ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၇၈

မင်မင်ရေ ညီမအသက်၂၂ပါ။ ၂၀၂၀ ကိုဗစ်မတိုင်ခင် ကျောင်းတက်တဲ့မြို့မှာ ရီးစားထားခဲ့ပါတယ်။

သူက ညီမထက် အသက်၄နှစ်ကြီးပါတယ်။ ခေတ်မကောင်းလို့ ကိုယ့်ဇာတိကို ပြန်သွားပေမယ့် LDRS အနေနဲ့ ဆက်တွဲဖြစ်သလို မကြာမကြာဆိုသလို ညီမမြို့လည်းသူလိုက်လာပါတယ်။

အိမ်ကမိဘတွေလည်းသိကြပါတယ်။ ဒါပေမယ့် သူ့မိဘတွေတော့ ညီမတို့တွဲတာမသိပါဘူးရှင့်။

ညီမလည်း အသက်ငယ်သေးတော့ အိမ်နဲ့မိတ်မဆက်ပေးလည်း ဘာမှမဖြစ်ဘူးဆိုပြီးထားလိုက်ပါတယ်။

အဲ့လိုနဲ့ ၂၀၂၂ နှစ်စထိ တွဲဖြစ်ကြရင်း ညီမ အလုပ်လုပ်ချင်လို့ မော်လမြိုင်ဘက်အလုပ်လာလုပ်ဖြစ်ပါတယ်။

မော်လမြိုင်မလာခင်မှာ ညီမမြို့ကို သူတစ်ခါလာတွေ့ပါတယ်။

ညီမမော်လမြိုင်ရောက်တော့ ၂လလောက်မှာသူခြေလမ်းတွေပျက်ပါတယ်။

အဆက်အသွယ်တွေကြဲလာပါတယ်။ ညီမမှာသူဂရုမစိုက်တဲ့ပြဿနာထက်ပိုကြီးတာက ညီမမှာ ကိုယ်ဝန်၈ပတ်ကျော်ရှိတယ်ဆိုတာပါ။

မော်လမြိုင်မလာခင်တွေ့တုန်းက ရခဲ့တာပါ။ သေချာအောင်စစ်ကြည့်မှ ကိုယ်ဝန်ရှိတာသိရပါတယ်။

ညီမသူ့ကိုဆက်သွယ်ပါတယ် သူ့ဘက်ကလိုလိုလားလား တုံ့ပြန်ခြင်းမရှိပါဘူး။

ညီမလည်း ငါ့က်ုယူပါဆိုပြီး ခယမတောင်းပန်နိုင်လို့ ကိုယ့်လုပ်အားခကိုယ်စုပြီး ကလေးမမွေးနိုင်လို့ ဖျက်ချခဲ့ပါတယ်။

ညီမပုံမှန်ကျန်းမာရေးအရမ်းကောင်းပေမယ့် အဲ့ကာလတွေမှာ အလူးအလိမ့်ခံစားရပါတယ်။

လူရော စိတ်ရော အကုန်ပင်ပန်းပါတယ်။ သူ့ဘက်ကညီမကို ငွေ၁သိန်းလောက်ပေးပြီး ဂရုစိုက်နော်တစ်ခွန်းပဲပြောပါတယ်။

ညီမအားငယ်လို့ လာခဲ့ပါပြောလည်း လမ်းကြောမကောင်းလို့ မလာနိုင်ဘူး အလုပ်ကဘာဖြစ်လ်ု့မလာနိုင်ဘူးဆိုပြီး ဆင်ခြေတွေပဲပေးပါတယ်။

ညီမလည်း ဒီလောက်ကိစ္စတွေကြုံပြီးတာတောင် ငါ့အပေါ်သွေးအေးနေရင်ပြတ်ရအောင်ပြောတော့ အင်းလို့တစ်လုံးပဲပြောပြီး ညီမတို့ပြတ်သွားကြပါတယ်။

ပြတ်ပြီးမှ သိပါတယ် သူ့မြို့က မိန်းကလေးတစ်ယောက်နဲ့ သူလက်ထပ်ဖို့ပြင်နေတယ်ဆိုတာပါပဲ။

