်ခေါ်ပါတယ်
အဲ့မှာ ယောကျာ်း သူ့ဆီ မသွားရင် ညီမကို သူဖုန်းဆက်ပြောပြမှာစိုးလို့ သူ့ကို သွားခေါ်လိုက်ရပါတယ်
အဲ့အချိန်မှာ ညီမ ကလေး မွေးထားတာ ၄၅ရက်မပြည့်သေးပါဘူး သူ့ကို သွားခေါ်ပေးပြီး အဲ့ကောင်မလေးက KTVပြန်လုပ်ပါတယ်
သူ KTVပြန်လုပ်ချင်လို့သူ့အိမ်က ထွက်မရလို့ ညီမယောကျာ်းကို ဂွင်ဆင်ခေါ်တာပါ
ညီမယောကျာ်း အလုပ်လုပ်တဲ့ မြို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ ညီမ ယောကျာ်း သူနဲ့ပြန်ဖြစ်သွားပါတယ်
သူဇွတ်ကပ်ခဲ့ပေမဲ့ ညီမယောကျာ်း သူ့ကို ငါ့သမီးလေးမွေးပြီးပြီ ငါ့မိသားစုနဲ့ ငါပြန်နေချင်တယ် ပြောပြီး ဇွတ်ဖြတ်ခဲ့ပါတယ်
ညီမ မသိခင် သူတို့ ပြတ်သွားပြီးသားပါ ဒါတွေကို ညီမ မသိခဲ့ပါတယ် ကလေးမွေးပြီး တစ်နှစ်ကြာမှ သူ့အလုပ်က ညီမတွေပြောပြလို့ သိခဲ့ရတာပါ
အဲ့မှာ ညီမလေ ရူးမတတ် ပဲ ခံစားခဲ့ရတယ် တစ်သက်လုံး မိန်းမ ကိစ္စမရှုပ်လောက်ပါဘူး တွေးထားတဲ့ ကိုယ့်ယောကျာ်းက အဲ့လိုတွေ ဖြစ်ခဲ့တော့ ဘယ်လိုမှကို မခံစားနိုင်ပါဘူး
သိခါစ ထမင်း ၇ရက်လောက် စားမဝင် အိပ်မပျော်တွေ ဖြစ်ခဲ့ရပါတယ် ညီမယောကျာ်းကို ကွာရှင်းပေးဖို့ ပြောပါတယ်
ဒါပေမဲ့ ညီမယောကျာ်း မကွာပေးပါဘူး ငိုယိုတောင်းပန်ပါတယ် သူ့မိဘတွေနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကလည်း မကွာရှင်းကြဖို့ တောင်းပန်ပြောကြလို့ ညီမ ပြန်ပေါင်းခဲ့ရပါတယ်
ညီမယောကျာ်း အခု သွေးလည်း ၂ခါစစ်ပေးသလို အရက်တွေ ဆေးလိပ်တွေလည်း ဖြတ်ပြီး ညီမကို စိတ်ချမ်းသာ အောင် ထားပေမဲ့ သူဖောက်ပြန်ခဲ့တဲ့ကိစ္စတွေကို ညီမ ခေါင်းထဲက မထုတ်နိုင်သေးဘူး
ခုထိ သမီးလေးသာ ၂နှစ်ပြည့်လာတယ် အဲ့အကြောင်းတွေ ခေါင်းထဲတွေးပြီး ပူလောင်နေတုန်း သူ့ကိုလည်း အဲ့အကြောင်းတွေ ပြောပြီး ပြသာနာ ရှာနေတုန်း ဘယ်လိုလုပ်ပြီး ညီမ နေရမလဲ ညီအမတို့ရေ ပြောပြကြပါအုံး
