ညီမကောင်လေးနဲ့ညီမက ချစ်သူသက်တမ်း4နှစ်ပြည့်ပါတော့မယ် အခုက ဘယ်သူ့ကိုမှဖွင့်မပြောခဲ့တဲ့ကိစ္စတွေမျိုသိပ်မထားချင်လို့ပါ စာကနည်းနည်းရှည်ပါတယ်
ညီမကိုအပြစ်ပြောကြမှာက မလွဲဧကန်ပါ ညီမလဲ ညီမကိုညီမ အချိန်တော်တော်များများအပစ်တင်နေတာပဲ
အပစ်တင်တာကိုလဲစိတ်မဆိုးပါဘူးရှင် ညီမကောင်လေးနဲ့ညီမ မိဘတွေက နယ်ဘက်ကပါ
ညီမတို့ကတော့ငယ်ငယ်လေးထဲကရန်ကုန်ကိုရွေ့လာပြီးဒီမှာပဲကျောင်းတက် ဒီမှာပဲကြီးပြင်လာတာပါ
သူကတော့နယ်မှာကြီးပြင်းတာပေါ့ သူက 8တန်းနဲ့ကျောင်းထွက်ပြီး အလုပ်လုပ်နေပါတယ်
ညီမကတော့ကျောင်းတက်လက်စ (အခုတော့နားထားပါတယ်) ညီမက တက္ကသိုလ်တက်တဲ့ထိရည်စားတခါမှမထားခဲ့ပါဘူး
မိဘတွေစိတ်ချမ်းသားအောင် စာပဲကြိုးစားခဲ့ပါတယ် ညီမတက္ကသိုလ်ဒုတိယနှစ်မှာ ညီမမိဘတွေကပြောပါတယ်
အိမ်ထောင်ပြုရင်တော့ အတွင်းသိအဆင်းသိပဲ ကောင်းပါတယ်တဲ့
ကိုယ့်ရွာကလူပဲကောင်းတယ်ဆိုတဲ့စကားကိုမကြာခနပြောတတ်ပါတယ်
ညီမလဲ တခြားသူတွေဆို စိတ်မဝင်စားပေမဲ့ သူ့ညီမကိုချစ်တယ်ပြောတော့ ၆လစောင့်ခိုင်းပြီးအဖြေပြန်ပေးလိုက်ပါတယ်
ညီမကကျောင်းတက်နေတော့ သူ့ကိုအရမ်းအချိန်မပေးနိုင်ပါဘူး တစ်နေ့က တစ်နာရီလောက်တော့ အချိန်ပေးပါတယ်
ညီမက တယူသန်တတ်တယ် (ဖုန်းစကိုင်ပြီဆိုထဲက viberဆိုတာကို မသုံးပါဘူး )ဒါကပဲပြသနာကိုစစေတာမို့ထည့်ပြောတာပါ
(ခုတော့သုံးနေပါပြီ ) သူကတော့ညီမရှေ့မှာရည်စား၅ယောက်လောက်တွဲဖူးပါတယ် ရွာကပဲ ၃ယောက် (တစ်ယောက်ဆိုနှစ်နှစ်လောက်တွဲထားတဲ့သူပေါ့နော်)
သူတို့လမ်းထဲကတစ်ယောက်က အင်းတကော်ဘက်ကတစ်ယောက်ပေါ့ ဒါကတော့ညီမ မမေးပါဘူး ကွာဆိုတဲ့ သဘာဝအတိုင်း သတင်းကမမေးပဲကြားရတာပေါ့
ဒါမဲ့ညီမအပစ်မတင်ပါဘူး အတိတ်ဆိုတာပြင်လို့မရတဲ့အတွက် စိတ်ဆိုးချင်းမရှိပါဘူး ဇာတ်လမ်းကခုမှစမှာပေါ့နော်
စာရှည်ရင်တောင်းပန်ပါတယ် ညီမတို့တွဲခါစမှ အဆင်ပြေပေမဲ့တစ်နှစ်လောက်နေတော့ သူ့ရဲ့ရည်စားဟောင်း(နှစ်နှစ်လောက်တွဲတဲ့တစ်ယောက်)ကလာadd ပါတယ်
facebookမှာ ညီမ ပြသနာအရှုပ်အရှင်းဖြစ်မှာဆိုးလို့ လက်မခဲ့ပါဘူး ဒါမဲ့ပြသနာကမပြီးသွားပဲ ညီမတို့ ပြသနာတွေတက်ပြီး ပြတ်မယ် ဘာညာဖြစ်သွားပါတယ်