ညီမမှာ သတင်းကြားကြားခြင်း သေမတတ်ပါပဲရှင်။ တင်းထားသမျှအားတွေလည်း အကုန်ကုန်ပြီး လူလည်း အိပ်ယာထဲလဲပါတယ်။

ကျန်းမာရေးစရိတ်ဟာ အလွန်ကြီးပါတယ်။ ညီမမှာ ငွေမလောက်လို့ ဆေးခန်းတောင်မသွားနိုင် ကိုယ်ဝန်ဖျက်ချတုန်းက side affect တွေဒဏ်ပါ ပေါင်းပြီး ညီမ နလန်မထူနိုင်ခဲ့ပါဘူး။

ပတ်ဝန်းကျင်ကလူတွေအချို့ကလည်း ညီမအဖြစ်ကို ကဲ့ရဲ့ကြသလို ဖေးမတဲ့သူတွေကလည်း သူ့အပေါ်ဒေါသပိုကြပါတယ်။

ခုညီမ ကျန်းမာရေးချို့တဲ့ပြီး သားအိမ်ခေါင်းကင်ဆာတောင် ဖြစ်နေတဲ့အဆင့်ရောက်နေပါပြီ။

ညီမမှာ ဘယ်နေ့သေရမလဲထိုင်စောင့်နေရသလိုဖြစ်ပေမယ့် သူကတော့ အရင်လက တစ်ခြားမိန်းမနဲ့လက်ထပ်ပြီးပျော်နေပါပြီ။

ဒီအကြောင်းတွေလာပြောပြရခြင်းက ညီမ ကိုယ်ဝန်ဖျက်ချတုန်းက ကြုံခဲ့ရတဲ့သူတွေအဖိူ့ပါ ကိုယ်ချင်းစာလို့ လာပြောပြတာပါ။

ဒီနိုင်ငံမှာ သူများသားသမီးကို တန်ဖိုးထားကြတဲ့သူရှိသလို ကျောရရုံကြံပြီး တာဝန်မယူတဲ့ယောကျာ်းတွေ ဒုနဲ့ဒေးရှိပါတယ်။

ညီမကိုယ်တွေ့အရဆို ယူပါမယ်ဘာညာတွေပြောပြီး စကားလေးတွေနဲ့ချုပ်ပြီး တကယ်ဖြစ်တော့ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းခိုင်း

သူတိူ့က ငွေထုတ်နဲ့ပေါက်ပြီး တခြားမိန်းမကိုယူဖိူ့ကြိုးစားတဲ့သူတွေပါပဲ။

ထိုယောကျာ်းတွေကို ပြောချင်ပါတယ် လူဆိုတာလူစိတ်ရှိရပါတယ် ခုနေ သူများဘဝကို လူစိတ်မရှိအညွှန့်ချိုးခဲ့ပြီးရင် ကိုယ့်အလှည့်ကျ ဘယ်ဘုရားမှမတပါနဲ့လို့။

ညီမကတော့ ဒီဘဝစောစောသေခဲ့လည်း ဝဠ်ကြွေးကြေတယ်မှတ်ပါတယ်။

ထိုယောကျာ်းအပေါ် အမုန်းလည်းမထားပါဘူး။ လောကကြီးက စီရင်ပါလိမ့်မယ်။

အနည်းဆုံးတော့ လိပ်ပြာလုံတဲ့သူက အိပ်ပျော်ပါတယ်။

သူတို့ခုနေပျော်နေလည်း တစ်ချိန်ကြ အလှည့်ရောက်လာပါလိမ့်မယ်။

တစ်ခြားအမျိုးကောင်းသမီးလေးတွေလည်း ဒီလို လျှာရိုးမရှိ လျှောက်ပြောပြီး အပျော်ကြံသမားများလက်ထဲကနေကင်းဝေးစေကြပါစေရှင်။

မင္မင္ေရ ညီမအသက္၂၂ပါ။ ၂၀၂၀ ကိုဗစ္မတိုင္ခင္ ေက်ာင္းတက္တဲ့ၿမိဳ႕မွာ ရီးစားထားခဲ့ပါတယ္။