သူနဲ့ဖြစ်တဲ့ကောင်မလေးကတော့ မနှစ် ၈ လပိုင်းထဲက နိုင်ငံခြား ထွက်သွားပါပြီ
ညီမယောကျာ်းကလည်း အဲ့ကောင်မလေးနဲ့ ဖြစ်ခဲ့တဲ့အကြောင်းတွေ အကုန်ဝန်ခံ ပြောပြပါတယ်
နောက်ထပ် ထပ်မဖြစ်စေရဘူး လုံးဝ မဖောက်ပြန်တော့ပါဘူး ပြောပြီး အခု ၂နှစ်မှာ ကောင်းကောင်းမွန်မွန် နေ နေပါပြီ
ဒါပေမဲ့ ဟိုကောင်မလေးနဲ့ သူ့သူငယ်ချင်း၂ယောက်က အခုထိ ညီမတို့ ၂ယောက် ရန်ဖြစ်အောင် စကားတွေအမျိုးမျိုးပြောပြီး နှောင့်ယှက်ခံနေရတုန်းပါ
အဲ့တာ ညီမ ဘယ်လို နေသင့်လဲ ဲပြောကြပါအုံး ညီအမတို့ရေ
မင္မင္ေရ ရင္ဖြင့္ခ်င္လို႔ပါ
ညီမ ေယာက်ာ္းေရာ ညီမကပါ ဝန္ထမ္းေတြ ပါ
သူ႔အလုပ္ က နယ္ဆိုဒ္ေတြ ဆင္းရပါတယ္ ညီမ ကေတာ့ အိမ္မွာေနခဲ့ပါတယ္
သမီးေလး ကိုယ္ဝန္မရွိခင္ကေတာ့ သူညီမ ဆီ လာေနလိုက္ ညီမသူ႔ဆီ မၾကာ မၾကာ လိုက္ေနပါတယ္
ခ်စ္သူဘဝ ၃ႏွစ္နဲ႔ အိမ္ေထာင္သက္ ၅ႏွစ္ မွာ အရမ္းခ်စ္ခဲ့ၾကပါတယ္
ညီမက သမီးကိုယ္ဝန္ေဆာင္ရတာေရာ ကိုဗစ္ေတြ ႏိုင္ငံေရး ေတြ ေၾကာင့္ သူ႔ေနာက္ကို ကိုယ္ဝန္တစ္ေလွ်ာက္လုံး လိုက္မေနျဖစ္ေတာ့ပါဘူး
ဒါေပမဲ့ သူ KTVက ေကာင္မေလး နဲ႔ ေဖာက္ျပန္ ပါတယ္ အဲ့ေကာင္မေလးက မိန္းမနဲ႔ ကေလး ရွိတယ္ဆိုတာ သိပါတယ္
ညီမေယာက်ာ္း ေျပာျပ ထားလို႔ သိတာပါ
အဲ့ေကာင္မေလးနဲ႔ ေဖာက္ျပန္ေနတဲ့အခ်ိန္ထိ ညီမအေပၚလည္း အခ်စ္မပ်က္ အေဝးကေန ဂ႐ုစိုက္ပါတယ္
အဲ့တာေၾကာင့္ မရိပ္မိခဲ့တာပါ သူ ညီမ ကေလးမေမြးခင္နဲ႔ေမြးၿပီးတဲ့အထိ ၁လခြဲ လာေနေပးပါတယ္
ညီမဆီ မလာခင္ သူ႔အလုပ္မွာ သူ႔ဆရာရယ္ သူ႔ သူငယ္ခ်င္းရယ္က တူတူေနၾကပါတယ္
သူ႔ဆရာနဲ႔ သူ႔သူငယ္ခ်င္းက KTVက ေကာင္မေလးေတြကို တိုက္ခန္းမွာ အရင္ေခၚေနၾကပါတယ္
