ကျမက အသက်၃၁ရှိပါပြီ ယောကျာ်းယူပြီး ၆လလောက်မှာ အလုပ်ထွက်ပြီးရန်ကုန်မှာ စက်ချုပ်သင်တန်းတက်ခဲ့ပါတယ်
အမျိုးသားကလဲရန်ကုန်မှာဆိုတော့ ၂နှစ်လောက်ကြိုးစားလိုက်ရင်
နယ်မှာတော့ဆိုင်ပြန်ဖွင့်မယ်လို့ရည်ရွယ်ထားတာ
အဲ့အချိန်မှာ ကိုဗစ်ကဖြစ်တော့ ရည်ရွယ်ထားသလိုဖြစ်မလာပါဘူး
၂နှစ်သာအချိန်ကုန်သွားတယ်သင်တန်လဲပြီးရော ဗိုက်ကြီးလို့ နယ်ကိုပြန် ကလေးမွေးတာ ခုဆို ကလေးက ၁နှစ်ပြည့်ပါပြီ
ယောကျာ်းက ရန်ကုန်မှာ ကိုယ်ကနယ်မှာ အလုပ်ကမလုပ်တာလဲ ၃နှစ်ကျော်ပြီဆိုတော့ ကိုယ့်ကိုယ်ကို အားလဲငယ်မိတယ်
ဒေါသလဲဖြစ်မိတယ် ဝင်ငွေကမရှိ ပုံကပျက် ယောကျာ်းကအဝေးမှာ ကလေးကငယ်တော့
အလုပ်ကလုပ်မရ ကိုယ်အကြောင်းကိုတေွးပြီး ယောကျာ်းပဲစိတ်ပျက်သွားမလား
အိမ်မှာနေတာများပြီး ခေတ်နောက်ကျတော့မလား
စက်ရောဘယ်တော့စချုပ်လို့ရမလဲ ချုပ်ရောချုပ်ရပမလား တေွးရင်းနဲ့ ရင်လေးမိပါတယ်
တစ်ခုပဲဖြေသာတာက ကျမကတစ်ဦးတည်းသောသမီး
မိဘကအသက်ကြီးနေပြီဆိုတော့ မိဘနဲ့အတူနေခွင့်ရနေတာပါပဲ
အခုလိုရင်ဖွင့်ရတာက ဘဝအတွေ့အကြံုတေွအများကြီးရှိတဲ့ သူတေွဆီက moti နဲ့ အကြံဉာဏ်လေးတေွလိုချင်လို့ပါ please
အလုပ်ကလုပ်မရ ကိုယ်အကြောင်းကိုတွေးပြီး ယောကျာ်းပဲစိတ်ပျက်သွားမလား
စက်ရောဘယ်တော့စချုပ်လို့ရမလဲ ချုပ်ရောချုပ်ရပမလား တွေးရင်းနဲ့ ရင်လေးမိပါတယ်
အခုလိုရင်ဖွင့်ရတာက ဘဝအတွေ့အကြုံတွေအများကြီးရှိတဲ့ သူတွေဆီက moti နဲ့ အကြံဉာဏ်လေးတွေလိုချင်လို့ပါ please