ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၉၆

ရင်ဖွင့်ရမလား အကြံတောင်းရမလား မသိတော့ပါဘူး

ကျမတို့ rs သက်တမ်း ၅နှစ်ကျော်ပါပြီ အစပိုင်းတုန်းက ကျမ အရမ်းချစ်ခဲ့ပါတယ်

အစအစအရာရာနားလည်ပေးနိုင်ဖို့ကြိုးစားခဲ့တယ် ကျမမကြိုက်တဲ့အချက်တွေများနေရင်တောင် နားလည်ပေးခဲ့ပါတယ်

အဆင်ပြေလိုက်မပြေလိုက်နဲ့ ၂နှစ်လောက်ကြာတော့ သူ့ဘက်က လမ်းခွဲဖို့ပြောခဲ့တယ်

အဲ့အချိန်က ကျမဘက်က လုံးဝမပြတ်နိုင်ခဲ့ဘူး မထားခဲ့ဖို့ တောင်းပန်တယ်

အချိန်ရသလောက်ထိ ငိုယိုပြီး ဆွဲထားမိခဲ့တယ် ဒါပေမဲ့ သူ လှည့်မကြည့်ခဲ့ပါဘူး

ကျမအတွက် အရူးတစ်ပိုင်းပါပဲ မစားနိုင်မအိပ်နိုင်နဲ့ ပေါ့ ငါ့အပေါ်လုပ်ရက်လိုက်တာ ရက်စက်လိုက်တာဆိုတဲ့အတွေးတွေနဲ့

ငါချစ်ပေးခဲ့သမျှ နားလည်ပေးခဲ့သမျှတွေ အားလုံး ထားခဲ့ခံရဖို့တွေ ပဲ ဆိုတဲ့အတွေးပေါင်းစုံနဲ့ နာကျင်ခဲ့ရတာ ပြောမပြတတ်အောင်ပါပဲ

၆ လလောက်ကြာတော့ သူပြန်ဆက်သွယ်လာတယ် ကျမရဲ့အဝေးမှာ ဘာတစ်ခုမှ သူအဆင်မပြေဘူးဆိုပြီးတော့လေ

ဒီကြားထဲမှာ ကျမ လုံးဝမဆက်သွယ်ခဲ့ဘူး သူမချစ်ချင်လို့ ထားခဲ့ပြီပဲ ပိုနာကျင်ရမယ့်အလုပ်မျိုး ထပ်မလုပ်နိုင်တော့ဘူးဆိုတဲ့ စိတ်ကို မွေးထားခဲ့တယ်

အရမ်းပင်ပန်းနာကျင်ခဲ့ရသမျှတွေဆိုပေမဲ့ သူဆက်လာတော့ ကျမ မပြတ်နိုင်ခဲ့ပြန်ဘူး

အဲ့လိုအချိန်တွေကြာလာခဲ့တာ ၅ နှစ်အတွင်းမှာ ၃ကြိမ်လောက် ပြတ်ခဲ့ဖူးတယ်

နောက်ဆုံးအကြိမ် သူပြန်ဆက်သွယ်တော့ ကျမစိတ်တွေ တော်တော်အဆင်ပြေနေပြီ

သူမရှိလည်း ကျမ နေတတ်ခဲ့ပြီ ကျမ မရှိပဲ သူအဆင်မပြေလို့ပါလို့ သူပြောတော့ ကျမတော့ အဆင်ပြေနေပြီလို့ ပြောနိုင်တဲ့ထိကို အဆင်ပြေအောင်ကြိုးစားနိုင်ခဲ့တာ

နောက်ထပ်ရှေ့မဆက်တာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျမပြောတော့ သူ့ရဲ့စိတ်နဲ့ သူ့လုပ်ရပ်တွေကို ကောင်းအောင်ကြိုးစားပြင်ပါ့မယ်

အခွင့်ရေးပေးပါလို့ ပြောခဲ့တယ် ကျမနဲ့ လုံးဝမပတ်သက်ပဲနေဖို့ သူတကယ် အဆင်မပြေလို့ပါတဲ့ ငိုယိုပြီးပြောတယ်

အဲ့ဒါနဲ့ ကျမလည်း ကြိုးစားကြည့်မယ်

စိတ်ထဲမှာတော့ ခံစားချက်မရှိတော့ဘူးထင်တယ်လို့ အရင်လိုချစ်တဲ့စိတ်မျိုး လုံးဝထပ်မဖြစ်တော့တဲ့ခါ ပွင့်ပွင့်လင်းလင်းပြောကြမယ်လို့ ပြောခဲ့လိုက်တယ်

သူလည်းသဘောတူခဲ့ပါတယ် သူ့ဆီမှာ ကျမအရမ်းသဘောကျတဲ့အချက်ကလေ s*x ကိစ္စ အတင်းအကြပ်တောင်းဆိုတာမျိုးမရှိခဲ့ဘူး

