ယောကျ်ားနဲ့တရား၀င်ပြတ်ပြတ်သားသားကွာရှင်းပစ်လိုက်ချင်တာပါ.
သူမကွာပေးမှာစိုးရပါတယ်..
(နှစ်ယောက် က ချစ်လို့ကြိုက်လို့မှ မိဘတွေဆီက ခွင့်ပြုချက်ယူပီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ယူခဲ့ကြတာပါ..ခေတ်ပညာတတ်တွေပါပဲ..နှစ်ဦးလုံး)
နောက်တခုက ကိုယ်တွေက အစ္စလာမ်ဘာသာဝင်တွေပါ..
ဘာသာရေးအရ တတ်သိတဲ့ဆရာတွေမေးတော့ဇယားတွေရှုပ်နေတာပဲ..
အဲ့လောက် အများကြီးလိုက်လုပ်နေဖို့က ကိုယ့်မှာက အချိန်ကရှားတယ်ရယ်.
အသားနာအောင် မနှိပ်စက်ပေမဲ့..စိတ်ကိုနှိပ်စက်တာ..မခံစားနိုင်တော့ဘူး
တမျိူးမဟုတ် တမျိုးနဲ့ စိတ်ကိုသတ်နေတာပါ.
မကြိုက်တာတွေလဲမလုပ်ဖို့ ချော့လဲ မရ ခြောက်လဲမရ ..အမြဲကန့်လန့်.နဲ့..
အနားနားနေပြီး ပူးသတ်နေသလိုခံစားလာရတယ်..နေ့တဓူဝကြီး ဒီလိုပဲ ..
နောက်တခုကလေ..သိပ်ရွံစရာကောင်းတယ်.
ရန်ဖြစ် စကားများထားလို့ မခေါ်မပြောကြတဲ့အခါ သူ ဆက်ဆံချင်လာတမျိုးဆို အတင်းကာရောလုပ်တာပါ.
ပြသနာကိုပြေလည်အောင် မရှင်းသေးဘဲ ဒါမျိုးလာလာ လုပ်တာ သတ်ပစ်ချင်စိတ်ပါပေါက်တယ်..
ကျမ လဲ မရမက တွန်းကန်လွှတ်တာပါ.လက်မခံပေးနိုင်ပါဘူး..
လုံးဝ…ဒါမျိုးဆို အတင်းမဆက်ဆံတော့ဘဲ မရိုသေ့စကားးပွတ်သတ်ပီး သူ့ဘာသူ ကိစ္စပြတ်သွားတယ်..
ဒါမျိုးကိုလဲ မသတီပါဘူး.ပီးရင် အစလိုပဲ ရန်ဖြစ်ထားတဲ့အတိုင်း ပြန်နေတယ်..
သောက်ချိုး ပြောင်းပြီး ပြင်တာမျိုးမရှိဘူးနော်. ပိုပီးတောင် အကြောထောင်ပြလာတာမျိုးပါ.
အရမ်းစိတ်ပျက်ရပါတယ်..(ပြသနာက ဒါလေးတခုတည်းတော့မဟုတ်ပါဘူး)
နေ့စဥ်ဘဝ ဘယ်လိုရှိမလဲ..အဲ့နေ့စဥ်ဘဝ ဖြစ်ရပ်တိုင်းမှာ သူနဲ့ကျမ မျက်နှာချင်းဆိုင်မရအောင်ကို..ကန့်လန့် အမြဲ လုပ်လုပ်တာပါ.
အရင်က ဒီလိုမဟုတ်ပါဘူး.ညှိလို့ရခဲ့ပါတယ်..
ခုတော်တော်ဆိုးဆိုး အကြောပြောင်လာတာအကြောထောင်လာတာပါ..
လုံးဝ respect မရှိတာပါ..စိတ်ပျက်ဖို့သိပ်ကောင်းပါတယ်..
အားကိုးအားထားပြုလို့လဲမရပါဘူး.ဘာတခုမှ လေးလေးနက်နက် တာဝန်ယူတာဝန်ခံတာ မရှ်နေသလိုပဲ ခံစားရတယ်..
ကျမ သိပ်စိတ်ကုန်.စိတ်ပျက်တယ်ရှင်.
ဒီ married life ကြီးကို ရပ်တန့်ပစ်လိုက်ဖို့ ကြိုးစားတာ အကြိမ်ကြိမ်ပါ.
သူ့ဘက်က စိတ်ချမ်းသာအောင်မထားသလို ရပ်တန့်ဖို့ကိုလဲ စိတ်မဝင်စားပါဘူး.
မျက်နှာပြောင်တိုက် နေသလိုပါပဲ..
ကျမ သိပ်မုန်းတာ အစက သူ့ကို.ခုတော့ ဒီ ရပ်ဝန်းကြီးထဲ ထိုးဖောက်မထွက်နိုင်သေးတဲ့ ကိုယ့်ကို ကိုယ် အမုန်းဆုံးဖြစ်လာတယ်..
#မိန်းမသားတို့ရင်ဖွင့်ရာ
ယောက်ျားနဲ့တရားဝင်ပြတ်ပြတ်သားသားကွာရှင်းပစ်လိုက်ချင်တာပါ.
တမျိုးမဟုတ် တမျိုးနဲ့ စိတ်ကိုသတ်နေတာပါ.