အဲ့အခ်ိန္ထိ ညီမေယာက်ာ္း အဲ့ေကာင္မေလးကို ေခၚမေနပါဘူး ဒါေပမဲ့ေကာင္မေလးက ဇြတ္လာေခၚခိုင္းပါတယ္
အဲ့တာနဲ႔ ညီမေယာက်ာ္း ညီမဆီမလာခင္ အဲ့ေကာင္မေလးနဲ႔ တိုက္ခန္းမွာ ၂၀ေလာက္ အတူတူေနခဲ့ပါတယ္
ညီမဆီ ျပန္လာေတာ့ ပိုက္ဆံေပးၿပီး အဲ့ေကာင္မေလးကို ျပန္ခိုင္းခဲ့ပါတယ္ သူျဖတ္ခဲ့ပါတယ္
ဒါေပမဲ့ ညီမဆီ သူလာေနေတာ့ ဟိုမိန္းမက စာေတြ ခဏတိုင္းပို႔ ဖုန္းေတြ ခဏတိုင္း ဆက္ေတာ့ ညီမ ရိပ္မိသြားပါတယ္
ဒါနဲ႔ သူ႔ဖုန္းကို ယူၿပီး ညီမဆက္ေတာ့ အဲ့မိန္းမအသံကို ခဏပဲၾကားရၿပီး အဲ့မိန္းမ စက္ပိတ္သြားပါတယ္
ညီမေယာက်ာ္းကို ညီမေမးေတာ့ ညီမေယာက်ာ္း လိမ္ပါတယ္ ညီမေမြးခါနီးမို႔ သူမေျပာျပရဲခဲ့တာလို႔ သူေျပာပါတယ္
အဲ့တာနဲ႔ ညီမလည္း ကေလးေမြးၿပီး တဲ့အထိ သူဂ႐ုစိုက္ရွာပါတယ္ အကုန္လုပ္ေပးပါတယ္ သူ႔သမီးေလးကို သူအရမ္းခ်စ္ရွာပါတယ္
အဲ့တာေတြေၾကာင့္ ညီမဆီကအျပန္ ဟိုမိန္းမကို လုံးဝ မဆက္သြယ္ေတာ့ဘဲနဲ႔ ငါေကာင္းေကာင္းမြန္မြန္ေနပါတယ္
ဒါေပမဲ့ ဟိုမိန္းမက ဖုန္းစိမ္းေတြနဲ႔ ဇြတ္ ညီမေယာက်ာ္းကို လာေခၚခိုင္းပါတယ္ ကေလးရွိေနၿပီ ကိုယ္ဝန္ရွိေနၿပီဆိုၿပီး ဇြတ္လိမ္ေခၚပါတယ္
အဲ့မွာ ေယာက်ာ္း သူ႔ဆီ မသြားရင္ ညီမကို သူဖုန္းဆက္ေျပာျပမွာစိုးလို႔ သူ႔ကို သြားေခၚလိုက္ရပါတယ္
အဲ့အခ်ိန္မွာ ညီမ ကေလး ေမြးထားတာ ၄၅ရက္မျပည့္ေသးပါဘူး သူ႔ကို သြားေခၚေပးၿပီး အဲ့ေကာင္မေလးက KTVျပန္လုပ္ပါတယ္
သူ KTVျပန္လုပ္ခ်င္လို႔သူ႔အိမ္က ထြက္မရလို႔ ညီမေယာက်ာ္းကို ဂြင္ဆင္ေခၚတာပါ
ညီမေယာက်ာ္း အလုပ္လုပ္တဲ့ ၿမိဳ႕ေတာ့ မဟုတ္ပါဘူး ဒါေပမဲ့ ညီမ ေယာက်ာ္း သူနဲ႔ျပန္ျဖစ္သြားပါတယ္
သူဇြတ္ကပ္ခဲ့ေပမဲ့ ညီမေယာက်ာ္း သူ႔ကို ငါ့သမီးေလးေမြးၿပီးၿပီ ငါ့မိသားစုနဲ႔ ငါျပန္ေနခ်င္တယ္ ေျပာၿပီး ဇြတ္ျဖတ္ခဲ့ပါတယ္