လက်မထပ်ဘဲ အတူနေတာမျိုး လုံးဝမလုပ်နိုင်ဘူးလို့ အစထဲက ကျမပြောထားခဲ့လို့

အဲ့အချက်ကြောင့် ယုံကြည်စိတ်နဲ့ မပြတ်နိုင်ခဲ့တာလား ကိုယ်တိုင် သေချာမသိဘူး

အခုနောက်ပိုင်း သူ့ဘက်က အရင်ကလိုမဟုတ်တော့ဘူး အရမ်းဂရုစိုက်ပေးတယ် ကျမဘက်ကတော့ အရင်က နာကျင်ခဲ့ရတာတွေ မေ့မရလို့ပဲလားမသိဘူး

အရင်စိတ်မျိုး ပြန်ဖြစ်မလာတော့ဘူးဖြစ်နေတယ် သူph ခေါ်ရင်ကိုင်လိုက်တယ်

ကျမဘက်က ခေါ်တာပြောတာမရှိဘူးဖြစ်နေတယ် တစ်နှစ်လောက်ရှိနေပြီ

စကားလည်း သိပ်မပြောချင်တော့ဘူး လမ်းခွဲဖို့ ပြောမယ်လို့ တွေးမိနေတယ်

ကျမ တကယ်နေတတ်သွားတာ သူသိတယ် သူ့ကိုထားခဲ့ဖို့တွေးနေပြီမလား

မချစ်တော့ဘူးမလားလို့ ငိုပြီးပြောနေတယ် တကယ်လို့ ထားခဲ့ရင် သူအပြစ်မပြောနိုင်ပါဘူးတဲ့

သူ့အမှားတွေကြောင့် ကျမစိတ်ပြောင်းသွားခဲ့တာ သူ့ကံပါပဲလို့ ငိုပြီးပြောနေတော့လည်း စိတ်မကောင်းဖြစ်မိတယ်

ကျမ ဘာဆက်လုပ်ရမလဲ ဘယ်လိုပြောရမလဲ မသိတော့ဘူး ဖြစ်နေတယ်ရှင်

ရင္ဖြင့္ရမလား အႀကံေတာင္းရမလား မသိေတာ့ပါဘူး

က်မတို႔ rs သက္တမ္း ၅ႏွစ္ေက်ာ္ပါၿပီ အစပိုင္းတုန္းက က်မ အရမ္းခ်စ္ခဲ့ပါတယ္

အစအစအရာရာနားလည္ေပးႏိုင္ဖို႔ႀကိဳးစားခဲ့တယ္ က်မမႀကိဳက္တဲ့အခ်က္ေတြမ်ားေနရင္ေတာင္ နားလည္ေပးခဲ့ပါတယ္

အဆင္ေျပလိုက္မေျပလိုက္နဲ႔ ၂ႏွစ္ေလာက္ၾကာေတာ့ သူ႔ဘက္က လမ္းခြဲဖို႔ေျပာခဲ့တယ္

အဲ့အခ်ိန္က က်မဘက္က လုံးဝမျပတ္ႏိုင္ခဲ့ဘူး မထားခဲ့ဖို႔ ေတာင္းပန္တယ္

အခ်ိန္ရသေလာက္ထိ ငိုယိုၿပီး ဆြဲထားမိခဲ့တယ္ ဒါေပမဲ့ သူ လွည့္မၾကည့္ခဲ့ပါဘူး

က်မအတြက္ အ႐ူးတစ္ပိုင္းပါပဲ မစားႏိုင္မအိပ္ႏိုင္နဲ႔ ေပါ့ ငါ့အေပၚလုပ္ရက္လိုက္တာ ရက္စက္လိုက္တာဆိုတဲ့အေတြးေတြနဲ႔

ငါခ်စ္ေပးခဲ့သမွ် နားလည္ေပးခဲ့သမွ်ေတြ အားလုံး ထားခဲ့ခံရဖို႔ေတြ ပဲ ဆိုတဲ့အေတြးေပါင္းစုံနဲ႔ နာက်င္ခဲ့ရတာ ေျပာမျပတတ္ေအာင္ပါပဲ

၆ လေလာက္ၾကာေတာ့ သူျပန္ဆက္သြယ္လာတယ္ က်မရဲ႕အေဝးမွာ ဘာတစ္ခုမွ သူအဆင္မေျပဘူးဆိုၿပီးေတာ့ေလ

ဒီၾကားထဲမွာ က်မ လုံးဝမဆက္သြယ္ခဲ့ဘူး သူမခ်စ္ခ်င္လို႔ ထားခဲ့ၿပီပဲ ပိုနာက်င္ရမယ့္အလုပ္မ်ိဳး ထပ္မလုပ္ႏိုင္ေတာ့ဘူးဆိုတဲ့ စိတ္ကို ေမြးထားခဲ့တယ္

