ကလေးတစ်ယောက်ရှိပါတယ် ကျမယောကျားက ကားသမားပါ
ကျမကကလေးမုန့်ဖိုးရအောင် နေ့စားလိုက်ပါတယ်
တနေ့၃ထောင်ပါ နေ့တိုင်းမရှိပါဘူး
ကျမယောကျားက ကျမဗိုက်ကြီးတုန်းကတခါ ဖောက်ပြန်ဖူးပါတယ်
ရည်းစားဟောင်းနဲ့ဖုန်းပြောတာမိခဲ့ပါတယ် နောက်မလုပ်တော့ပါဘူးတဲ့
အခုကလေး နှစ်နှစ်ပြည့်ပါပီ( သူကကားတစ်ခေါက်တစ်ခေါက်ဆင်းရင်၁၀ရက်ကြာပါတယ်)
ကားပြန်လာတဲ့ညက ဖဲဂိမ်းဆော့နေတာ ပြုံးပီးဆော့နေတာနဲ့
ဂိမ်းဆော့တာ ဘာလို့ပြုံးနေလဲမေးတော့ ဘာမဟုတ်ဘူးတဲ့ဆိုပီးဆက်ဆော့တာ
ည၁၂ထိ သူအိပ်ပျော်တဲ့ထိ ကျမစောင့်ပီး phခိုးကြည့်တော့ ကျမ ရင်တေကွဲလုမတတ်ပဲ ။
သူကောင်မလေးတျောက်ကိုဖဲဂိမ်းထဲမှာ ချစ်တဲ့အကြောင်းတေ စီရေးထားတာ
နှစ်ယောက်တစ်ဘဝထူထောင်ဖို့စိတ်ကူးထားကြောင်း လက်ထပ်ဖို့ထိ စိတ်ကူးထားကြောင်း
နေပြည်တော်ရောက်ရင်မင်းကိုရူးမတတ်လွမ်းကြောင်း ခံစားရတယ်ဆိုတဲ့အကြောင်း
ကောင်မလေးက လက်မခံပါဘူး ဘာလို့ဆို အရင်ကအဲကောင်မလေးဖုန်းလာတုန်းက ကျမကိုင်ပီးမိန်းမကလေးရှိကြောင်းပြောပြထားတော့
သူမက ထပ်မပတ်သက်ဘူးကတိပေးထားလို့လေ
ကျမယောကျာ်းက ဂိမ်းထဲမှာအဲကောင်မလေးမီးစိမ်းတာမြင်နေရရင်ပျော်နေတယ်ထင်ပါရဲ့
အဲကောင်မလေးသာ လက်ခံရင် ကျမယျောကျားကောက်ကောက်ပါအောင်လိုက်သွားးမယ့်လူမျိုး
ခုတော့ကွာရှင်းပေးးဖို့ပြောထားပါပီ
သူကတော့မကွာပေးပါဘူးတဲ့
ငါးနှစ်ကောင် လွတ်တော့မယ်ဆိုတော့ဘယ်ကွာပေးပါ့မလဲ
ကျမရော ဒီလိုလူမျိုးကို ဆက်မပေါင်းနိုင်တာ ကျမ မှားလားရှင့်
အကြံပေးပါ ကျေးဇူးတင်ပါတယ်ရှင့် မိန်းမသားတို့ရင်ဖွင့်ရာ