(ပြသနာကတော့ခနခန တက်ပါတယ် တက်တိုင်းလဲ သူက ပဲပြတ်ဖို့ပြောတယ် သည်းခံတတ်တဲ့စိတ်မရှိပါဘူး
ညီမက ဘာအပစ်မှသိပ်မပြောဘူး မပြောရတဲ့အကြောင်းက တကယ်မပြတ်နိုင်ပဲ အပစ်တွေတင်နေရင် အကျိုးမရှိဘူးထင်လို့ပါ)
အပေါ်ကဟာကကိုဆက်ရရင် တစ်ရက်ပြသနာတက်တော့ နှစ်နှစ်ပြည့်ခါနီးပေါ့ သူ့အရင်ရည်စား (နှစ်နှစ်နီးပါဆိုတဲ့တစ်ယောက်က) နောက်accတစ်ခုနဲ့ လာaddပါတယ်
ညီမလဲ လက်ခံလိုက်တယ် အဲ့မှာ အဲ့ကောင်မလေးကပုံတစ်ပုံပို့လာပါတယ် သူနဲ့ညီမနဲ့တွဲရိုက်ထားတဲ့ပုံပါ
ညီမ ကဘာလို့ပို့တာလဲလို့ဆိုတော့ သူက ပြောပါတယ် နင့်ကောင်လေးက ငါ့စိတ်နာအောင်အဲ့ပုံငါ့ကိုပို့ခဲ့လိုပြန်ပို့ပေးတာလို့ ဖြေပါတယ်
ဒါမဲ့အဲ့ဒါကသူလိမ်နေတာပါ ညီမချစ်သူဘက်ကပါတာမဟုတ်ပါဘူး ညီမအချိန်တွေမေးတော့ သူပြောတဲ့အချိန်ညီမတို့မကြိုက်သေးလို့ပါ
(အဲ့ပုံက ညီမ ချစ်သူviberမှာတင်ထားတဲ့ပုံပေါ့နော်) စကားဖြတ်ပြောရရင် ညီမက viber မှာ နှစ်ယောက်တွဲပုံတင်ဖို့မပြောနဲ့ နှစ်နှစ်ပြည့်တာတောင် နှစ်ယောက်တွဲပုံ တစ်ပုံပဲရှိပါတယ်
အဲ့လို တခြားချစ်သူလိုမဟုတ်တာကတော့ ညီမအမှားပေါ့နော် ညီမက ညီမ ဘဝတိုးတက်ရေးပဲအာရုံစိုက်နေတာကများပါတယ်
သူဘာဖြစ်ဖြစ်ဂရုစိုက်မနေပါဘူး အဲ့ဒါနဲ့ အပေါ်ကစကားကိုဆက်ရရင် အရင်ကောင်မလေး(နှစ်နှစ်နီးပါးတွဲတဲ့တစ်ယောက်) လိမ်နေတာ့ ညီမ စိတ်ဆိုးပြီးဘာလို့ လာလိမ်တာလဲ ရည်ရွယ်ချက်ဘာလဲနဲ့ အပြန်အလှန်စာတွေပို့ကြတာပေါ့
အဲ့ဒါနဲ့ ညီမလဲ နောက်ဆုံး ဒဲ့ပဲရှင်းမယ်ဆိုပြီး ညီမရယ် ညီမချစ်သူရယ် သူ့ရဲ့အရင်ရည်စား(နှစ်နှစ်နီးပါ)ရယ် gpဖွဲ့ပြီးရှင်းခိုင်းပါတယ်
အဲ့မှာသူတို့ပြသနာတက်တယ်ပေါ့နော် ညီမနားမလည်ခဲ့ပါဘူး ညီမ နောက်မှသိသွားတာက ညီမတို့ ပြသနာတက်ပြီးပြတ်နေတဲ့အချိန်မှာ ညီမချစ်သူက အဲ့ကောင်မလေးကို ပြန်တွဲကြရအောင်ဆိုပြီး ပြန်ဆက်သွယ်ခဲ့ပါတယ်
ကောင်မလေးဘက်ကလက်ခံပြီး ၃ရက်လောက်မှာ ညီမ ဆီပြန်လာခဲ့တယ် သူ့ကိုလာလှည့်စားတဲ့အတွက် ကောင်မလေးက စိတ်နာပြီးညီမကိုလာပြောတာပါ
တိုက်ရိုက်မပြောပဲတခြားပုံတွေ(အပေါ်ကပြောခဲ့တဲ့ပုံပါ)ပို့ပေးတာပေါ့နော် ညီမလဲ အဲ့ကြမှနားလည်ပြီး ကောင်မလေးကို။တောင်းပန်ခဲ့ပါတယ်
