အခမဲ့တင်ပေးပါရှင့်။
ရှေ့ဆက်ရမလားရပ်တန့်ရမလားဝေခွဲရခက်နေလို့ပါရှင့်။
ညီမကောင်လေးကညီမထက်၃နှစ်ငယ်ပါတယ်။ ချစ်သူဖြစ်တာ၁နှစ်ပြည့်ပါပြီ။
ရည်းဇားဖြစ်ခါက၂လလောက်ကညမခန္ဓာကိုယ်ကို သူ့ကိုပေးနိုင်လားတဲ့
ညီမကမပေးနိုင်ဘူးလက်မထပ်ရသေးဘဲနဲ့ သူ့ကိုမှမဟုတ်ဘူးသူနဲ့ပြတ်သွားခဲ့လို့တခြားတရောက်လဲ အဲ့လိုလာပြောရင်ညီမလက်မခံဘူးလို့ပြောလိုက်တယ်။
ညီမစိတ်တိုပီးလမ်းခွဲမယ်ပြောတော့ နောက်မပြောတော့ဘူးလို့တောင်းပန်လို့ဆက်တွဲဖြစ်ခဲ့တယ်။
ညီမဆိုးရင်သူ့ကိုအော်ရင်သည်းခံပေးတယ်အမြဲတမ်း။ ရန်ဖြစ်လို့လမ်းခွဲကြရအောင်လို့ပြောတော့လမ်းမခွဲပေးနိုင်ဘူးတဲ့။
အဓိကအချက်က ညီမအတွက်ဆို သူဘာမဆိုအကုန်အကျမခံဘူးစေတနာမရှိပူး။
အပြင်မာတွေ့ရင်လဲ ညီမကတခြားချစ်သူစုံတွဲတေလို ပုံလှလှလေးရိုက်မယ်လည်မယ်စားမယ် အဲ့လိုလေးနေချင်တယ်။
သူကျတော့အဲ့တာတေစိတ်မဝင်စားဘူး တွေ့ပြီဆိုတာနဲ့*တော်တော်ဖြစ်နေလို့*ဆိုတာဘဲကြားနေရတယ်။
ကန်တော့နော်ဟိုတာ တောင်းကိုင်ကြည့်မမြင်ဖူးမြင်ဖူးချင်တယ်ပြောလိုက်နဲ့အမြဲနားပူဆာတယ်။
ညီမကညီမကိုတဂယ်မချစ်လို့ အဲ့လိုပြောထွက်တာလို့ပြောလဲတဂယ်ချစ်လို့အဲ့လိုစိတ်ဖြစ်တာပါတဲ့။
ညမကအပြင်မာထားဖူးတာဆိုလို့သူတရောက်ဘဲရှိတော့ဘာမှမသိရှာဘူး။
ခွင့်လဲမပြုခဲ့ပါဘူး။အပြင်မာတွေ့ကျရင်လဲသူ့မာဆိုင်ကယ်မရှိလို့ညီမမှာဆိုင်ကယ်ရှိနေတာဘဲလာတွေ့ပါလားတဲ့
အဲ့တာနဲ့ညီမကဘဲသွားတွေ့လိုက်တယ်။
ညမကဆီဖိုးလဲအကုန်ခံပြီးသွားတွေ့ရသေးတယ် ဘာမလဲဝယ်မကျွေးဘူးပိုက်ဆံမရှိလို့နေမာပါဆိုပြီးနားလည်ပေးခဲ့တယ်။
သူ့သငယ်ချင်းတေအလည်လာတော့ မုန့်ဆိုင်မာ၁သောင်းဖို့အကျွေးယူပီးကျွေးတာတဲ့။
အခုလဲလစာမထုတ်သေးလို့ဘေမထဲ့နိုင်သေးဘူး လကုန်မှဘေထဲ့ပီးခေါ်ပေးမယ်လို့ပြောတယ်။
ညီမကသူ့လိုအလုပ်မရှိဘူး။ ညီမဖက်ကဘဲဘေထဲ့ပီးခေါ်ပေးတယ်လကုန်ထိ။ လကုန်တော့မုန့်ဖိုးသပ်သပ်၃သောင်းရတယ်တဲ့ဘေထဲ့ပီးခေါ်ပေးပါတယ်၂ညလောက်ဘဲ။
သူကညရောက်ရင်ဖုန်းခေါ်ပေးအုံးတဲ့ ဘေမရှိဘူးတဲ့ ညီမလဲဘေမရှိဘူးပြောလိုက်တယ်
