ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၈၉

မင်မင်ရေ အမက အသက် ၃၀ကျော်ပါပြီ။

အသက် ၆၀ကျော် အိမ်ထောင်သည်နဲ့ပတ်သတ်မိပါတယ်။

ထိုအိမ်ထောင်သည်က ငွေကြေးထောက်ပံ့ပါတယ် ။

အထိုက်အလျောက်တော့ သုံးမိပါတယ်။

တစ်ကယ်တော့ ကျွန်မက အရမ်းငွေကြေးလိုတဲ့အနေထားလည်းမဟုတ်ပါဘူးရှင် ။

ထိုအိမ်ထောင်သည်ရဲ့အမျိုးသမီးကလည်း ကျွန်မအမေ ကျွန်မတို့နဲ့သိပါတယ် ။

ကျွန်မအခုဖြစ်နေတာက ကျွန်မက မမှားသင့်တာကို မှားမိတဲ့အတွက်နောင်တရနေတာပါ ။

ထိုအိမ်ထောင်သည်စီကရတယ့်ငွေကြေးတန်ဖိုးအလိုက် ကျွန်မလည်းပေးဆပ်ခဲ့ပါတယ် ။

(ငွေကြေးတော့မဟုတ်ပါ၊ မေတ္တာ ဂရုစိုက်တာ အတူတူနေတယ့်အနေထားတွေနဲ့ပါ)

ကျွန်မ အခုနောင်တရလို့ နောက်ပြန်ဆုတ်ချင်ပေမယ့် သူကျွန်မကိုပေးသုံးထားတာတွေ ငွေအမောင့်အနေနဲ့ ပြန်မပေးနိုင်လို့

ကျွန်မဆက်ပြီးအမှားကိုဆက်သွားသင့်တယ်လို့ အတွေးဝင်နေပါတယ်။

ထိုအတွေးကမှားလားမှန်လားပြောပြပေးပါရှင်။

နောက်ပြီး ဗေဒင်ကလည်း ကျွန်မကို အိမ်ထောင်ရေးဖောက်ပြားရင် သေတတ်ရုးတတ်လို့ ပြောထားပါတယ်။

ကျွန်မက အခုသူများအိမ်ထောင်ရေးဖောက်ပြားအောင်လုပ်မိလို့ နောက်ဆုတ်ချင်နေပါပြီ။

အကြံဥာဏ်လေးပေးပါအုံးရှင် ။

ကျွန်မကိုယ်ကျွန်မလည်း ရွံရှာနေပါပြီ

မင္မင္ေရ အမက အသက္ ၃၀ေက်ာ္ပါၿပီ။

အသက္ ၆၀ေက်ာ္ အိမ္ေထာင္သည္နဲ႔ပတ္သတ္မိပါတယ္။

ထိုအိမ္ေထာင္သည္က ေငြေၾကးေထာက္ပံ့ပါတယ္ ။

အထိုက္အေလ်ာက္ေတာ့ သုံးမိပါတယ္။

တစ္ကယ္ေတာ့ ကြၽန္မက အရမ္းေငြေၾကးလိုတဲ့အေနထားလည္းမဟုတ္ပါဘူးရွင္ ။

ထိုအိမ္ေထာင္သည္ရဲ႕အမ်ိဳးသမီးကလည္း ကြၽန္မအေမ ကြၽန္မတို႔နဲ႔သိပါတယ္ ။

ကြၽန္မအခုျဖစ္ေနတာက ကြၽန္မက မမွားသင့္တာကို မွားမိတဲ့အတြက္ေနာင္တရေနတာပါ ။

ထိုအိမ္ေထာင္သည္စီကရတယ့္ေငြေၾကးတန္ဖိုးအလိုက္ ကြၽန္မလည္းေပးဆပ္ခဲ့ပါတယ္ ။

(ေငြေၾကးေတာ့မဟုတ္ပါ၊ ေမတၱာ ဂ႐ုစိုက္တာ အတူတူေနတယ့္အေနထားေတြနဲ႔ပါ)

ကြၽန္မ အခုေနာင္တရလို႔ ေနာက္ျပန္ဆုတ္ခ်င္ေပမယ့္ သူကြၽန္မကိုေပးသုံးထားတာေတြ ေငြအေမာင့္အေနနဲ႔ ျပန္မေပးႏိုင္လို႔

ကြၽန္မဆက္ၿပီးအမွားကိုဆက္သြားသင့္တယ္လို႔ အေတြးဝင္ေနပါတယ္။

ထိုအေတြးကမွားလားမွန္လားေျပာျပေပးပါရွင္။

ေနာက္ၿပီး ေဗဒင္ကလည္း ကြၽန္မကို အိမ္ေထာင္ေရးေဖာက္ျပားရင္ ေသတတ္႐ုးတတ္လို႔ ေျပာထားပါတယ္။

ကြၽန္မက အခုသူမ်ားအိမ္ေထာင္ေရးေဖာက္ျပားေအာင္လုပ္မိလို႔ ေနာက္ဆုတ္ခ်င္ေနပါၿပီ။

အႀကံဥာဏ္ေလးေပးပါအုံးရွင္ ။

ကြၽန္မကိုယ္ကြၽန္မလည္း ႐ြံရွာေနပါၿပီ