ရင်ဖွင့်စရာလူမရှိလို့ပါPls admin
တကယ့်ကိုစိတ်ဓာတ်ခွန်အားတွေပျောက်ဆုံးသွားရပြီမို့ပါ
ညီမအမေကလေ ညီမကိုယ်ဝန်နဲ့တုန်းက အဖေကထားသွားလို့ဆိုတဲ့ အရာကြီးနဲ့
ညီမ၂သားအရွယ်လေးမှာပစ်သွားပြီးနောက်အိမ်ထောင်ပြုသွားတာပါ
အဒေါ်အပျိုကြီးတွေနဲ့နေရတာပါ ညီမက ၁၀တန်းနှစ်မှာညီမကိုသဘောကျတဲ့ကောင်လေးရှိလာပါတယ်
အဒေါ်တွေအသိထဲကပေါ့ အောင်စာရင်းထွက်တော့ညီမDတေွလည်းပါ
အမှတ်များများနဲ့လိုင်းကောင်းကောင်းလေးတက်မယ်အိမ်မက်မက်နေခဲ့တာ
အဒေါ်တွေကအဲ့ကောင်နဲ့မယူရင်ကျောင်းမတက်ရဘူးတဲ့လေ
ညီမကလည်းအဲ့ကောင်ကိုမယူပဲကျောင်းမတက်ခဲ့ဘူး
ကျူရှင်လိုက်သင်ညဂိုက်လိုက်လုပ်နဲ့ပိုက်ဆံတွေစုပြီး သင်တန်းက လက်မှတ်တွေစစုခဲ့တယ်
အရင်ဆုံး KBZ Insuranceမှာလစာလေး၉၄၀၀၀နဲ့အလုပ်ရတော့သေမတတ်ပျော်ခဲ့တာ
နောက်တစ်နှစ်လောက်ကျ Telecom တစ်ခုမှာ Executiveရာထူးလေးရခဲ့တယ်
လစာလည်းများတော့အလုပ်ထဲပဲနေနေခဲ့တာ အဲ့ချိန်အဒေါ်တွေကလေကိုယ်တောင်မသိပဲ ဟိုကောင်နဲ့မဂ်လာပွဲစီစဥ်နေခဲ့ ကြတယ်
မဂ်လာဆောင်မနက်မှညီမသိခဲ့ရတာ အလှပြင်မို့လာခေါ်မှခန်းမမှာမဂ်လာဆောင်တဲ့
ညီမပဲတုံးခဲ့တာလား ဂရုမပြုမိတာလားမသိတော့ဘူး လူအများကြီးရှေ့မှာညီမ အဲ့မဂ်လာဆောင်ကိုငြင်းခဲ့ပါတယ်
အိမ်ကအဒေါ်တွေကညီမကြောင့်အရှက်ကွဲတယ်ဆိုပြိးအိမ်ကနှင်ထုတ်ခဲ့တယ်
အလုပ်ကလူတွေနဲ့အိမ်ငှားနေရင်း အလုပ်ကလူနဲ့အိမ်ထောင်ကျတယ်
အိမ်ထောင်ရေးလည်းကံမကောင်းစွာနဲ့သားလေး၂လမှာညီမSg momအနေနဲ့ရပ်တည်ခဲ့တယ်
ကလေးနဲ့မို့ အလုပ်ကထွက်လိုက်ရပီးစက်ပန်းထိုးမို့စက်ငှားပြီးထိုးတယ်
ညီမကသားလေးကိုယ်ဝန်နဲ့တုန်းကတည်းက Cပိုးဖြစ်နေလို့ဆိုပြီး
သားကမွေးကတည်းကနို့ဘူးနဲ့ ကြီးပြင်းလာရတဲ့ကလေးလေးခု၁နှစ်၇လလေးပေါ့
ညီမဘဝကသားလေးစိတ်နဲ့ပဲရှင်သန်နေရတာ
ပြီးခဲ့တဲ့လကညီမအမေ ညီမဆီဆက်သွယ်လာတယ်.