အရမ္းပင္ပန္းနာက်င္ခဲ့ရသမွ်ေတြဆိုေပမဲ့ သူဆက္လာေတာ့ က်မ မျပတ္ႏိုင္ခဲ့ျပန္ဘူး

အဲ့လိုအခ်ိန္ေတြၾကာလာခဲ့တာ ၅ ႏွစ္အတြင္းမွာ ၃ႀကိမ္ေလာက္ ျပတ္ခဲ့ဖူးတယ္

ေနာက္ဆုံးအႀကိမ္ သူျပန္ဆက္သြယ္ေတာ့ က်မစိတ္ေတြ ေတာ္ေတာ္အဆင္ေျပေနၿပီ

သူမရွိလည္း က်မ ေနတတ္ခဲ့ၿပီ က်မ မရွိပဲ သူအဆင္မေျပလို႔ပါလို႔ သူေျပာေတာ့ က်မေတာ့ အဆင္ေျပေနၿပီလို႔ ေျပာႏိုင္တဲ့ထိကို အဆင္ေျပေအာင္ႀကိဳးစားႏိုင္ခဲ့တာ

ေနာက္ထပ္ေရွ႕မဆက္တာပဲ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ က်မေျပာေတာ့ သူ႔ရဲ႕စိတ္နဲ႔ သူ႔လုပ္ရပ္ေတြကို ေကာင္းေအာင္ႀကိဳးစားျပင္ပါ့မယ္

အခြင့္ေရးေပးပါလို႔ ေျပာခဲ့တယ္ က်မနဲ႔ လုံးဝမပတ္သက္ပဲေနဖို႔ သူတကယ္ အဆင္မေျပလို႔ပါတဲ့ ငိုယိုၿပီးေျပာတယ္

အဲ့ဒါနဲ႔ က်မလည္း ႀကိဳးစားၾကည့္မယ္

စိတ္ထဲမွာေတာ့ ခံစားခ်က္မရွိေတာ့ဘူးထင္တယ္လို႔ အရင္လိုခ်စ္တဲ့စိတ္မ်ိဳး လုံးဝထပ္မျဖစ္ေတာ့တဲ့ခါ ပြင့္ပြင့္လင္းလင္းေျပာၾကမယ္လို႔ ေျပာခဲ့လိုက္တယ္

သူလည္းသေဘာတူခဲ့ပါတယ္ သူ႔ဆီမွာ က်မအရမ္းသေဘာက်တဲ့အခ်က္ကေလ s*x ကိစၥ အတင္းအၾကပ္ေတာင္းဆိုတာမ်ိဳးမရွိခဲ့ဘူး

လက္မထပ္ဘဲ အတူေနတာမ်ိဳး လုံးဝမလုပ္ႏိုင္ဘူးလို႔ အစထဲက က်မေျပာထားခဲ့လို႔

အဲ့အခ်က္ေၾကာင့္ ယုံၾကည္စိတ္နဲ႔ မျပတ္ႏိုင္ခဲ့တာလား ကိုယ္တိုင္ ေသခ်ာမသိဘူး

အခုေနာက္ပိုင္း သူ႔ဘက္က အရင္ကလိုမဟုတ္ေတာ့ဘူး အရမ္းဂ႐ုစိုက္ေပးတယ္ က်မဘက္ကေတာ့ အရင္က နာက်င္ခဲ့ရတာေတြ ေမ့မရလို႔ပဲလားမသိဘူး

အရင္စိတ္မ်ိဳး ျပန္ျဖစ္မလာေတာ့ဘူးျဖစ္ေနတယ္ သူph ေခၚရင္ကိုင္လိုက္တယ္

က်မဘက္က ေခၚတာေျပာတာမရွိဘူးျဖစ္ေနတယ္ တစ္ႏွစ္ေလာက္ရွိေနၿပီ

စကားလည္း သိပ္မေျပာခ်င္ေတာ့ဘူး လမ္းခြဲဖို႔ ေျပာမယ္လို႔ ေတြးမိေနတယ္

က်မ တကယ္ေနတတ္သြားတာ သူသိတယ္ သူ႔ကိုထားခဲ့ဖို႔ေတြးေနၿပီမလား

မခ်စ္ေတာ့ဘူးမလားလို႔ ငိုၿပီးေျပာေနတယ္ တကယ္လို႔ ထားခဲ့ရင္ သူအျပစ္မေျပာႏိုင္ပါဘူးတဲ့

သူ႔အမွားေတြေၾကာင့္ က်မစိတ္ေျပာင္းသြားခဲ့တာ သူ႔ကံပါပဲလို႔ ငိုၿပီးေျပာေနေတာ့လည္း စိတ္မေကာင္းျဖစ္မိတယ္

က်မ ဘာဆက္လုပ္ရမလဲ ဘယ္လိုေျပာရမလဲ မသိေတာ့ဘူး ျဖစ္ေနတယ္ရွင္