ညီမတို့ချစ်သူသက်တမ်း ၄နှစ်ပြည့်တော့မှာပါ သူကညီမထက် ၄နှစ်လောက်ကြီးပါတယ်
အခြားဖောက်ပြန်တာမျိုးလည်းမရှိပါဘူး ဂရုစိုက်ပေးပါတယ် တခါတလေအရမ်းကြီးချုပ်ချယ်သလိုခံစားလာရလို့ပါ
ပြောလိုက်ရင်သူကစိတ်ပူလို့ဆိုတဲ့ခေါင်းစဉ်အောက်ကမထွက်ပါဘူး
ညီမတို့ကအမြဲလိုလိုတွေ့နေတဲ့သူတေလည်းမဟုတ်ပါဘူး တပတ်တခါလောက်ပဲတွေ့ကြတာပါ
ပြီးတော့ ချစ်သူသက်တမ်း ၂နှစ် လောက်နဲ့ HS ဖြစ်ခဲ့ပါတယ်
သူ့ကို ၂လတခါနေခွင့်ပေးမယ်လို့အစတည်းကသဘောတူထားပြီးသားပါ
ဒါမဲ့ ၂လမပြည့်ခင်တောင်းဆိုလာတာမ်ျုးတေရှိပါတယ် S နေဖို့တော့မဟုတ်ပေမဲ့ introလိုမျိုးကို လုပ်ပေးစေချင်တဲ့သဘောမျိုးပါ
ညီမကလည်း ပြောထားတဲ့အချိန်မဟုတ်ပဲမလုပ်ပေးချင်ပါဘူး သူကလည်းလုံးဝအဆင်မပြေလို့တောင်းဆိုတာတဲ့
အဲ့အကြောင်းနဲ့စကားခနခနများရပါတယ် သူပြောတာကတော့ နစ်နာအောင်မလုပ်ဘူး
s အဆင့်ထိလည်းမသွားပဲ ဒါမျိုးတွေလုပ်ပေးသင့်တယ်တဲ့ တွဲလာတာလည်းကြာပြီမို့တဲ့
ညီမကလည်း ညီမဆန္ဒကို ဦးစားပေးစေချင်တာပါ
ရန်ဖြစ်ရင်းပြောတဲ့စကားက သူ့စကားကိုနားထောင်တဲ့မိန်းခလေးမျိုးကိုပဲလိုချင်တယ်တဲ့
သူထားရာနေစေရာသွားလိုမျိုးတဲ့ သူကကောင်းကောင်းမွန်မွန်ထားမယ် အထွန့်တက်တာမျိုးမလိုချင်ဘူးတဲ့လေ
ညီမမှာလည်း ငြင်းပိုင်ခွင့်တော့ရှိသင့်တာပေါ့မဟုတ်ဘူးလား
ချစ်လားမေးတော့လည်း မချစ်ဘူး သံယောဇဉ်တွေရှိတယ်တဲ့
အဲ့ဒါသူပြောသလိုနေနိုင်မှသူ့ဘဝထဲမှာဆက်နေပါတဲ့ မဟုတ်ရင်ထွက်သွားနိုင်တယ်တဲ့
ညီမဘယ်လိုလုပ်ရမလဲ သူက ညီမရဲ့ ပထမဦးဆုံးချစ်ဖူးသူပါ
သူကညီမဘဝရဲ့ ပထမဦးဆုံးဖြစ်နေတဲ့အတွက် လက်လွှတ်ဖို့ကို မလွှတ်ချနိုင်ဘူးဖြစ်နေပါတယ်
ညီမကိုယ်တိုင်ဝေခွဲမရဖြစ်နေတာက ညီမ sg life အနေနဲ့ပြန်ပြီးနေနိုင်ပါ့မလားဟင်
hs ဖြစ်ဖူးပြီးသားမို့ အခြားသူနဲ့လည်းထပ်မဖြစ်ချင် မချစ်ချင်တော့ဘူး သူနဲ့မှမဟုတ်ရင် ညီမကိုလက်ခံနိုင်မဲ့သူမရှိမှာစိုးတယ်
ယောကျာ်းမရနိုင်တော့ဘူး တစ်ယောက်တည်းပဲနေသွားရတော့မှာလို့ပဲအမြဲတွေးနေမိပါတယ်