ကလေးတစ်ဖက်အိမ်ငှားခ ကလေးနို့မှုန့်ဖိုး စီးပွားရေးတွေလည်းအဆင်မပြေကြောင်းပြောပြမိတော့
သူဝယ်ထားတဲ့အိမ်နဲ့ခြံကိုသွားရှင်းပေးပိုက်ဆံ၁သိန်းပေးမယ်တဲ့လေ မြက်သတ်ဆေးလေးပါဖြန်းပေးဆိုပြီး
မြက်သတ်ဆေးဝယ်ရအုံးမှာနဲ့ဆို ညီမကို၁သိန်းခွဲလောက်ပေးပါလားဆိုတော့ အင်းပေးမယ်တဲ့
ခြံလည်းရှင်းပြီးရော မပေးဘူးဆိုပြီး Blသွားရော
မြက်သတ်ဆေးဝယ်မဲ့ပိုက်ဆံက ညီမလကုန်အိမ်လခပေးမို့စုထားတာမို့ လမကုန်ခင်ပို့ပေးပါနော်သေချာမှာထားခဲ့မိတာပါ
ဘာလို့အဲ့လိုတွေလုပ်ရက်ကြတာလဲ
စက်ပန်းထိုးငှားပေးတဲ့လူကလည်းလကုန်တော့စက်မငှားတော့ဘူးတဲ့
ဒါလေးပဲလုပ်မှစားရတာမို့ထပ်ငှားပေးပါတောင်းပန်တာတောင် မရဘူးတဲ့ မငှားဘူးတဲ့လေ
ပိုက်ဆံအပိုရရအောင်ဘောလုံးပွဲ Agent တွေလည်းလိုက်လုပ်
ဒုက္ခတွေ နဲ့ပဲ တခုခုဖြစ်လာတိုင်း ဒီကလေးလေးကိုဖက်ပြီးငိုခဲ့ရတာ
ထွက်သွားတော့မယ်ဆုံးဖြတ်မိတိုင်းမလုပ်ရက်နိုင်ဘူး
ညီမလေအရမ်းတွေကိုပင်ပန်းနေပီး အရာအားလုံးလွှတ်ချချင်ပေမဲ့ သားလေးတွက်ကညီမရှိမှဖြစ်မယ်မို့လား
ညီမလိုဒုက္ခဘယ်သူ့ကိုမှမရောက်စေချင်ဘူး
ညီမမိဘလိုဆွေမျိုးတွေလိုလူနဲ့ဘယ်သူ့ကိုမှမကြုံစေချင်ဘူး
ညီမအရမ်းကိုပင်ပန်းနေပါပြီ
ခုလိုရင်ဖွင့်ခွင့်ရတာကိုပဲကျေးဇူးတင်ပါတယ်
ရင္ဖြင့္စရာလူမရွိလို႔ပါPls admin
တကယ့္ကိုစိတ္ဓာတ္ခြန္အားေတြေပ်ာက္ဆုံးသြားရၿပီမို႔ပါ
ညီမအေမကေလ ညီမကိုယ္ဝန္နဲ႔တုန္းက အေဖကထားသြားလို႔ဆိုတဲ့ အရာႀကီးနဲ႔
ညီမ၂သားအ႐ြယ္ေလးမွာပစ္သြားၿပီးေနာက္အိမ္ေထာင္ျပဳသြားတာပါ
အေဒၚအပ်ိဳႀကီးေတြနဲ႔ေနရတာပါ ညီမက ၁၀တန္းႏွစ္မွာညီမကိုသေဘာက်တဲ့ေကာင္ေလးရွိလာပါတယ္
အေဒၚေတြအသိထဲကေပါ့ ေအာင္စာရင္းထြက္ေတာ့ညီမDေတြလည္းပါ
အမွတ္မ်ားမ်ားနဲ႔လိုင္းေကာင္းေကာင္းေလးတက္မယ္အိမ္မက္မက္ေနခဲ့တာ
အေဒၚေတြကအဲ့ေကာင္နဲ႔မယူရင္ေက်ာင္းမတက္ရဘူးတဲ့ေလ
ညီမကလည္းအဲ့ေကာင္ကိုမယူပဲေက်ာင္းမတက္ခဲ့ဘူး
က်ဴရွင္လိုက္သင္ညဂိုက္လိုက္လုပ္နဲ႔ပိုက္ဆံေတြစုၿပီး သင္တန္းက လက္မွတ္ေတြစစုခဲ့တယ္
အရင္ဆုံး KBZ Insuranceမွာလစာေလး၉၄၀၀၀နဲ႔အလုပ္ရေတာ့ေသမတတ္ေပ်ာ္ခဲ့တာ
ေနာက္တစ္ႏွစ္ေလာက္က် Telecom တစ္ခုမွာ Executiveရာထူးေလးရခဲ့တယ္
