ကျမရဲ့ အိမ်ထောင်ရေးကို ရင်ဖွင့် တိုင်ပင်ချင်လို့ပါ
ဂရုထဲက အမျိုးသမီးများဆီမှ ဝေဖန် အကြံပြုတာမျိုး လိုချင်လို့ပါရှင့် …..
မင်မင် တင်ပေးရရင်တင်ပေးစေချင်ပါတယ်…
ကျမရဲ့ပိုစ့်ကြောင့် စိတ်အနှောက်ယှတ်ဖြစ်သွားခဲ့ရင် အားလုံးကို ဦးစွာ တောင်းပန်ထားပါရစေရှင့်…
ကျမအသက်30ပါ အပြန်အလှန်ချစ်တဲ့ချစ်သူ ရွယ်တူသူငယ်ချင်းနဲ့ပဲ 7နှစ်ရည်းစားဘဝဖြတ်သန်းပီးမှ လက်ထပ်ထားတာပါ
လက်ရှိ အိမ်ထောင်သက်4 လဝန်းကျင်ပဲရှိပါသေးတယ်
လက်ရှိကျမစိတ်ထဲပဲ ရှိနေတဲ့ ပြသနာက အမျိုးသားနဲ့ s*xမလုပ်ချင်ပါဘူး
ညားခါစ အမျိုးသားကိုပြောတော့အစမို့နာကျင်မှုကြောင့် နောက်ကျအဆင်ပြေမှာပါ ပြောပါတယ်
နောက်ပိုင်းသူ့ကိုအားနာတာမို့ မပြောတော့ပါဘူး
ညားခါစ စိတ်လှုပ်ရှားခဲ့ပေမဲ့ ညားတည်းကs*xလုပ်တဲ့ အခါတိုင်း ခံစားမှုစိတ်ဆန်ဒကိုမရှိတာပါပဲ
ဒါပေမဲ့ သူ့ကိုချစ်တာမို့ စိတ်ကိုကြိုးစားပြီးနေပေးပါတယ်
အတူနေတဲ့အခါ အဆင်ပြေသလိုပုံစံဟန်ဆောင်ရတာ အင်မတန်စိတ်ပင်ပန်းရပါတယ်
စိတ်လည်းရှုပ်ပါတယ် အမျိုးသားက သူနဲ့s*xလုပ်တဲ့အခါတိုင်း ကျမဆနဒမရှိဘူးဆိုတာမသိပါဘူး
တစ်ခါတစ်လေမှသိတာပါ ခုနောက်ပိုင်းဆိုအမျိုးသားက တောင်းလာရင် အကြောင်းမျိုးမျိုးပြပြီး ငြင်းနေမိပါတယ်
ခုချိန်ထိတော့ သူလဲကျမကိုနားလည်မှုပေးပြီး ချစ်ပေးပါတယ်
လက်ရှိအနေထားအရ အိမ်ထောင်ရေးအဆင်ပြေပေမဲ့ နောင်မှာ ဒီကိစ္စကြောင့်အိမ်ထောင်ရေး အဆင်မပြေဖြစ်နိုင်လားရှင့်
ကလေးမရမှာလဲ စိတ်ပူနေရပါသေးတယ် …
စာကြွင်း- ကျမက အိမ်ထောင်ရေးကို s*xက အဓိက မကျဘူး
အပြန်လှန် နားလည်ပေးမယ် ဂရုစိုက် ကူညီဖေးမပေးမယ်
လေးစားချစ်ခင်ပေးမယ်လို့ ခံယူထားတဲ့ အမျိုးသမီးမျိုးပါရှင့်