ညီမပြောခဲ့တာတွေအတွက် ညီမ အတွက်တော့ မလွယ်ခဲ့ပါဘူး ဒါမဲ့ ညီမချစ်သူက ဒူးထောက်တောင်းပန်လို့ကျေနပ်ခဲ့ပါတယ်
ဒုတိယအကြိမ် ပြသနာတွေတက်ကြပါတယ် ညီမတို့ တွဲ့တာသုံးနှစ်ပြည့်ခါနီးမှာပေါ့ ညီမတို့ပြသနာတက်ကြတယ်
ညီမမှားပါတယ် ညီမ သူနဲ့ စကားမပြောချင်တာနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ဖုန်းမပြောပါဘူး
ရက်ဆက်လာတော့ ပြသနာတက်ပြီး ပြတ်မယ်ဖြစ်ကြရော ညီမဆွဲမထားပါဘူး
ဘာလို့ဆို ဘယ်လောက်ရှင်းပြရှင်းပြ ကျွဲပါးစောင်းတီလိုလူမလို့ပါ အဲ့မှာသူက သူတို့နား အရင်ကသူတို့အိမ်မှာအလုပ်လုပ်တဲ့ကောင်မလေးနဲ့တွဲတယ်တဲ့(ပြတ်တာတစ်ပတ်မကြာပဲ)
ညီမမသိခဲ့ပါဘူး သူနေနိုင်လောက်တာပဲတွေးနေတာပေါ့ ညီမတပတ်ပြည့်တော့ဆက်သွယ်ပါတယ်
ညီမကိုသူအဖတ်မလုပ်တော့ပါဘူး ညီမဘာမှမပြောဘူးအေးဆေးပဲနေတယ်ပေါ့
ဒါမဲ့လူက ခံစားရတော့ ပိန်လာတယ် လူတွေသတိထားမိသွားတယ်ပေါ့နော် အဲ့မှာသူညီမကိုပြန်ဆက်သွယိပါတယ်
ညီမလက်ခဲ့ခဲ့ပါတယ် ပြန်အဆင်ပြေမှ သူအဲ့ကောင်မလေးနဲ့တွဲတာကိုဝန်ခံပါတယ်
ညီမစိတ်ဆိုးပေမဲ့ အတိတ်ဖြစ်သွားပါပြီလို့တွေးလိုက်ပါတယ် တကယ်တော့ သူနဲ့အဲ့ကောင်မလေးမပြတ်သေးတာ နှစ်ရက်လောက်နေတော့သိရပါတယ်
ညီမ လဲလက်မခံနိုင်တာနဲ့ နင်တစ်ယောက်ပဲရွေးလို့ပြောလိုက်ပါတယ် သူကညီမကိုရွေးခဲ့ပါတယ်
ဒါမဲ့ အဲ့ကောင်မလေးကိုဖုန်းမဆက်တဲ့ ညမှာပဲ အဲ့ကောင်မလေးရဲ့ အမေဆိုသူက သူ့ကိုဖုန်းဆက်ပါတယ်
ငါ့သမီးကိုစိတ်ညစ်အောင်မလုပ်နဲ့ဘာညာပေါ့ ပြီးတော့ ညီမတို့ကပိုက်ေံရှိလို့လားဆိုတဲ့စကားနဲ့ ဂေျာင်ပိတ်မေးပါတယ်
ညီမက သူတွဲခဲ့တဲ့ချစ်သူအားလုံးနဲ့ သူ့ထက် ပိုက်ဆံရှိပါတယ် (ကြွားတယ်လို့မထင်စေချင်ပါ)သူကအဲ့အိမ်မှာထမင်းတစ်ခါစားဖူးပါတယ် ဒီလိုစကားမျိုးထည့်မပြောချင်ပါဘူး
(ကောင်မလေးတို့မျိုးရိုးက စုန်းတက်တယ်လို့ အဲ့နားမှာနာမည်ကြီးပါတယ်တဲ့) သူက အဲ့လိုမျိုးကိုကြောက်ပြီး ညီမကိုပြောပါ
အဲ့ကောင်မလေး အမေဖုန်းဆက်တယ် သူကြောက်တယ်ဆိုပြီး ပြန်သွားမယ်ပြောတယ် အဲ့အချိန်မှာညီမရူးမတက်ပါပဲ
တဖက်မိန်းကလေးရဲ့အမေဟာ အားလုံးကိုသိပါလျက် ညီမတို့တွဲ့တာ၃နှစ်ပြည့်တော့မယ်