သူက ညီမထက္ အသက္၄ႏွစ္ႀကီးပါတယ္။ ေခတ္မေကာင္းလို႔ ကိုယ့္ဇာတိကို ျပန္သြားေပမယ့္ LDRS အေနနဲ႔ ဆက္တြဲျဖစ္သလို မၾကာမၾကာဆိုသလို ညီမၿမိဳ႕လည္းသူလိုက္လာပါတယ္။

အိမ္ကမိဘေတြလည္းသိၾကပါတယ္။ ဒါေပမယ့္ သူ႔မိဘေတြေတာ့ ညီမတို႔တြဲတာမသိပါဘူးရွင့္။

ညီမလည္း အသက္ငယ္ေသးေတာ့ အိမ္နဲ႔မိတ္မဆက္ေပးလည္း ဘာမွမျဖစ္ဘူးဆိုၿပီးထားလိုက္ပါတယ္။

အဲ့လိုနဲ႔ ၂၀၂၂ ႏွစ္စထိ တြဲျဖစ္ၾကရင္း ညီမ အလုပ္လုပ္ခ်င္လို႔ ေမာ္လၿမိဳင္ဘက္အလုပ္လာလုပ္ျဖစ္ပါတယ္။

ေမာ္လၿမိဳင္မလာခင္မွာ ညီမၿမိဳ႕ကို သူတစ္ခါလာေတြ႕ပါတယ္။

ညီမေမာ္လၿမိဳင္ေရာက္ေတာ့ ၂လေလာက္မွာသူေျခလမ္းေတြပ်က္ပါတယ္။

အဆက္အသြယ္ေတြႀကဲလာပါတယ္။ ညီမမွာသူဂ႐ုမစိုက္တဲ့ျပႆနာထက္ပိုႀကီးတာက ညီမမွာ ကိုယ္ဝန္၈ပတ္ေက်ာ္ရွိတယ္ဆိုတာပါ။

ေမာ္လၿမိဳင္မလာခင္ေတြ႕တုန္းက ရခဲ့တာပါ။ ေသခ်ာေအာင္စစ္ၾကည့္မွ ကိုယ္ဝန္ရွိတာသိရပါတယ္။

ညီမသူ႔ကိုဆက္သြယ္ပါတယ္ သူ႔ဘက္ကလိုလိုလားလား တုံ႔ျပန္ျခင္းမရွိပါဘူး။

ညီမလည္း ငါ့က္ုယူပါဆိုၿပီး ခယမေတာင္းပန္ႏိုင္လို႔ ကိုယ့္လုပ္အားခကိုယ္စုၿပီး ကေလးမေမြးႏိုင္လို႔ ဖ်က္ခ်ခဲ့ပါတယ္။

ညီမပုံမွန္က်န္းမာေရးအရမ္းေကာင္းေပမယ့္ အဲ့ကာလေတြမွာ အလူးအလိမ့္ခံစားရပါတယ္။

လူေရာ စိတ္ေရာ အကုန္ပင္ပန္းပါတယ္။ သူ႔ဘက္ကညီမကို ေငြ၁သိန္းေလာက္ေပးၿပီး ဂ႐ုစိုက္ေနာ္တစ္ခြန္းပဲေျပာပါတယ္။

ညီမအားငယ္လို႔ လာခဲ့ပါေျပာလည္း လမ္းေၾကာမေကာင္းလို႔ မလာႏိုင္ဘူး အလုပ္ကဘာျဖစ္လ္ု႔မလာႏိုင္ဘူးဆိုၿပီး ဆင္ေျခေတြပဲေပးပါတယ္။

ညီမလည္း ဒီေလာက္ကိစၥေတြႀကဳံၿပီးတာေတာင္ ငါ့အေပၚေသြးေအးေနရင္ျပတ္ရေအာင္ေျပာေတာ့ အင္းလို႔တစ္လုံးပဲေျပာၿပီး ညီမတို႔ျပတ္သြားၾကပါတယ္။

ျပတ္ၿပီးမွ သိပါတယ္ သူ႔ၿမိဳ႕က မိန္းကေလးတစ္ေယာက္နဲ႔ သူလက္ထပ္ဖို႔ျပင္ေနတယ္ဆိုတာပါပဲ။

