ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၀၀

အကြံဉာဏ်လေးတောင်းချင်လို့ပါရှင်

ညီမအသက်က23ပါ ညီမကိုကြီးတစ်ယောက်ကိုသဘောကျနေမိပါတယ်

သူကအိမ်ထောင်ကွဲနေတာ၂နှစ်ရှိပါပြီ ပေပေတေတေထဲကမဟုတ်သလို လူရှုပ်လူပွေတစ်ယောက်လည်းမဟုတ်ပါဘူး

အလုပ်ကိုင်အတည်တကျလေးနဲ့ပါ သူလည်းညီမကိုသဘောကျနေတာပါ ဒါကို ညီမလည်းသိပါတယ်

သူကတော့ သူ့ဘဝကအမဲစက်ကြီးနဲ့မို့ဆိုပြီးရှေ့ဆက်တိုးမှာမဟုတ်ပါဘူးဆိုတယ့်အကြောင်းပြောပါတယ်

အဖေနဲ့အမေကသူ့အပေါ်အရမ်းကောင်းတော့ အရိပ်နေ”အခက်ချိုး”လုပ်တယ်လို့ အထင်ခံရမှာ ညီမမိဘတွေ မေတ္တာပျက်မှာ သူအရမ်းကြောက်ပါတယ်

ညီမသူ့ကိုချစ်ပါတယ် အိမ်ကသဘောမတူဘူးဆိုရင်တောင် ညီမသူ့အပေါ်ထားတယ့်စိတ်ကပြောင်းလဲမှာမဟုတ်ပါဘူး

သူကိုယ်တိုင်လည်းအဲ့အကြောင်းပြချက်ကြီးနဲ့ ရှောင်ပြေးနေတာ ညီမရင်ထဲကသိကအောက်ဖြစ်ရပါတယ်

ညီမဘာဆက်လုပ်ရမလဲ တခြားဘယ်သူ့ကိုမှညီမသဘောကျလို့မရပါဘူး

ဘာဆက်လုပ်လို့လုပ်ရမှန်းလဲမသိတော့ပါဘူးရှင်









