ညီမအမျိုးသားကခုမှ သင်္ဘောတက်သွားတာပါ တက်ဖို့လုပ်ထားတာတော့ညီမနဲ့မယူခင်ထဲကပါ
သင်္ဘောအတွက်ရိုက်ကြေးတွေချေးဌားပြီးတက်ရတာအကြွေးလဲမကျေသေးပါဘူး(တက်တာမကြာသေးလို့ပါ)
ညီမကိုရှေ့လကအပေါ်ကြေးသူသုံးလို့ပိုတာလေးလွှဲပေးပါတယ်
ညီမလဲဒီမှာတယောက်ထဲငွေကြေးအဆင်မပြေဘူးဆိုတာသိလို့ပါ
ညီမတကျပ်ရှိတကျပ်သုံးတဲ့သူပါ ချေးဌားပီးမသုံးပါ
ရှေ့လကသူပို့လိုက်တော့အဆင်ပြေသွားတယ်ပေါ့နော် သူလဲလတိုင်းလွှဲမရဘူးပြောတော့ညီမလဲစီစစ်ပီးသုံးပါတယ်
ဒါပေမယ့်သူ့မိဘတွေကိုသူလွှဲတဲ့ထဲကဘယ်လောက်ပေးလိုက်ရမလဲ ညီမမေးလိုက်ပါတယ်သူကမပေးနဲ့လို့ပြောပါတယ်
ဘာကြောင့်မပေးခိုင်းတာလဲဆို ညီမအမျိုးသားဘက်ကအရမ်းစကားနာထိုးတတ်ပါတယ်
မင်းကမိန်းမကျဘယ်လိုငါတို့ကျဘယ်လိုအဲ့လိုပြောမှာစိုးလို့ပါ
ဒီလကျတော့သူ့အမေနဲ့လိုင်းရတုန်းသူအမေကပြောတယ်ပိုက်ဆံမရှိဘူးပေါ့နော်
ညီမအမျိုးသားကညီမကိုလိုင်းကတော့ပြောပါတယ်
အမေနဲ့မင်းအတွက်လွှဲလိုက်မယ်ပေါ့နော်
အဲ့လိုပြောတဲ့အချိန်မှာညီမသူ့ကိုပြောပါတယ် သူတို့ကအဖြုန်းဘက်သုံးမှာနော်လို့ပြောတော့ကန်တော့တယ်လို့ထားလိုက်ပါတဲ့
ညီမကပိုက်ဆံကိုလိုအပ်လို့သုံးတာအပြစ်မပြောပါဘူး
အသက်၃၀နားပြည့်တော့မယ်သူတွေ အလုပ်မရှိပိုက်ဆံတောင်းသမျှပေးနေတာ မြင်နေကျဆိုတော့
ကိုယ့်ယောကျားကပင်ပင်ပန်းပန်းနဲ့လုပ်တဲ့ပိုက်ဆံအကျိုးမရှိပဲအလကားကုန်မှာဆိုးတာပါ
(အမျိုးသားကလဲဒီလပို့မှာက သူပိုက်ဆံချေးလိုက်တာပါ)
အပေါ်ကသူ့လစာပေးမှမသုံးမစွဲသူပြန်ဆပ်ရမယ်ပြောပါတယ်
ပြီးတော့သူ့အဖေကလဲလကုန်လူတွေ့ရင်ပိုက်ဆံလွှဲပီလားတချိန်လုံးမေးပါတယ်
ပိုက်ဆံကလဲကိုယ်မရသေးပါဘူးအကြွေးဆပ်ရမှာပါသူတို့လဲသိပါတယ်
သူတို့ပိုက်ဆံတောင်းတာညီမသိပါတယ်ဆိုတဲ့ပုံစံနဲ့ပြောသင့်လားရှင့်
စာရေးသားတွေဖတ်ရတာအဆင်မပြေရင်တောင်းပန်ပါတယ်
မင်မင်အခမဲ့တင်ပေးပါနော်🙏
