ကျမနဲ့ ကောင်လေးက RS သက်တမ်း ၉နှစ်ပြည့်ပါတော့မယ်ရှင့်
၉နှစ်လုံးလုံးဟာ LDRS ပါ တစ်နှစ်မှာ၂-၃ ခေါင်လောက်ပဲတွေ့ဖြစ်ပါတယ်ရှင့်
ခုဆိုရင်မတွေ့ရတာက ၂နှစ်လောင်ရှိနေပါပီ
– RS အစကတိုင်ပြောပါရစေ, ကျမကောင်လေးကအဝေးသင်နဲ့ကျောင်းပီးပါတယ်ကျမကတော့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကဘွဲ့ရခဲ့တာပါ၊
ကျမတို့စကြိုက်တုန်းက ၂ယောက်သားက ကျောင်းတက်နေဆဲပေါ့ ,
အစကကျမအဖြေပြန်မပေးခင်က ကောင်လေးရဲ့အမေက ကျမနဲ့သဘောမတူဘူးလို့ပြောခဲ့ပါတယ်(ကျမအိမ်ကပိုက်ဆံမရှိလို့ပေါ့) ၊
အစက ကျမလဲပြန်ကြိုက်ဖို့အစီအစဥ်တကယ်မရှိခဲ့တာပါ
ဒါပေမဲ့ သူ့အမေရဲ့ပြောစကားကိုမခံချင်စိတ်နဲ့ပြန်အဖြေပေးခဲ့တယ်ဆိုပါတော့ (သူ့အမေက ဗေဒင်တွေမေးတောင်ဖြတ်ခဲ့တာပါ)
– ကျမကအစက ကျမအခြေအနေတစ်ခုကိုရောက်အောင်ကြိုးစားနေခဲ့ရတော့ သင်တန်းပေါင်းစုံတက်နေရတော့ ကျမအိမ်ကကျမအတွက်ပိုက်ဆံအရမ်းကုန်ခဲ့တာပေါ့
အဲအချိန်တော့ သူ့အိမ်ကခါးခါးသီးသီးပေါ့၊ ငါတချိန်ကျရင် သူ့သားကိုမယူဘူးဆိုတဲ့စိတ်နဲ့နေခဲ့ပါတယ် ဖြတ်မယ်ပေါ့
ဒါပေမဲ့လည်း ကြာလာ တော့ သံယောစဥ်က တွယ်တာမိုဖြတ်ဖို့စိတ်ကူးကို လက်လွှတ်ပီး ကောင်လေးဘဝကိုတိုးတက်အောင်အမြဲတမ်း support လုပ်ပေးခဲ့ပါတယ် ,
အခုကောင်လေးက business သေးသေးလေးနဲ့ စီးပွားရေးလုပ်နေပါတယ် ,
အဲဒီစီးပွားရေးလဲသူကမလုပ်ချင်ပါဘူး ကျမကနောက်ကနေတိုက်တွန်းပီး လိုအပ်တဲ့အကြံညဏ်တွေကိုကျမပဲဦးဆောင်ခဲ့တာပါ
သူကတော့ကာယအားနဲ့ပေါ့ကျမက ညဏအားနဲ့အဝေးကနေ plan ချပီး ဦးဆောင်ပေးခဲ့တာ စီးပွားရေးဝင်ငွေထွက်ငွေလဲညီမပဲ plan ဆွဲပေးခဲ့တာပါ
ကျမဘက်ကတော့ ကျမတဆင်မြင့်ရင်သူကိူတဆင့်မြင့်စေချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့
(သူ့ဘက်ကတော့တမျိုးတွေးနေတာဖြစ်နိုင်ပါတယ်)
– အဲလိုနဲ့ LDRS ဘဝနဲ့ ၇နှစ်လောက်ထိ ကျမနဲ့အဆင်ပြေခဲ့ပါတယ်၊ ၇နှစ်ကျော်လောက်မှာ ကျမကပြည်ပခရီးစဥ်တခုကိုသွားခဲ့ရတယ်ပေါ့
အဲအချိန်မှာ ပြည်ပရောက်တဲ့အချိန်ကစ လုံးဝကျမ, ပြောစကားကိုနားမထောင်, ညှိနှိုင်းမရတာပါ။
အခုချိန်မှာ ကျမလဲ အခြေအနေတခုကိုရောက်နေပါပီ သူလဲစီးပွားရေးကိုကြိုးစားဆဲလူတယောက်ပါ,
အဲလိုနဲ့ပဲ ရန်ဖစ်လိုက်ပြန်ခေါ်လိုက်ပေါ့ ရန်ဖစ်တိုင်းသူ့ဘက်ကစ block ပါတယ် ညီမတော့ ခုချိန်ထိတည်ဆောက်ခဲ့တဲ့ဆက်ဆံရေးဆိုပီး ပြန်ပြန်ခေါ်ခဲ့ပါတယ်
အခုတခါကျ ကျမလဲကြာတော့ စိတ်ကုန်နေပီလေ ခေါ်ရမှာဝန်လေးနေပီ
