ကျေးဇူးပြုပြီး အကြံလေးပေးကြပါအုံးရှင်။
အိမ်ထောင်သက် ၉နှစ်ပါ။ကလေးတစ်ယောက်ရှိပါတယ်ရှင်။
အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီ။
ယောကျားက သောက်စား၊အပေါင်းအသင်း မက်ပါတယ်။
KTV နဲ့ ဘီယာဆိုင် ကြိုက်သူပါ။ကျွန်မမသိအောင် online ကတစ်မျိုး၊အပြင်မှာတစ်မျိုးနဲ့ မိန်းမတွေနဲ့ကြူပြီး ဆက်ဆံနေတာပါ။
အခုတော့ မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာ သိရပါတယ်။
သူကတော့ တစ်ခဏမှားတာပါဆိုပြီးဆင်ခြေပေးပါတယ်။ဒါပေမယ့်ကြာနေပြီဆိုတာသိရပါတယ်။
ကိုယ့်ကိုတရားဝင်သိတဲ့ ပတ်ဝန်ကျင်ကိုတောင် ကိုယ်မသိဘူးထင်လို့လား၊
ဂရုမစိုက်လို့လားမသိဘူး အဲ့မိန်းကို ခေါ်ပြီး သွားလာနေပါတယ်။
အခု ကျွန်မက ကွဲဖို့ ဆုံးဖြတ်ထားပါတယ်။ဒါပေမယ့် ကျွန်မက မိဘနဲ့ ကလေးကို အသိမပေးချင်ပါဘူး။
မိဘကလည်း အိမ်ထောက်ကွဲရင်ကိုယ့်ထက်တောင်ပိုစိတ်မကောင်းဖြစ်မယ့် လူမို့လို့ပါ။
ကလေးကိုလည်းစိတ်ဒဏ်ရာရပြီး မသိမ်ငယ်စေချင်တာပါ။တစ်လ တစ်ခါဖြစ်ဖြစ် သွားတွေ့ပေးမှာပါ။
အရင်ကလည်း အလုပ်လုပ်ရင်ခဏ ခဏ ခွဲနေရတော့ ကလေးက အဆင်ပြေမှာပါ။
အခု သူ့ကို ကွဲဖို့ မပြောရသေးပါဘူး။ဒါပေမယ့်သူကလွယ်လွယ်ကူကူ ကွဲပေးမယ့်ပုံမပေါ်ပါဘူး။
ပြသနာရှာပြီး မိဘ သိသွားမှာစိုးတာပါ။
မိဘလည်း မသိအောင် ၊သူလည်းကွာပေးအောင်ဘယ်လို ပြင်ဆင် ၊စီစဥ်သင့်ပါလဲရှင်။
အကြံဥာဏ်လေးပေးကြပါအုံးနော်။
ေက်းဇူးျပဳၿပီး အႀကံေလးေပးၾကပါအုံးရွင္။
အိမ္ေထာင္သက္ ၉ႏွစ္ပါ။ကေလးတစ္ေယာက္ရွိပါတယ္ရွင္။
အိမ္ေထာင္ေရးက အဆင္မေျပတာၾကာပါၿပီ။
ေယာက်ားက ေသာက္စား၊အေပါင္းအသင္း မက္ပါတယ္။
KTV နဲ႔ ဘီယာဆိုင္ ႀကိဳက္သူပါ။ကြၽန္မမသိေအာင္ online ကတစ္မ်ိဳး၊အျပင္မွာတစ္မ်ိဳးနဲ႔ မိန္းမေတြနဲ႔ၾကဴၿပီး ဆက္ဆံေနတာပါ။
အခုေတာ့ မဖုံးႏိုင္မဖိႏိုင္ျဖစ္ၿပီး မိန္းမတစ္ေယာက္နဲ႔ ေဖာက္ျပန္ေနတာ သိရပါတယ္။
သူကေတာ့ တစ္ခဏမွားတာပါဆိုၿပီးဆင္ေျခေပးပါတယ္။ဒါေပမယ့္ၾကာေနၿပီဆိုတာသိရပါတယ္။
ကိုယ့္ကိုတရားဝင္သိတဲ့ ပတ္ဝန္က်င္ကိုေတာင္ ကိုယ္မသိဘူးထင္လို႔လား၊
ဂ႐ုမစိုက္လို႔လားမသိဘူး အဲ့မိန္းကို ေခၚၿပီး သြားလာေနပါတယ္။
အခု ကြၽန္မက ကြဲဖို႔ ဆုံးျဖတ္ထားပါတယ္။ဒါေပမယ့္ ကြၽန္မက မိဘနဲ႔ ကေလးကို အသိမေပးခ်င္ပါဘူး။
မိဘကလည္း အိမ္ေထာက္ကြဲရင္ကိုယ့္ထက္ေတာင္ပိုစိတ္မေကာင္းျဖစ္မယ့္ လူမို႔လို႔ပါ။
ကေလးကိုလည္းစိတ္ဒဏ္ရာရၿပီး မသိမ္ငယ္ေစခ်င္တာပါ။တစ္လ တစ္ခါျဖစ္ျဖစ္ သြားေတြ႕ေပးမွာပါ။
အရင္ကလည္း အလုပ္လုပ္ရင္ခဏ ခဏ ခြဲေနရေတာ့ ကေလးက အဆင္ေျပမွာပါ။
အခု သူ႔ကို ကြဲဖို႔ မေျပာရေသးပါဘူး။ဒါေပမယ့္သူကလြယ္လြယ္ကူကူ ကြဲေပးမယ့္ပုံမေပၚပါဘူး။
ျပသနာရွာၿပီး မိဘ သိသြားမွာစိုးတာပါ။
မိဘလည္း မသိေအာင္ ၊သူလည္းကြာေပးေအာင္ဘယ္လို ျပင္ဆင္ ၊စီစဥ္သင့္ပါလဲရွင္။
အႀကံဥာဏ္ေလးေပးၾကပါအုံးေနာ္။