လစာလည္းမ်ားေတာ့အလုပ္ထဲပဲေနေနခဲ့တာ အဲ့ခ်ိန္အေဒၚေတြကေလကိုယ္ေတာင္မသိပဲ ဟိုေကာင္နဲ႔မဂ္လာပြဲစီစဥ္ေနခဲ့ ၾကတယ္
မဂ္လာေဆာင္မနက္မွညီမသိခဲ့ရတာ အလွျပင္မို႔လာေခၚမွခန္းမမွာမဂ္လာေဆာင္တဲ့
ညီမပဲတုံးခဲ့တာလား ဂ႐ုမျပဳမိတာလားမသိေတာ့ဘူး လူအမ်ားႀကီးေရွ႕မွာညီမ အဲ့မဂ္လာေဆာင္ကိုျငင္းခဲ့ပါတယ္
အိမ္ကအေဒၚေတြကညီမေၾကာင့္အရွက္ကြဲတယ္ဆိုၿပိးအိမ္ကႏွင္ထုတ္ခဲ့တယ္
အလုပ္ကလူေတြနဲ႔အိမ္ငွားေနရင္း အလုပ္ကလူနဲ႔အိမ္ေထာင္က်တယ္
အိမ္ေထာင္ေရးလည္းကံမေကာင္းစြာနဲ႔သားေလး၂လမွာညီမSg momအေနနဲ႔ရပ္တည္ခဲ့တယ္
ကေလးနဲ႔မို႔ အလုပ္ကထြက္လိုက္ရပီးစက္ပန္းထိုးမို႔စက္ငွားၿပီးထိုးတယ္
ညီမကသားေလးကိုယ္ဝန္နဲ႔တုန္းကတည္းက Cပိုးျဖစ္ေနလို႔ဆိုၿပီး
သားကေမြးကတည္းကႏို႔ဘူးနဲ႔ ႀကီးျပင္းလာရတဲ့ကေလးေလးခု၁ႏွစ္၇လေလးေပါ့
ညီမဘဝကသားေလးစိတ္နဲ႔ပဲရွင္သန္ေနရတာ
ၿပီးခဲ့တဲ့လကညီမအေမ ညီမဆီဆက္သြယ္လာတယ္.
ကေလးတစ္ဖက္အိမ္ငွားခ ကေလးႏို႔မႈန္႔ဖိုး စီးပြားေရးေတြလည္းအဆင္မေျပေၾကာင္းေျပာျပမိေတာ့
သူဝယ္ထားတဲ့အိမ္နဲ႔ၿခံကိုသြားရွင္းေပးပိုက္ဆံ၁သိန္းေပးမယ္တဲ့ေလ ျမက္သတ္ေဆးေလးပါျဖန္းေပးဆိုၿပီး
ျမက္သတ္ေဆးဝယ္ရအုံးမွာနဲ႔ဆို ညီမကို၁သိန္းခြဲေလာက္ေပးပါလားဆိုေတာ့ အင္းေပးမယ္တဲ့
ၿခံလည္းရွင္းၿပီးေရာ မေပးဘူးဆိုၿပီး Blသြားေရာ
ျမက္သတ္ေဆးဝယ္မဲ့ပိုက္ဆံက ညီမလကုန္အိမ္လခေပးမို႔စုထားတာမို႔ လမကုန္ခင္ပို႔ေပးပါေနာ္ေသခ်ာမွာထားခဲ့မိတာပါ
ဘာလို႔အဲ့လိုေတြလုပ္ရက္ၾကတာလဲ
စက္ပန္းထိုးငွားေပးတဲ့လူကလည္းလကုန္ေတာ့စက္မငွားေတာ့ဘူးတဲ့
ဒါေလးပဲလုပ္မွစားရတာမို႔ထပ္ငွားေပးပါေတာင္းပန္တာေတာင္ မရဘူးတဲ့ မငွားဘူးတဲ့ေလ
ပိုက္ဆံအပိုရရေအာင္ေဘာလုံးပြဲ Agent ေတြလည္းလိုက္လုပ္
ဒုကၡေတြ နဲ႔ပဲ တခုခုျဖစ္လာတိုင္း ဒီကေလးေလးကိုဖက္ၿပီးငိုခဲ့ရတာ
ထြက္သြားေတာ့မယ္ဆုံးျဖတ္မိတိုင္းမလုပ္ရက္ႏိုင္ဘူး
ညီမေလအရမ္းေတြကိုပင္ပန္းေနပီး အရာအားလုံးလႊတ္ခ်ခ်င္ေပမဲ့ သားေလးတြက္ကညီမရွိမွျဖစ္မယ္မို႔လား
ညီမလိုဒုကၡဘယ္သူ႔ကိုမွမေရာက္ေစခ်င္ဘူး
ညီမမိဘလိုေဆြမ်ိဳးေတြလိုလူနဲ႔ဘယ္သူ႔ကိုမွမႀကဳံေစခ်င္ဘူး
ညီမအရမ္းကိုပင္ပန္းေနပါၿပီ
ခုလိုရင္ဖြင့္ခြင့္ရတာကိုပဲေက်းဇူးတင္ပါတယ္