မိန်းမတယောက်ရဲ့မာန က သူသိပ်ချစ်တဲ့သူ့ကလေးတွေနဲ့ယှဉ်လိုက်ရင်ဘာမှမဟုတ်တော့ဘူး
ခံစားချက်ကိုဦးစားပေးတဲ့အမေတွေထဲမှာတော့ကလေးတို့မေမေမပါခဲ့ပါဘူး
ယောက်ျားဖောက်ပြန်နေတာကိုသိပေမယ့် ကလေးတွေစိတ်ဆင်းရဲမှာစိုးလို့ ရန်မဖြစ်ခဲ့ဘူး
ဒီလိုမျိုသိပ်နေတော့သူတို့ကပိုပြီးဖောက်ပြန်ကြတယ်
ဟိုဘက်ကမိန်းခလေးကလည်းကလေးအဖေ သားကြီးမယာကြီးရှိမှန်းသိရဲ့သားနဲ့လက်ခံတယ်
ဘယ်လိုစိတ်ဓာတ်တွေလည်းမသိဘူး အဲဒီမိန်းကလေးမှာကိုယ်ချင်းစာတရားမရှိဘူးထင်တယ်
ကျမလေ တခါပေါက်ကွဲဖူးတယ်
ကလေးသုံးယောက်လုံးမျက်ရည်နဲ့မျက်ခွက် မေမေရယ်ထွက်မသွားပါနဲ့
မေမေ့ကိုမခွဲနိူင်ဘူးဆိုပီးငိုကြတာ ကလေးတွေကိုသနားလိုက်တာ
ကျမကလေးတွေငိုတော့ကျမ မခံစားနိူင်ဘူး ထွက်မသွားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်
ကျမကလေးတွေကိုစိတ်မဆင်းရဲစေချင်ဘူးလေ သူတို့ရှေ့မှာလည်းရန်မဖြစ်ချင်ဘူး
ခုဆိုအိမ်ထောင်သက်18နှစ်ပြည့်တော့မယ်
ဒီလောင်ဆိုနာကျင်ခံစားရတာတွေလုံလောက်ပီလို့ထင်ပါတယ်
ကျမလွှတ်ချချင်နေပီ ကလေးတွေကိုလဲမိတကွဲဖတကွဲ မနေစေချင်ဘူး
ဟိုဖက်ကမိန်းကလေးကိုလည်းအရှက်မခွဲခဲ့ပါဘူး
ကိုယ့်ယောကျားကမကောင်းတာလေ ကျမကိုကွါပေးဖို့အကြိမ်ကြိမ်ပြောခဲ့ညှိခဲ့ပေမယ့်မကွါပေးဘူး
ခလေးနွေရှိသေးတယ်တဲ့ ဂရုစိုက်ပေးတယ်သူ့တာဝန်တွေလည်းဘာတခုမမပျက်ကွက်ခဲ့ပါဘူး
ဒါပေမယ်ကျမသူအနားမှာမနေချင်တော့ဘူး
အမျိုးသမီးလေးတွေကိုပြောချင်ပါတယ်
ယောကျာ်းတယောက်ပြောတာယုံပီး ကိုယ့်ဘဝကိုမနှစ်မြုတ်လိုက်ပါနဲ့
အလွယ်တကူအိမ်ထောင်မပြုလိုက်ပါနဲ ကလေးရလာရင်ဆုံးဖြတ်ရတာပိုခက်ခဲတယ်
မေမေ့ကိုမခွဲနိုင်ဘူးဆိုပီးငိုကြတာ ကလေးတွေကိုသနားလိုက်တာ
ကျမကလေးတွေငိုတော့ကျမ မခံစားနိုင်ဘူး ထွက်မသွားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်