ညီမမွာ သတင္းၾကားၾကားျခင္း ေသမတတ္ပါပဲရွင္။ တင္းထားသမွ်အားေတြလည္း အကုန္ကုန္ၿပီး လူလည္း အိပ္ယာထဲလဲပါတယ္။

က်န္းမာေရးစရိတ္ဟာ အလြန္ႀကီးပါတယ္။ ညီမမွာ ေငြမေလာက္လို႔ ေဆးခန္းေတာင္မသြားႏိုင္ ကိုယ္ဝန္ဖ်က္ခ်တုန္းက side affect ေတြဒဏ္ပါ ေပါင္းၿပီး ညီမ နလန္မထူႏိုင္ခဲ့ပါဘူး။

ပတ္ဝန္းက်င္ကလူေတြအခ်ိဳ႕ကလည္း ညီမအျဖစ္ကို ကဲ့ရဲ႕ၾကသလို ေဖးမတဲ့သူေတြကလည္း သူ႔အေပၚေဒါသပိုၾကပါတယ္။

ခုညီမ က်န္းမာေရးခ်ိဳ႕တဲ့ၿပီး သားအိမ္ေခါင္းကင္ဆာေတာင္ ျဖစ္ေနတဲ့အဆင့္ေရာက္ေနပါၿပီ။

ညီမမွာ ဘယ္ေန႔ေသရမလဲထိုင္ေစာင့္ေနရသလိုျဖစ္ေပမယ့္ သူကေတာ့ အရင္လက တစ္ျခားမိန္းမနဲ႔လက္ထပ္ၿပီးေပ်ာ္ေနပါၿပီ။

ဒီအေၾကာင္းေတြလာေျပာျပရျခင္းက ညီမ ကိုယ္ဝန္ဖ်က္ခ်တုန္းက ႀကဳံခဲ့ရတဲ့သူေတြအဖိူ႔ပါ ကိုယ္ခ်င္းစာလို႔ လာေျပာျပတာပါ။

ဒီႏိုင္ငံမွာ သူမ်ားသားသမီးကို တန္ဖိုးထားၾကတဲ့သူရွိသလို ေက်ာရ႐ုံႀကံၿပီး တာဝန္မယူတဲ့ေယာက်ာ္းေတြ ဒုနဲ႔ေဒးရွိပါတယ္။

ညီမကိုယ္ေတြ႕အရဆို ယူပါမယ္ဘာညာေတြေျပာၿပီး စကားေလးေတြနဲ႔ခ်ဳပ္ၿပီး တကယ္ျဖစ္ေတာ့ ကိုယ့္ျပႆနာကိုယ္ေျဖရွင္းခိုင္း

သူတိူ႔က ေငြထုတ္နဲ႔ေပါက္ၿပီး တျခားမိန္းမကိုယူဖိူ႔ႀကိဳးစားတဲ့သူေတြပါပဲ။

ထိုေယာက်ာ္းေတြကို ေျပာခ်င္ပါတယ္ လူဆိုတာလူစိတ္ရွိရပါတယ္ ခုေန သူမ်ားဘဝကို လူစိတ္မရွိအၫႊန္႔ခ်ိဳးခဲ့ၿပီးရင္ ကိုယ့္အလွည့္က် ဘယ္ဘုရားမွမတပါနဲ႔လို႔။

ညီမကေတာ့ ဒီဘဝေစာေစာေသခဲ့လည္း ဝဠ္ေႂကြးေၾကတယ္မွတ္ပါတယ္။

ထိုေယာက်ာ္းအေပၚ အမုန္းလည္းမထားပါဘူး။ ေလာကႀကီးက စီရင္ပါလိမ့္မယ္။

အနည္းဆုံးေတာ့ လိပ္ျပာလုံတဲ့သူက အိပ္ေပ်ာ္ပါတယ္။

သူတို႔ခုေနေပ်ာ္ေနလည္း တစ္ခ်ိန္ၾက အလွည့္ေရာက္လာပါလိမ့္မယ္။

တစ္ျခားအမ်ိဳးေကာင္းသမီးေလးေတြလည္း ဒီလို လွ်ာ႐ိုးမရွိ ေလွ်ာက္ေျပာၿပီး အေပ်ာ္ႀကံသမားမ်ားလက္ထဲကေနကင္းေဝးေစၾကပါေစရွင္။