မရှိရင်ဘေထဲ့ပါလားတဲ့ကုန်စုံဆိုင်ဖွင့်ထားတော့ဘေတေရှိမှန်းသူကသိတယ်။
တချိန်ကသူနဲ့အလုပ်တူတူလုပ်ခဲ့ဖူးတယ်အပြင်မာတွေ့ကျရင် ညမဖက်ကဘဲမုန့်တေဝယ်ရတယ်အမြဲဝယ်ကျွေးရတယ်။
သူကပိုက်ဆံမထုတ်ဘူး။ သူ့အမေကိုပိုက်ဆံအကုန်ပြန်အပ်ရလို့မရှိတာနေမှာပါဆိုပြီးနားလည်ပေးခဲ့တယ်။
အခုကသူ့အလုပ်ကသူ့အမေကိုအကုန်ပြန်မအပ်လဲရတယ်တနယ်စီဖြစ်နေလို့။
ညမခံစားမိတာသူကတော်တော်လူပါးဝတယ်လို့ သူ့ကိုချစ်တဲ့အတွက်ဒီတိုင်းရေလိုက်ငှါးလိုက်နေလာခဲ့တယ်။
ပိုက်ဆံအရေးတကြီးလိုနေတယ်ဆိုလို့ညီမမှာအမေ့ဆီကချီးပီးတော့လွဲပေးလိုက်တယ်ပြန်ဆပ်မယ်တဲ့။
လစာထုတ်လို့ညီမဆီဖုန်းဆက်လာတယ်မုန့်ဖိုးရလို့လွဲပေးလိုက်မယ်စုထားပေးတဲ့သူ့နားမာထားရင်ကုန်သွားမာစိုးလို့တဲ့လိုရင်လဲယူသုံးထားတဲ့။
ပိုက်ဆံ၂သောင်းမက်နေတာလဲမဟုတ်ဘူးလူပါးဝလို့ခံရခက်နေတယ်အရမ်းလဲစိတ်တိုတယ်။
ညီမအမေကိုပြောပြကြည့်တော့၄လ၅လလောက်စောင့်ကြည့်အုံးလို့ပြောတယ်။
ညမမွေးနေ့လဲသူကဘာမှမပေးဘူးမွေးနေ့မရောက်ခင်လေနဲ့ဟိုဟာလေးပေးမယ်နဲ့ပြောနေတယ်ညီမမွေးနေ့သူခရီးသွားရက်နဲ့ကြုံနေလို့ဆိုပီးနားလည်ပေးလိုက်တယ်။
ညီမဆိုသူ့မွေးနေ့မရောက်ခင်လက်ဆောင်ကြိုဝယ်ထားပေးတယ်မွေးနေ့ပီးမှလက်ဆောင်ကိုပို့ဖြစ်တယ်အကြုံမရှိလို့။
အိမ်ကလူတေကညီမကောင်လေးကိုသဘောကျနေတယ်အသောက်အစားမရှိလို့ဆိုပြီး။
သူကစကားပြောတတ်တယ်သူမှားနေရင်တောင်အမှန်ဖြစ်အောင်ပြောနိုင်တယ်။
လိမ်တတ်တယ်လိမ်တာမကြိုက်ဘူးပြောလဲလက်ပူးလက်ကြပ်မမိခင်ထိရအောင်လိမ်တယ်။
အသက်ငယ်လို့မသိတတ်တာလား😞😞သူ့ချစ်တော့ချစ်နေရှာပါတယ်။
အမျိုးမျိုးဆိုးကြည့်တယ်သည်းခံပေးရှာတယ်။သူ့ကိုချစ်ပေမဲ့လဲအမြဲတမ်းပေးဆပ်သပ်သပ်ဆိုတော့ရေရှည်အဆင်ပြေနိုင်ပါ့မလားသူပြောင်းလဲလာနိုင်လား။
သူကနောက်နှစ်ကျောင်းပီးရင်ယူကြရအောင်တဲ့။
အခုချိန်ထိတော့အတူမနေဖူးပါဘူးသူကတော့အမြဲတောင်းဆိုနေကျပါ။
အကြံပေးကြပါအုံးရှင့်။စာရှည်သွားလို့တောင်းပန်ပါတယ်ရှင့်။
အခမဲ့တင်ပေးပါရှင့်။
ညီမအမေကိုပြောပြကြည့်တော့၎လ၅လလောက်စောင့်ကြည့်အုံးလို့ပြောတယ်။