မင်္ဂလာပါရှင့် ရင်ဖွင့်အကြံတောင်းချင်လို့ပါ
ညီမနဲ့ညီမကောင်လေးနဲ့တွဲလာတာ ၂နှစ်ကျော်ရှိပါပီသူကညီမထက်ငယ်ပါတယ်
စတွဲကတည်းကခုချိန်ထိချစ်ပါတယ် ညီမကိုဆိုအလိုလည်းလိုက်ပါတယ်
သစ္စာလဲမဖောက်ဖူးပါဘူး ညီမမကြိုက်မှန်းသိလို့ ဘယ်မိန်းမနဲ့မှတောင်ပတ်သက်ခဲ့တာမဟုတ်ပါဘူး
ညီမဘက်ကလည်းလုံးဝကင်းရှင်းအောင်နေပါတယ်
ညီမကသူနဲ့အကြာကြီးမခွဲဖူးပါဘူး အရင်ကတည်းကအမြဲတပူးတွဲတွဲပါ
အရမ်းလဲသဝန်တိုပါတယ် သူ့ကိုလည်းအရမ်းကပ်ပါတယ်
(အရင်ရည်းစားက ကိုာ့်သူငယ်ချင်းအရင်းကြီးနဲ့ ဖောက်ပြန်ပီးထားခဲ့ခံရဖူးတဲ့trumaကြောင့်မယုံရဲတာလည်းပါပါတယ်)
အခုသူကစိုက်ပျိုးရေးသိပ္ပံ (pmn)မှာတက်နေတာပါ အရင်ကကျောင်းနားထားတော့ခုမှပထမနှစ်ကစတက်ရတာပါ
အလုပ်လည်းအရမ်းရှုပ်တယ်လို့ပြောပါတယ် ညီမကိုအချိန်လဲမပေးတော့ပါဘူး
ညဘက်တေဆိုလဲ ၈ခွဲမှဖုန်းခေါ် ၉ထိုးရင်းဖုန်းပြောရင်းအိပ်ပျော်နေပါပီ
အဲ့လိုဆိုရင် ညီမကအရမ်းစိတ်ဆိုးပါတယ်သူကပင်ပန်းလို့ဆိုပီးနေ့တိုင်းနီးပါးအ့လိုအိပ်အိပ်သွားပါတယ်
ညီမကအရင်ကအရမ်းအချစ်ခံရပီးဂရုစိုက်ခံရပြီးခုကြသူအ့လိုတေလုပ်တော့အဆင်မပြေတော့ပါဘူး
စိတ်ထဲလဲအတွေးပေါင်းစုံဝင်တော့တာပါပဲညီမကအားနေတော့ပိုဆိုးပါတယ်
တချိန်လုံးသူနဲ့ဖုန်းပြောချင်နေတာပါ သူအ့လိုအိပ်ပျော်သွားပေမဲ့ ညီမကမနက်၁နာရီ၂နာရီလောက်ထိအိပ်မရပါဘူး
ရအောင်ကြိုးစားပီးအိပ်လဲ မပျော်ပါဘူး စိတ်ထဲတနုံ့နုံ့နဲ့ပါ
ပီးတော့ သူတို့ကျောင်းကအလုပ်လုပ်ရင် ယောက်ျားလေးကောမိန်းကလေးကော အကုန်ရောလုပ်ရတာပါ
သူကအတန်းခေါင်းဆောင်ပါလုပ်ရတော့ မိန်းကလေးတေနဲ့ပိုပီးပေါင်းသင်းဆက်ဆံရပါတယ်
သူကမိန်းကလေးအတန်းခေါင်းဆောင်နဲ့ခနခနဖုန်းပြောနေရတာ ညီမကအဲ့တာကိုလုံးဝမကြိုက်တာပါ
(ညီမကသူ့အကောင့်ပါအတူတူသုံးတာဆိုတော့ သူတို့gpထဲပြောထားတဲ့စကားတေမြင်နေတွေ့နေရတော့ မကြိုက်တာပါ)
အ့အကြောင်းအရာတေကြောင့် တခါတလေညီမပြသနာရှာမိပါတယ်
အ့ခါကြရင်သူက အရင်ကမသုံးဖူးတဲ့ စကားတေသုံးလာပါတယ်
အရင်ကညီမက”မကိုထားခဲ့မှာလား”မေးရင် ထားခဲ့စရာလား နောက်ခါအ့လိုမမေးနဲ့ ဘယ်တော့မှမထားခဲ့ဘူး
ဘာညာပြန်ဖြေတာပါ နောက်တစ်ယောက်အကြောင်းပြောမိရင်လဲ
မောင့်မှာမပဲရှိတာ နောက်တစ်ယောက်အကြောင်းမပြောနဲ့ မကြိုက်ဘူးလို့ပြောတာပါ
ခုကြနောက်တစ်ယောက်ကိုကြိုက်နေတာလားဆိုရင် ဘယ်နောက်တယောက်လဲဘာညာ နဲ့စိတ်မဆိုးတော့ပါဘူး
ဘာမဟုတ်တဲ့ကိစ္စလေးတေနဲ့အမြဲတမ်းရန်ဖြစ်နေရတာ စိတ်ချမ်းသာရတဲ့ရက်ကိုမရှိဘူးတဲ့
ညီမက အဲ့ရောက်ကတည်းကတခါမှစိတ်ချမ်းသာရတာမရှိဘူပေါ့ဆိုတော့ စိတ်မချမ်းသားရတာကဒီရောက်မှမဟုတ်ပါဘူး
အရင်ကကောစိတ်ချမ်းသာရလို့လားတဲ့ အရမ်းဝမ်းနည်းပီးခံစားရတယ်
အဲ့ကိုရောက်မှအချိုးတေပြောင်းနေတာဆိုတော့ အလုပ်ကပင်ပန်းမကမောင်ဘာမှမလုပ်တာကိုရစ်ဆိုတော့စိတ်တိုတော့ပြောမိတာတဲ့
မောင်ကချစ်တာမှတုန်နေတာပဲတဲ့ သူအ့လိုပြောနေလဲမယုံတော့ပါဘူး
ပြောစရာတေကတော့အများကြီးပါပဲ စိတ်တေအရမ်းရှုပ်နေတော့ ဘာတေဘယ်လိုအစီစဉ်ကျအောင်ရေးရမယ်မသိတော့ပါဘူး
တခါတလေ စူစိုက်ချင်စိတ်ပါဖြစ်ရတယ်
အမှားပါရင်လဲခွင့်လွတ်ပေးကြပါရှင့်
ကျေးဇူးတင်ပါတယ်ရှင့်