ဒါပေမဲ့တခါတခါသတိရတော့ ခုဒီစာကိုထရေးမိပီး group ထဲမှာအကြံညဏ်တောင်းချင်လာပါတယ်၊
LDRS ဖစ်တာကြောင့် s** ကိစ္စလည်းမဖစ်ခဲ့ပါဘူး။
– ကျမကသူ့ဘဝကို လွှမ်းမိုးခဲ့တာမှန်ပါတယ် ဒါပေမဲ့ အဲဒါက ၂ေယာက် လုံးရေရှည်အတွက်စဥ်းစားပြီး တိုးတက်စေချင်တဲ့စိတ်ကြောင့်ပါ။
( သူလဲသိပါတယ်), သူနဲ့ကျမကြားမှာခုချိန်မှာကွာခြားတာက
၁) ပညာအရည်အချင်း (ကောင်လေးကလဲအဝေးသင်းဘွဲ့ရထားပါတယ်)
(အတွေးအခေါ်တွေကကွာခြားပါတယ်ဒါပေမဲ့သူ့ကိုနားဝင်အောင်သေချာရှင်းပြ ရှေရေးအတွက်တွဲခေါ်ပေမဲ့ အခုနောင်ပိုင်းမှာ လုံးဝတွဲခေါ်မရအဆင်မပြေတာပါ)
၂) ပိုက်ဆံဝင်ငွေ ( အရင်ကသူဝင်ငွေကများတော့ ကျမကို မုန့်ဖိုးတွေပေးနိုင်ပါတယ် ခုချိန်ကျ ကျမကသူ့ထက်များပေမဲ့ သူ့ကိုလဲပြန်ထောက်ပံ့ပါတယ်
သူလဲဝင်ငွေကကောင်းပါတယ် ဒါပေမဲ့သူ့ဝင်ငွေ/ထွက်ငွေကို ခုနောက်ပိုင်းမှာ ကျမမသိရတော့ပါဘူး)
၃) LDRS (ကျမတို့ ၂ယောက်အားသာချက်အားနည်းချက်တွေကမတူပါဘူး ကျမက ညဏအားနဲ့အလုပ်လုပ်တက်ပီး သူကကာယအားနဲ့အသက်မွေးဝမ်းကြောင်းပြုရတာ ပိုပြီးအကျိုးရှိပါတယ်)
– ၂ယောက်လုံးက ၂၀၂၄ ကျရင်ယူမယ်တိုင်ပင်ထားတာပါ အခုနောက်ပိုင်းပြတ်တဲ့ကိစ္စကလဲ ယူဖို့တိုင်ပင်ရင်အမြဲရန်ဖစ်ရင်းနဲ့ block လိုက်ပြတ်လိုက်ဖစ်နေကြတာပါ။
သူမှာကယူဖို့ plan လုံးဝမရှိတာပါ ယူရင်လဲ သာမာန်ရိုးရိုးလေးပဲပွဲလုပ်ပိုက်ဆံအကုန်အကျသက်သာချင်တာပါ
ကျမကအဲကိစ္စပြောရင် ဘာလို့ငွေကုန်ခံမှာလဲရပီးမှ အကြွေးတွေတင်နေရင်ဘယ်လိုလုပ်မလဲအမြဲပြောတာပါ
( ကျမဖစ်စေချင်တာက ၂ေယာက်သား ဘယ်လိုကြိုးစားပြီး ခမ်းခမ်းနားနားဆောင်မယ်ဆိုတာပါပဲဆိုတာပါ
အဲစကားကိုလုံးဝထွက်မလာပါဘူး)
ဒီမေးခွန်းလေးကို အကြံညဏ်လေးချန်ထားပေးခဲ့ပါနော်
အစက ကျမဒါဆိုဒါပဲ ကျမသဘောစိတ်တိုင်းကျဆိူတဲ့ကောင်လေးက
ဘာလို့ခုချိန်ကျ ဘာလို့ပြောင်းလဲသွားရတာလဲ
ဖြေခဲ့ပေးကြပါနော်, ကျေးဇူးတင်ပါတယ်။
ကျမဘက်ကတော့ ကျမတဆင်မြင့်ရင်သူကိုတဆင့်မြင့်စေချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့
– ကျမကသူ့ဘဝကို လွှမ်းမိုးခဲ့တာမှန်ပါတယ် ဒါပေမဲ့ အဲဒါက ၂ယောက် လုံးရေရှည်အတွက်စဉ်းစားပြီး တိုးတက်စေချင်တဲ့စိတ်ကြောင့်ပါ။
( ကျမဖစ်စေချင်တာက ၂ယောက်သား ဘယ်လိုကြိုးစားပြီး ခမ်းခမ်းနားနားဆောင်မယ်ဆိုတာပါပဲဆိုတာပါ
အစက ကျမဒါဆိုဒါပဲ ကျမသဘောစိတ်တိုင်းကျဆိုတဲ့ကောင်လေးက