ညီမ အသက်ကတော့ 25နှစ်ပါ
ညီမမှာ အမျိုးသမီး နဲ့ပတ်သက်တဲ့သားအိမ်အလုံးတည်တဲ့ရောဂါရှိဖူးပါတယ်
ညီမ2018မှာ တစ်ကြိမ်ခွဲဖူးပါတယ် အာ့ဒါကတော့ ညီမ ချစ်တဲ့ကောင်လေးနဲ့မတွေ့ခင်ကပါ
အခုပြောပြချင်တာက 2020မှာသူနဲ့အလုပ်မှာစဆုံပါတယ်
သူကကိုယ့်ထက်ငယ်တော့စိတ်လည်းမဝင်စားခဲ့ပါဘူး
သူကတော့အဲ့ကတည်းကကိုယ့်ကိုခိုးကြိုက်ခဲ့တယ်လို့ပြန်ပြောပြခဲ့ပါတယ်
ညီမအဲ့အလုပ်က ထွက်ပြီး တစ်ခြားအလုပ်ထဲရောက်သွားမှ ညီမကိုသူစကားလာပြောပါတယ်
ညီမလည်း အစကတော့ အီစီကလီ လောက်ပဲသဘောထားပြီး သူနဲ့ပြောပါတယ်
ကြာလာတော့လည်း ညီမလည်းသံယောဇဥ်တွယ်ပြီး ချစ်မိသွားပါတယ်
သူနဲ့ချစ်သူဖြစ်သွားပါတယ် 2021မှာ rsသက်တမ်းလည်း တစ်နှစ်ကျော်ပါပြီ
အခုဆို အရင်ကညီမမှာ ဗိုက်ခွဲဖူးတာလည်း သူသိထားပါတယ်
အခုပြသနာက ညီမရဲ့ အမျိုးသမီးရောဂါက ပြန်ထပ်ဖြစ်ပါတယ်
စောသိလို့ နောက်တစ်ခေါက်ထပ်ခွဲရပါတယ်
ညီမရဲ့ဖြစ်နေတဲ့ရောဂါက သားဥအိမ်မှာ သွားဖြစ်နေတော့အခုခွဲလိုက်တာ ရာသီမလာတော့ပါဘူး
ဆရာဝန်ပြောတာက ရာသီမလာရင် သွေးဆုံးပြီလို့ပြောပါတယ်
သားဥအိမ်ကအလုံးပဲထုတ်ပြီး သားဥပြွန်ကိုတော့ချန်ထားပါတယ်
ကောင်းမကောင်းမသိနိုင်တဲ့အခြေအနေပါ
ညီမ သွေးဆုံးပြီဆိုရင် ကလေးမရနိုင်တော့ ညီမကောင်လေးကို ညီမအားနာနေပါတယ်
ညီမသူ့ကိုဖြတ်လိုက်သင့်လား
သူကတော့ မရနိုင်လည်းဘာမှမဖြစ်ဘူးလို့ပြောပေမယ့် နောင်တစ်ချိန် သူနောင်တရမှာကြောက်မိပါတယ်
အာ့ကြောင့်ညီမ ဘာဆက်လုပ်သင့်လဲ ဒီpageထဲက မိန်းမသားတို့လည်း ဘယ်လိုထင်လဲ အကြံပေးကြပါရှင့်