ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၉၂

မင်မင်ရေ ဒီစာလေးကိုတင်ပေးပါနော်

အရမ်းမွန်းကျပ်နေလို့ အားပေးသံရော အပြစ်တင်သံရော ကြားချင်ပါတယ်

ညမ အိမ်ထောင်သက် ကိုးနှစ်ပြည့်တော့မာပါ ကလေးနှစ်ယောက်ရှိပါတယ်

ညမ သူနဲ့မယူခင်တုန်းက ယောက်ကျားတစ်ယောက်နဲ့ပတ်သတ်ဖူးပါတယ်

သူနဲ့ယူတော့လည်း ကိုယ်ဝန်ရှိလို့ယူလိုက်ရတာပါ

ခုက အဲ့ကိုယ်ဝန်ကသူ့ဟာမဟုတ်ဘူးပဲ ပြောပီးရန်ရှာပါတယ်

ခုချိန်ထိသူနဲ့ယူပီးကတည်းက အိမ်ထောင်ရေးဖောက်ပြန်မှူမရှိခဲ့ပါဘူး

အပြစ်ပြောစရာမရှိအောင်နေပါတယ်

အရင်ကအကြောင်းတေပဲပြောပီးရန်ရှာပါတယ်

ခုလက်ရှိက ရန်ရှာစရာအပြစ်မရှိအောင် ညမနေပါတယ်

ရန်ဖြစ်ရတာရှက်လို့အသာငြိမ်နေရင်လည်းမရပါဘူး

သူ့အလိုကျမနေရရင်(s*x)အရင်ကအကြောင်းရာတေနဲ့ပဲရန်ရှာပါတယ်

ကြာတော့မွန်းကြပ်လာပီ အကြံညဏ်လေး ပေးကပြာအုံးရှင့်












