ကျွန်မအကြောင်းလေးရင်ဖွင့်ချင်လို့ပါ
12. 2. 2023 ဆိုရင်သူနဲ့ကျွန်မချစ်သူသက်တမ်း 4 နှစ်ပြည့်မှာပါ
ဒါပေမဲ့ အဲ့ရက်မရောက်ခင်မှာပဲ 7.1.2023 ရက်နေ့မှာသူ့ဖက်ကလမ်းခွဲဖို့ကျွန်မကိုပြောခဲ့ပါတယ်
အကြောင်းပြချက်ကတော့ သူ့မှာကျွန်မထက်ချစ်ရမဲ့သူရှိနေပီတဲ့လေ
အဲ့လိုစကားကြားလိုက်ရတဲ့အချိန်မှာ ကျွန်မရင်တေကွဲမတက်သေလောက်အောင်ခံစားရပါတယ်
ကျွန်မသူ့ကိုသိပ်ချစ်ခဲ့တယ်လေကျွန်မဖက်ကသစ္စာရှိရှိချစ်ပေးခဲ့ပေမဲ့သူ့ဖက်ကစပီးသစ္စာဖောက်ခဲ့တယ်
ဒါပေမဲ့ကျွန်မသူ့ကိုမုန်းလို့လည်းမရသလို မေ့လို့လည်းမရ စိတ်နာလို့လည်းမရဘူးဖြစ်နေတယ်
သူနဲ့ကျွန်မအတူနေလာခဲ့တာ 4 နှစ်တောင်လေ
ကျွန်မသု့အပေါ်ထားတဲ့သံယောဇဥ်ကိုဘယ်လိုမှမဖြတ်နိုင်ဘူးဖြစ်နေတယ်
သူက Tom boy တစ်ယောက်ပါ
ကျွန်မဖက်ကသူ့ရဲ့ဖြစ်တည်မှူ့တိုင်းကိုလက်ခံပီးချစ်ပေးခဲ့ပေမဲ့ အခုတော့သူကကျွန်မကိုထားသွားခဲ့တယ်လေ
ကျွန်မသူ့ကိုသိပ်ချစ်တာကိုသူ့ကိုနားလည်စေချင်လိုက်တာ
ကျွန်မတို့အရင်ကတော့သိပ်ချစ်ခဲ့ကြပါတယ် ကျွန်မတို့နှစ်ယောက်အပြင် တတိယလူဝင်မလာခင်အချိန်ထိပေါ့
သူကိုကျွန်မက ကိုကိုပြည့်လို့ခေါ်ပီး သူကကျွန်မကို မိဂွက် လို့ချစ်စနိုးနဲ့ခေါ်ခဲ့ကြတာလေ
အခုတော့ ကျွန်မတို့ရဲ့ပျှော်ရွှင်ကြည်နူးမှု့တေကိုတတိယလူကဖြတ်ဆီးပစ်လိုက်တယ်လေ
ကျွန်မရင်တေကွဲမတက်ခံစားနေရတာကို ကျွန်မရဲ့ ကိုကိုပြည့်ကိုသိစေချင်လိုက်တာ
သူက Tom boy တစ်ယောက်ပါ