ညီမ မသိခင္ သူတို႔ ျပတ္သြားၿပီးသားပါ ဒါေတြကို ညီမ မသိခဲ့ပါတယ္ ကေလးေမြးၿပီး တစ္ႏွစ္ၾကာမွ သူ႔အလုပ္က ညီမေတြေျပာျပလို႔ သိခဲ့ရတာပါ
အဲ့မွာ ညီမေလ ႐ူးမတတ္ ပဲ ခံစားခဲ့ရတယ္ တစ္သက္လုံး မိန္းမ ကိစၥမရႈပ္ေလာက္ပါဘူး ေတြးထားတဲ့ ကိုယ့္ေယာက်ာ္းက အဲ့လိုေတြ ျဖစ္ခဲ့ေတာ့ ဘယ္လိုမွကို မခံစားႏိုင္ပါဘူး
သိခါစ ထမင္း ၇ရက္ေလာက္ စားမဝင္ အိပ္မေပ်ာ္ေတြ ျဖစ္ခဲ့ရပါတယ္ ညီမေယာက်ာ္းကို ကြာရွင္းေပးဖို႔ ေျပာပါတယ္
ဒါေပမဲ့ ညီမေယာက်ာ္း မကြာေပးပါဘူး ငိုယိုေတာင္းပန္ပါတယ္ သူ႔မိဘေတြနဲ႔ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း မကြာရွင္းၾကဖို႔ ေတာင္းပန္ေျပာၾကလို႔ ညီမ ျပန္ေပါင္းခဲ့ရပါတယ္
ညီမေယာက်ာ္း အခု ေသြးလည္း ၂ခါစစ္ေပးသလို အရက္ေတြ ေဆးလိပ္ေတြလည္း ျဖတ္ၿပီး ညီမကို စိတ္ခ်မ္းသာ ေအာင္ ထားေပမဲ့ သူေဖာက္ျပန္ခဲ့တဲ့ကိစၥေတြကို ညီမ ေခါင္းထဲက မထုတ္ႏိုင္ေသးဘူး
ခုထိ သမီးေလးသာ ၂ႏွစ္ျပည့္လာတယ္ အဲ့အေၾကာင္းေတြ ေခါင္းထဲေတြးၿပီး ပူေလာင္ေနတုန္း သူ႔ကိုလည္း အဲ့အေၾကာင္းေတြ ေျပာၿပီး ျပသာနာ ရွာေနတုန္း ဘယ္လိုလုပ္ၿပီး ညီမ ေနရမလဲ ညီအမတို႔ေရ ေျပာျပၾကပါအုံး
သူနဲ႔ျဖစ္တဲ့ေကာင္မေလးကေတာ့ မႏွစ္ ၈ လပိုင္းထဲက ႏိုင္ငံျခား ထြက္သြားပါၿပီ
ညီမေယာက်ာ္းကလည္း အဲ့ေကာင္မေလးနဲ႔ ျဖစ္ခဲ့တဲ့အေၾကာင္းေတြ အကုန္ဝန္ခံ ေျပာျပပါတယ္
ေနာက္ထပ္ ထပ္မျဖစ္ေစရဘူး လုံးဝ မေဖာက္ျပန္ေတာ့ပါဘူး ေျပာၿပီး အခု ၂ႏွစ္မွာ ေကာင္းေကာင္းမြန္မြန္ ေန ေနပါၿပီ
ဒါေပမဲ့ ဟိုေကာင္မေလးနဲ႔ သူ႔သူငယ္ခ်င္း၂ေယာက္က အခုထိ ညီမတို႔ ၂ေယာက္ ရန္ျဖစ္ေအာင္ စကားေတြအမ်ိဳးမ်ိဳးေျပာၿပီး ေႏွာင့္ယွက္ခံေနရတုန္းပါ
အဲ့တာ ညီမ ဘယ္လို ေနသင့္လဲ ဲေျပာၾကပါအုံး ညီအမတို႔ေရ