ညီမအမ်ိဳးသားကခုမွ သေဘၤာတက္သြားတာပါ တက္ဖို႔လုပ္ထားတာေတာ့ညီမနဲ႔မယူခင္ထဲကပါ
သေဘၤာအတြက္႐ိုက္ေၾကးေတြေခ်းဌားၿပီးတက္ရတာအေႂကြးလဲမေက်ေသးပါဘူး(တက္တာမၾကာေသးလို႔ပါ)
ညီမကိုေရွ႕လကအေပၚေၾကးသူသုံးလို႔ပိုတာေလးလႊဲေပးပါတယ္
ညီမလဲဒီမွာတေယာက္ထဲေငြေၾကးအဆင္မေျပဘူးဆိုတာသိလို႔ပါ
ညီမတက်ပ္ရွိတက်ပ္သုံးတဲ့သူပါ ေခ်းဌားပီးမသုံးပါ
ေရွ႕လကသူပို႔လိုက္ေတာ့အဆင္ေျပသြားတယ္ေပါ့ေနာ္ သူလဲလတိုင္းလႊဲမရဘူးေျပာေတာ့ညီမလဲစီစစ္ပီးသုံးပါတယ္
ဒါေပမယ့္သူ႔မိဘေတြကိုသူလႊဲတဲ့ထဲကဘယ္ေလာက္ေပးလိုက္ရမလဲ ညီမေမးလိုက္ပါတယ္သူကမေပးနဲ႔လို႔ေျပာပါတယ္
ဘာေၾကာင့္မေပးခိုင္းတာလဲဆို ညီမအမ်ိဳးသားဘက္ကအရမ္းစကားနာထိုးတတ္ပါတယ္
မင္းကမိန္းမက်ဘယ္လိုငါတို႔က်ဘယ္လိုအဲ့လိုေျပာမွာစိုးလို႔ပါ
ဒီလက်ေတာ့သူ႔အေမနဲ႔လိုင္းရတုန္းသူအေမကေျပာတယ္ပိုက္ဆံမရွိဘူးေပါ့ေနာ္
ညီမအမ်ိဳးသားကညီမကိုလိုင္းကေတာ့ေျပာပါတယ္
အေမနဲ႔မင္းအတြက္လႊဲလိုက္မယ္ေပါ့ေနာ္
အဲ့လိုေျပာတဲ့အခ်ိန္မွာညီမသူ႔ကိုေျပာပါတယ္ သူတို႔ကအျဖဳန္းဘက္သုံးမွာေနာ္လို႔ေျပာေတာ့ကန္ေတာ့တယ္လို႔ထားလိုက္ပါတဲ့
ညီမကပိုက္ဆံကိုလိုအပ္လို႔သုံးတာအျပစ္မေျပာပါဘူး
အသက္၃၀နားျပည့္ေတာ့မယ္သူေတြ အလုပ္မရွိပိုက္ဆံေတာင္းသမွ်ေပးေနတာ ျမင္ေနက်ဆိုေတာ့
ကိုယ့္ေယာက်ားကပင္ပင္ပန္းပန္းနဲ႔လုပ္တဲ့ပိုက္ဆံအက်ိဳးမရွိပဲအလကားကုန္မွာဆိုးတာပါ
(အမ်ိဳးသားကလဲဒီလပို႔မွာက သူပိုက္ဆံေခ်းလိုက္တာပါ)
အေပၚကသူ႔လစာေပးမွမသုံးမစြဲသူျပန္ဆပ္ရမယ္ေျပာပါတယ္
ၿပီးေတာ့သူ႔အေဖကလဲလကုန္လူေတြ႕ရင္ပိုက္ဆံလႊဲပီလားတခ်ိန္လုံးေမးပါတယ္
ပိုက္ဆံကလဲကိုယ္မရေသးပါဘူးအေႂကြးဆပ္ရမွာပါသူတို႔လဲသိပါတယ္
သူတို႔ပိုက္ဆံေတာင္းတာညီမသိပါတယ္ဆိုတဲ့ပုံစံနဲ႔ေျပာသင့္လားရွင့္
စာေရးသားေတြဖတ္ရတာအဆင္မေျပရင္ေတာင္းပန္ပါတယ္
မင္မင္အခမဲ့တင္ေပးပါေနာ္🙏