သူ့သမီးနဲ့တွဲတာ ၁လပဲရှိသေးတာကို (သူ့သမီးမှာ အရင်က ချစ်သူရှိတယ် သဘောမတူဘူးဆိုပြီးခွဲထားခဲ့တာ
(သူ့သမီးမှာ အရင်က ချစ်သူရှိတယ် သဘောမတူဘူးဆိုပြီးခွဲထားခဲ့တာပါ
ဒါမဲ့ညီချစ်သူနဲ့ကြ သဘောတူတယ်တဲ့ ဒါမဲ့အဲ့ကောင်မလေးက ညီမ ချစ်သူနဲ့တွဲနေရင် သူ့အရင်ကောင်လေးကိုဆက်သွယ်ပါတယ်
ဒါကိုညီမချစ်သူ တွေ့သွားပါတယ် အဲ့ဒါကြောင့်လဲပါမှာပါ ညီမဆီပြန်လာတာက) အပေါ်ကဟာပြန်ဆက်ရရင် သူ ပြန်သွားတော့မယ်ပေါ့
ညီမ သူ့ကိုဆုံးရှုံးရမှာကိုတော်တော်ကြောက်သွားပါတယ် အဲ့ဒါနဲ့ သူ့ကို သေချာချော့ပြောပြီး ရန်ကုန်က သူ့အစ်မဆီမှာခနလာနေခိုင်းပါတယ်
အဲ့ကောင်မလေးကိုလဲ အဆက်အသွယ်ဖြတ်ပေါ့ ကောင်မလေးနဲ့သူက သိပ်မဝေးတော့ သူနယ်မှာဆို ကောင်မလေးက သူ့အိမ်ကိုခနခန လာပါတယ်
သူတို့အတူးလျှောက်သွားပေါ့ နောက်မှသိတာ ကောင်မလေးပ လက်သည်းခြေသည်းက အစ ညှပ်ပေးတာတဲ့ သူနယ်ကိုပြန်တော့ ကောင်မလေးက နောက်ဆုံးတစ်ခေါက် လာတွေ့ဖို့ပြောပါတယ်တဲ့ သူသွားတွေ့တယ်
ကောင်မလေးကငိုတယ် သူလဲ ချော့ပြီး ကောင်မလေးကို ပြန်တွဲတယ်ပေါ့ ညီမလဲ နောက်ဆုံးမှာ နင်ကိုယ့်ဘာသာပဲစဉ်းစားပါတော့လို့ လွှတ်လိုက်တော့တယ်
ဘာလို့ဆို သူက အဲ့ကောင်မလေးငိုတာ သနားတယ်တဲ့ ညီမငိုတာက ကျ သနားစရာမကောင်းဘူးပေါ့လို့ညီမလဲမေးမိပါတယ်
သူ့ကိုတစ်ရက်အချိန်ပေးလိုက်ပါတယ် သူညီမဖုန်းကိုblockခဲ့တယ် အဲ့ကောင်မလေးကိုရွေးချယ်ခဲ့တယ်
ဒါမဲ့သိပ်မကြာပါဘူး ညီမဆီ ဆက်သွယ် လာတယ် ညီမခွင့်လွှတ်ခဲ့ပါတယ် ခွင့်လွှတ်တိုင်းအတိတ်ဆိုတာနဲ့ ပြည်ဖုံးကားချခဲ့ပါတယ်
နောက်ရက်နည်းနည်းနေတော့ အဲ့ကောင်မလေးလဲ သူ့အရင်ကောင်လေးဆီပြန်သွားပါတယ်
ဒါမဲ့ဘယ်လိုပဲ ညီမဆီပြန်လာပြန်လာ သူ့ညီမကိုမရွေးချယ်ခဲ့တာတော့ အမှန်ပဲ ဘယ်လောက်ချစ်တယ် ပြောနေပြောနေ ၃နှစ်ကို ရက်၃၀က မယှဉ်နိုင်ခဲ့ဘူးလေ
ဒါမဲ့ ညီမဘာမှကိုပြောမနေတော့တာပါ အတိတ်ဖြစ်သွားပြီလေ စာရှည်သွားရင်တောင်းပန်ပါတယ်
စာလူံးပေါင်းမှားရင် လဲတောင်းပန်ပါတယ် စာရှည်တော့ မစစ်နိုင်တော့လို့ပါ
နည်းနည်းသပွတ်အူလိုဖြစ်နေတယ် ညီမကတော့ မနာကျဉ်းတတ်တဲ့ ဂျိုနဲ့ပါပေါ့ ချစ်တာနဲ့မာနရောလျက်နေတာပါအမှန်တော့